အောင်ပွဲခံဖို့ မေ့ပြီး နေမာကို နှစ်သိမ့်ခဲ့ရခြင်း အကြောင်းကို ရှင်းပြခဲ့တဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာ

ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာက ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ အသင်းအနေနဲ့ ချန်ပီယံဖြစ်ခဲ့ပေမယ့် အောင်ပွဲခံဖို့ ထက် ငိုကြွေးနေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို နှစ်သိမ့်နေခဲ့ရတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းသားတွေအနေနဲ့ အောင်ပွဲခံနေခဲ့ပေမယ့် အလာဘာကတော့ နေမာကို နှစ်သိမ့်နေခဲ့တဲ့ပုံကို မီဒီယာ တွေက ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။


ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နေမာအနေနဲ့ ပီအက်စ်ဂျီအတွက် ဂိုးသွင်းခွင့်ရခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာက လက် စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ အလာဘာအနေနဲ့ အသင်းရဲ့ အောင်ပွဲအတွက် လက်ခုပ်တီးခဲ့ပေမယ့် အောင်ပွဲခံဖို့ မေ့နေပြီး သူအတွက် ကစားသမားကောင်းလို့ သတ်မှတ်ထားတဲ့ နေ မာရဲ့ ဝန်ထုတ်ဝန်ပိုး လျော့ကျဖို့အတွက် နှစ်သိမ့်နေခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


FC Bayern Podcast ကနေ အလာဘာက “ နေမာက ဖိအားတွေအများကြီးကို ထမ်းပြီးကစားနေရတဲ့ ကစားသမားတစ် ယောက်ပါ။သူမှာ အသင်းတစ်သင်းလုံးကို ဦးဆောင်နေရတဲ့ ဝန်ထုပ်ဝန်ပိုးလည်းရှိနေပါတယ်။သူမျက်နှာမှာ အပြုံးရှိနေမှ အသင်းက အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။ဒါက အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပြီး ဒီလိုစွမ်းဆောင်နိုင်တဲ့ ကစားသ မားမျိုးကို ကျွန်တော်တို့ ချစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားအပါအဝင် တစ်ရာသီအတွင်း ဖလား ၃လုံးကို ဒုတိယအကြိမ် ရရှိခဲ့ တာကြောင့် အလာဘာက အံသြခဲ့ရကြောင်းလည်း ပြောခဲ့ပါတယ်။ အလာဘာက “ ကျွန်တော်အနေနဲ့ ဖော်မပြနိုင်လောက် အောင် ပျော်ရွှင်မိပါတယ်။ အသင်းနဲ့အတူ ဖလား ၃ လုံးချန်ပီယံအဖြစ် နှစ်ကြိမ်ရယူနိုင်ခဲ့တာကြောင့် ကျေးဇူးတင်သင့်တဲ့ သူ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ေအာင္ပြဲခံဖို႔ ေမ့ၿပီး ေနမာကို ႏွစ္သိမ့္ခဲ့ရျခင္း အေၾကာင္းကို ရွင္းျပခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ အလာဘာ
ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ အလာဘာက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအၿပီးမွာ အသင္းအေနနဲ႔ ခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ေအာင္ပြဲခံဖို႔ ထက္ ငိုေႂကြးေနတဲ့ ပီအက္စ္ဂ်ီတိုက္စစ္မွဴးေနမာကို ႏွစ္သိမ့္ေနခဲ့ရတဲ့ အေၾကာင္းရင္းကို ရွင္းျပခဲ့ပါတယ္။ ပြဲၿပီးဆံုးခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္အသင္းသားေတြအေနနဲ႔ ေအာင္ပြဲခံေနခဲ့ေပမယ့္ အလာဘာကေတာ့ ေနမာကို ႏွစ္သိမ့္ေနခဲ့တဲ့ပံုကို မီဒီယာ ေတြက ေဖာ္ျပခဲ့ၾကတာ ျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေနမာအေနနဲ႔ ပီအက္စ္ဂ်ီအတြက္ ဂိုးသြင္းခြင့္ရခဲ့ေပမယ့္ ဘိုင္ယန္ျမဴးနစ္ဂိုးသမား ႏူအာက လက္ စြမ္းျပ ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ဘိုင္ယန္ျမဴးနစ္တို႔ ခ်န္ပီယံျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ အလာဘာအေနနဲ႔ အသင္းရဲ႕ ေအာင္ပြဲအတြက္ လက္ခုပ္တီးခဲ့ေပမယ့္ ေအာင္ပြဲခံဖို႔ ေမ့ေနၿပီး သူအတြက္ ကစားသမားေကာင္းလို႔ သတ္မွတ္ထားတဲ့ ေန မာရဲ႕ ဝန္ထုတ္ဝန္ပိုး ေလ်ာ့က်ဖို႔အတြက္ ႏွစ္သိမ့္ေနခဲ့တာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။
FC Bayern Podcast ကေန အလာဘာက “ ေနမာက ဖိအားေတြအမ်ားႀကီးကို ထမ္းၿပီးကစားေနရတဲ့ ကစားသမားတစ္ ေယာက္ပါ။သူမွာ အသင္းတစ္သင္းလံုးကို ဦးေဆာင္ေနရတဲ့ ဝန္ထုပ္ဝန္ပိုးလည္းရွိေနပါတယ္။သူမ်က္ႏွာမွာ အျပံဳးရွိေနမွ အသင္းက အေကာင္းဆံုးလုပ္ေဆာင္ႏိုင္မွာပါ။ဒါက အေရးႀကီးတဲ့အခ်က္တစ္ခ်က္ျဖစ္ၿပီး ဒီလိုစြမ္းေဆာင္ႏိုင္တဲ့ ကစားသ မားမ်ိဳးကို ကြ်န္ေတာ္တို႔ ခ်စ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဖလားအပါအဝင္ တစ္ရာသီအတြင္း ဖလား ၃လံုးကို ဒုတိယအႀကိမ္ ရရွိခဲ့ တာေၾကာင့္ အလာဘာက အံၾသခဲ့ရေၾကာင္းလည္း ေျပာခဲ့ပါတယ္။ အလာဘာက “ ကြ်န္ေတာ္အေနနဲ႔ ေဖာ္မျပႏိုင္ေလာက္ ေအာင္ ေပ်ာ္ရႊင္မိပါတယ္။ အသင္းနဲ႔အတူ ဖလား ၃ လံုးခ်န္ပီယံအျဖစ္ ႏွစ္ႀကိမ္ရယူႏိုင္ခဲ့တာေၾကာင့္ ေက်းဇူးတင္သင့္တဲ့ သူ အားလံုးကို ေက်းဇူးတင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။