၂၀၂၀ ခုနှစ် ဘောလွန်းဒီအောဆုအတွက် လီဝန်ဒေါစကီးထက် နူအာကို ပဲ ရွေးချယ်သွားမယ်လို့ ဆိုလိုက်တဲ့ဂျာမနီနည်းပြ ဂျိုအာချင်လို

ဂျာမနီနည်းပြဂျိုအာချင်လိုက ၂၀၂၀ခုနှစ် ဘောလွန်းဒီအောဆုအတွက် ရေပန်းစားနေတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးထက် ဂိုးသမား နူအာကိုပဲ မဲပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၄၇) ပွဲကစားထားပြီး (၅၅) ဂိုးသွင်းယူကာ ရေပန်းစားခဲ့သူဖြစ်ပါတယ်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဒီနှစ်ဘောလွန်းဒီအောဆုပေးပွဲကို ကျင်းပမှာ မဟုတ်ဘူးလို့ ကြေညာသွားခဲ့ပါတယ်။

သို့သော်လည်း ဂျာမနီနည်းပြ ဂျိုအာချင်လိုက ဘိုင်ယန်မြူးနစ် ဂိုးသမား နူအာကိုပဲ ဒီနှစ်အတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်သွားခဲ့တာဖြစ်ပါတယ်။

“နူအာက ၂၀၁၉-၂၀ ဘောလုံးရာသီမှာ အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။ သူဟာ သူ့အဆင့်အတန်းကို ပြသခဲ့တာပါ။ လုံး၀ မယုံနိုင်စရာပါပဲ။ လီဝန်ဒေါစကီး နဲ့ ပတ်သက်ပြီး ဘာမှငြင်းစရာလည်း မရှိပါဘူး။ သူကလည်း ကမ္ဘာ့အဆင့် ဂိုးသွင်းရှင်ဖြစ်ပေမယ့် ကျွန်တော့်အတွက်တော့ နူအာက အကောင်းဆုံးဖြစ်ပါတယ်။ သူ လစ္စဘွန်းမှာ လုပ်ပြနိုင်ခဲ့တာက မယုံနိုင်စရာပါပဲ။

သူဟာ လိုင်ယွန် နဲ့ ပီအက်စ်ဂျီအသင်းတို့နဲ့ ပွဲမှာ ခက်ခဲတဲ့ အနေအထားတွေမှာတောင် ကာကွယ်မှုတွေလုပ်ခဲ့ပါတယ်။ သူသာ မကာကွယ်နိုင်ခဲ့ရင် ဝ-၁ ၊ ၁-၁ ဖြစ်သွားမှာပါ” လို့ ဂျိုအာချင်လိုက Kicker ကို ပြောသွားခဲ့ပါတယ်။

နူအာဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် (၅၁) ပွဲကစားပေးခဲ့ပြီး (၂၂) ပွဲပေးဂိုးမရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလားရအောင် အဓိက စွမ်းဆောင်ပေးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

၂၀၂၀ ခုႏွစ္ ေဘာလြန္းဒီေအာဆုအတြက္ လီဝန္ေဒါစကီးထက္ ႏူအာကို ပဲ ေ႐ြးခ်ယ္သြားမယ္လို႔ ဆိုလိုက္တဲ့ဂ်ာမနီနည္းျပ ဂ်ိဳအာခ်င္လို

ဂ်ာမနီနည္းျပဂ်ိဳအာခ်င္လိုက ၂၀၂၀ခုႏွစ္ ေဘာလြန္းဒီေအာဆုအတြက္ ေရပန္းစားေနတဲ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝန္ေဒါစကီးထက္ ဂိုးသမား ႏူအာကိုပဲ မဲေပးသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။တိုက္စစ္မႉး လီဝန္ေဒါစကီးဟာ ၂၀၁၉-၂၀ ေဘာလုံးရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ (၄၇) ပြဲကစားထားၿပီး (၅၅) ဂိုးသြင္းယူကာ ေရပန္းစားခဲ့သူျဖစ္ပါတယ္။ သို႔ေသာ္လည္း ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ဒီႏွစ္ေဘာလြန္းဒီေအာဆုေပးပြဲကို က်င္းပမွာ မဟုတ္ဘူးလို႔ ေၾကညာသြားခဲ့ပါတယ္။

သို႔ေသာ္လည္း ဂ်ာမနီနည္းျပ ဂ်ိဳအာခ်င္လိုက ဘိုင္ယန္ျမဴးနစ္ ဂိုးသမား ႏူအာကိုပဲ ဒီႏွစ္အတြက္ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္သြားခဲ့တာျဖစ္ပါတယ္။

“ႏူအာက ၂၀၁၉-၂၀ ေဘာလုံးရာသီမွာ အေကာင္းဆုံး စြမ္းေဆာင္ေပးခဲ့ပါတယ္။ သူဟာ သူ႔အဆင့္အတန္းကို ျပသခဲ့တာပါ။ လုံး၀ မယုံႏိုင္စရာပါပဲ။ လီဝန္ေဒါစကီး နဲ႔ ပတ္သက္ၿပီး ဘာမွျငင္းစရာလည္း မရွိပါဘူး။ သူကလည္း ကမာၻ႔အဆင့္ ဂိုးသြင္းရွင္ျဖစ္ေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ ႏူအာက အေကာင္းဆုံးျဖစ္ပါတယ္။ သူ လစၥဘြန္းမွာ လုပ္ျပႏိုင္ခဲ့တာက မယုံႏိုင္စရာပါပဲ။

သူဟာ လိုင္ယြန္ နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔နဲ႔ ပြဲမွာ ခက္ခဲတဲ့ အေနအထားေတြမွာေတာင္ ကာကြယ္မႈေတြလုပ္ခဲ့ပါတယ္။ သူသာ မကာကြယ္ႏိုင္ခဲ့ရင္ ဝ-၁ ၊ ၁-၁ ျဖစ္သြားမွာပါ” လို႔ ဂ်ိဳအာခ်င္လိုက Kicker ကို ေျပာသြားခဲ့ပါတယ္။

ႏူအာဟာ ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ (၅၁) ပြဲကစားေပးခဲ့ၿပီး (၂၂) ပြဲေပးဂိုးမရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလားရေအာင္ အဓိက စြမ္းေဆာင္ေပးခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။