ကစားသမားကောင်းတွေကို အသင်းကနေ ဆုံးရှုံးဖို့ ရှိနေတယ်ဆိုပြီး ပြောခဲ့တဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖိလစ်

ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားအပါအဝင် တစ်ရာသီအတွင်း ဖလား ၃လုံးရယူနိုင်ခဲ့တဲ့ နည်းပြ ဟန်ဆီဖိလစ်က လာမယ့်ရာသီအတွက် အသင်းမှာရှိတဲ့ကစားသမားကောင်းတွေကို ဆုံးရှုံးရဖို့ ရှိနေတယ်ဆိုပြီး ပြောခဲ့ပါ တယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ ရှိနေတဲ့ အဲလ်ကန်တာရာ၊ အဌားခေါ်ထားတဲ့ ပါရီဆစ်နဲ့ ကော်တင်ဟို တို့ကို ဆုံးရှုံးရဖို့ ရှိနေတာကို ရည်ရွယ်ပြီး ဟန်ဆီဖိလစ်က ပြောခဲ့တာဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းစီအီးအို ရူမင်နစ်ကီက စာချုပ်သစ်ထပ်မံချုပ်ဆိုတော့မှာ မဟုတ်ဘူးလို့ ပြောထားတာကြောင့် ကွင်း လယ်လူ အဲလ်ကန်တာရာအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ သေချာသလောက်ရှိနေပါတယ်။ အင်တာ မီလန်က ပါရီဆစ်နဲ့ ဘာစီလိုနာက ကော်တင်ဟိုတို့ကလည်း အဌားသက်တမ်းပြည့်တာကြောင့် သက်ဆိုင်ရာအသင်းတွေ ကို ပြန်လည်ရောက်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။


Die Zeit ကနေတဆင့် ဟန်ဆီဖိလစ်က “ ပြီးခဲ့တဲ့ရာသီက အသင်းအနေနဲ့ ချန်ပီယံဆုဖလားတွေရခဲ့ပြီး အောင်မြင်မှုရခဲ့ တယ်ဆိုပေမယ့် ကစားသမားကောင်းတွေကို ဆုံးရှုံးထားရတာကြောင့် လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေပြုလုပ်သွားဖို့ ရှိနေပါတယ်။အောင်မြင်မှုဆိုတာ ကိုယ်ပိုင်တဲ့အရာမဟုတ်ပါဘူး။ ဌားယူထားတဲ့အရာဖြစ်တာမို့ လာမယ့်ရာသီတွေမှာလည်း အောင်မြင်မှုရဖို့ အတွက်လုပ်ဆောင်သွားပါမယ်” လို့ ပြောခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်အနေနဲ့ အဌားခေါ်ယူထားတဲ့ ပါရီဆစ်နဲ့ ကော်တင်ဟို တို့ထဲက ပါရီဆစ်ကို အပြီးသတ်ခေါ်ယူဖို့အတွက် လုပ်ဆောင်နေတယ်လို့ သိရပြီး ကော်တင်ဟိုကိုတော့ သူရဲ့ပြောင်းရွှေ့ကြေးကြောင့် ခေါ်ယူမှာမဟုတ်ဘူးလို့ သိရပါတယ်။ ပါရီဆစ်ကို ဘိုင်ယန်မြူးနစ်ဟာ ပေါင် သန်း ၂၀ ဝန်းကျင်နဲ့ခေါ်ယူနိုင်မှာဖြစ်ပေမယ့် ကော်တင်ဟိုကို ခေါ်ယူမယ်ဆိုရင် တော့ ပေါင်သန်း ၁၀၀ နဲ့အထက်မှာ ပေးချေးရဖို့ ရှိနေတာ ဖြစ်ပါတယ်။

zawgyi version

ကစားသမားေကာင္းေတြကို အသင္းကေန ဆံုးရႈံးဖို႔ ရွိေနတယ္ဆိုၿပီး ေျပာခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီဖိလစ္
ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားအပါအဝင္ တစ္ရာသီအတြင္း ဖလား ၃လံုးရယူႏိုင္ခဲ့တဲ့ နည္းျပ ဟန္ဆီဖိလစ္က လာမယ့္ရာသီအတြက္ အသင္းမွာရွိတဲ့ကစားသမားေကာင္းေတြကို ဆံုးရႈံးရဖို႔ ရွိေနတယ္ဆိုၿပီး ေျပာခဲ့ပါ တယ္။ ဘိုင္ယန္ျမဴးနစ္အေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔ ရွိေနတဲ့ အဲလ္ကန္တာရာ၊ အဌားေခၚထားတဲ့ ပါရီဆစ္နဲ႔ ေကာ္တင္ဟို တို႔ကို ဆံုးရႈံးရဖို႔ ရွိေနတာကို ရည္ရြယ္ၿပီး ဟန္ဆီဖိလစ္က ေျပာခဲ့တာျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းစီအီးအို ႐ူမင္နစ္ကီက စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆိုေတာ့မွာ မဟုတ္ဘူးလို႔ ေျပာထားတာေၾကာင့္ ကြင္း လယ္လူ အဲလ္ကန္တာရာအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းေျပာင္းဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။ အင္တာ မီလန္က ပါရီဆစ္နဲ႔ ဘာစီလိုနာက ေကာ္တင္ဟိုတို႔ကလည္း အဌားသက္တမ္းျပည့္တာေၾကာင့္ သက္ဆိုင္ရာအသင္းေတြ ကို ျပန္လည္ေရာက္ရွိသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။
Die Zeit ကေနတဆင့္ ဟန္ဆီဖိလစ္က “ ၿပီးခဲ့တဲ့ရာသီက အသင္းအေနနဲ႔ ခ်န္ပီယံဆုဖလားေတြရခဲ့ၿပီး ေအာင္ျမင္မႈရခဲ့ တယ္ဆိုေပမယ့္ ကစားသမားေကာင္းေတြကို ဆံုးရႈံးထားရတာေၾကာင့္ လာမယ့္ရာသီအတြက္ ျပင္ဆင္မႈေတြျပဳလုပ္သြားဖို႔ ရွိေနပါတယ္။ေအာင္ျမင္မႈဆိုတာ ကိုယ္ပိုင္တဲ့အရာမဟုတ္ပါဘူး။ ဌားယူထားတဲ့အရာျဖစ္တာမို႔ လာမယ့္ရာသီေတြမွာလည္း ေအာင္ျမင္မႈရဖို႔ အတြက္လုပ္ေဆာင္သြားပါမယ္” လို႔ ေျပာခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္အေနနဲ႔ အဌားေခၚယူထားတဲ့ ပါရီဆစ္နဲ႔ ေကာ္တင္ဟို တို႔ထဲက ပါရီဆစ္ကို အၿပီးသတ္ေခၚယူဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ သိရၿပီး ေကာ္တင္ဟိုကိုေတာ့ သူရဲ႕ေျပာင္းေရႊ႕ေၾကးေၾကာင့္ ေခၚယူမွာမဟုတ္ဘူးလို႔ သိရပါတယ္။ ပါရီဆစ္ကို ဘိုင္ယန္ျမဴးနစ္ဟာ ေပါင္ သန္း ၂၀ ဝန္းက်င္နဲ႔ေခၚယူႏိုင္မွာျဖစ္ေပမယ့္ ေကာ္တင္ဟိုကို ေခၚယူမယ္ဆိုရင္ ေတာ့ ေပါင္သန္း ၁၀၀ နဲ႔အထက္မွာ ေပးေခ်းရဖို႔ ရွိေနတာ ျဖစ္ပါတယ္။