ချန်ပီယံလိဂ်ဖလားနဲ့ အတူ သူရဲ့ဗလကြီးကိုပါ ထုတ်ကြွားခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကစားသမား ဂိုရက်စ်ကာ

ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ရယူနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဂိုရက်စ်ကာအနေနဲ့ သူရဲ့ကိုယ်ခန္ဓာ ကြံ ခိုင်မှုကို ပြတဲ့အနေနဲ့ အပေါ်ပိုင်းကိုယ်ဗလာနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုင်ထားတဲ့ပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့တယ်လို့ သိရပါတယ်။ဂိုရက်စ်ကာအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေမကစားရတဲ့အချိန်မှာ သူရဲ့ခန္ဓာကိုယ်တောင့် တင်းဖို့ အတွက် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ဂိုရက်စ်ကာရဲ့ အသင်းဟောင်းကစားဖော်ဖြစ်တဲ့ ရှော်ကေးကစားသမား နျူစတက်ဒ်တာကတော့ ဂိုရက်စ်ကာရဲ့ပို့စ်အောက် မှာ အခုလိုပြောင်းလဲသွားအောင်လုပ်ဆောင်ခဲ့ပုံတွေကို ရေးပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ နျူစတက်ဒ်တာက “ သူရဲ့ပြောင်းလဲသွားတဲ့ ကိုယ်ခန္ဓာကို ကျွန်တော်မြင်ပြီးပါပြီ။ သူဆီကို တိုက်ရိုက်ဆက်သွယ်ခဲ့ပြီး သူလုပ်ခဲ့တဲ့လေ့ကျင့်ခန်း အစီအစဉ်တွေ ပို့ပေးဖို့ တောင်းဆိုခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။


အသက် ၂၅ နှစ်ပဲရှိသေးတဲ့ ဂိုရက်စ်ကာဟာ ရှော်ကေးကနေ ဘိုင်ယန်မြူးနစ်ကို ၂၀၁၈ ခုနှစ်နွေရာသီအပြောင်းအရွှေ့ တုန်းက ၄နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ နှစ်ရာသီအတွင်းမှာ ဘိုင်ယန်မြူးနစ်အတွက် ဂိုရက်စ်ကာအနေနဲ့ ပြိုင် ပွဲစုံ ပွဲ ၈၀ ကစားထားပြီး သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဂိုရက်စ်ကာဟာ ရှော်ကေးမှာ ၅ရာသီကြာကစားခဲ့ ပြီးမှ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာခဲ့သူလည်း ဖြစ်ပါတယ်။


ဂိုရက်စ်ကာရဲ့ ခန္ဓာကိုယ်ပြောင်းလဲသွားမှုကို Captain America ဇာတ်လမ်းထဲက Super Soldier Serum နဲ့ တူတယ်ဆို ပြီး ခိုင်းနှိုင်းဖော်ပြမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးပရိသတ်တစ်ဦးကတော့ အသင်းမှာရှိတဲ့ကစားသမားတွေဖြစ် တဲ့ ခရစ္စတန်ဆန်၊အေဘရာဟမ်နဲ့ ဂျော်ဂျင်ဟို တို့အနေနဲ့ ခန္ဓာကိုယ်တောင့်တင်းဖို့အတွက် ဂိုရက်စ်ကာ လေ့ကျင့်ခဲ့သလို လေ့ကျင့်သင့်တယ်ဆိုပြီး အကြံပေးခဲ့တယ်လို့ သိရပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္ဖလားနဲ႔ အတူ သူရဲ႕ဗလႀကီးကိုပါ ထုတ္ႂကြားခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ကစားသမား ဂိုရက္စ္ကာ
ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ရယူႏိုင္ခဲ့တဲ့ ကြင္းလယ္ကစားသမား ဂိုရက္စ္ကာအေနနဲ႔ သူရဲ႕ကိုယ္ခႏၶာ ၾကံ ခိုင္မႈကို ျပတဲ့အေနနဲ႔ အေပၚပိုင္းကိုယ္ဗလာနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကိုင္ထားတဲ့ပံုကို ဆိုရွယ္မီဒီယာမွာ တင္ခဲ့တယ္လို႔ သိရပါတယ္။ဂိုရက္စ္ကာအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဘာလံုးပြဲေတြမကစားရတဲ့အခ်ိန္မွာ သူရဲ႕ခႏၶာကိုယ္ေတာင့္ တင္းဖို႔ အတြက္ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ဂိုရက္စ္ကာရဲ႕ အသင္းေဟာင္းကစားေဖာ္ျဖစ္တဲ့ ေရွာ္ေကးကစားသမား ႏ်ဴစတက္ဒ္တာကေတာ့ ဂိုရက္စ္ကာရဲ႕ပို႔စ္ေအာက္ မွာ အခုလိုေျပာင္းလဲသြားေအာင္လုပ္ေဆာင္ခဲ့ပံုေတြကို ေရးေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ႏ်ဴစတက္ဒ္တာက “ သူရဲ႕ေျပာင္းလဲသြားတဲ့ ကိုယ္ခႏၶာကို ကြ်န္ေတာ္ျမင္ၿပီးပါၿပီ။ သူဆီကို တိုက္႐ိုက္ဆက္သြယ္ခဲ့ၿပီး သူလုပ္ခဲ့တဲ့ေလ့က်င့္ခန္း အစီအစဥ္ေတြ ပို႔ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အသက္ ၂၅ ႏွစ္ပဲရွိေသးတဲ့ ဂိုရက္စ္ကာဟာ ေရွာ္ေကးကေန ဘိုင္ယန္ျမဴးနစ္ကို ၂၀၁၈ ခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕ တုန္းက ၄ႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။ ႏွစ္ရာသီအတြင္းမွာ ဘိုင္ယန္ျမဴးနစ္အတြက္ ဂိုရက္စ္ကာအေနနဲ႔ ၿပိဳင္ ပြဲစံု ပြဲ ၈၀ ကစားထားၿပီး သြင္းဂိုး ၁၇ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ပါတယ္။ ဂိုရက္စ္ကာဟာ ေရွာ္ေကးမွာ ၅ရာသီၾကာကစားခဲ့ ၿပီးမွ ဘိုင္ယန္ျမဴးနစ္ကို ေရာက္ရွိလာခဲ့သူလည္း ျဖစ္ပါတယ္။
ဂိုရက္စ္ကာရဲ႕ ခႏၶာကိုယ္ေျပာင္းလဲသြားမႈကို Captain America ဇာတ္လမ္းထဲက Super Soldier Serum နဲ႔ တူတယ္ဆို ၿပီး ခိုင္းႏႈိင္းေဖာ္ျပမႈေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးပရိသတ္တစ္ဦးကေတာ့ အသင္းမွာရွိတဲ့ကစားသမားေတြျဖစ္ တဲ့ ခရစၥတန္ဆန္၊ေအဘရာဟမ္နဲ႔ ေဂ်ာ္ဂ်င္ဟို တို႔အေနနဲ႔ ခႏၶာကိုယ္ေတာင့္တင္းဖို႔အတြက္ ဂိုရက္စ္ကာ ေလ့က်င့္ခဲ့သလို ေလ့က်င့္သင့္တယ္ဆိုၿပီး အၾကံေပးခဲ့တယ္လို႔ သိရပါတယ္။