သီယာဂိုက အသင်းမှာ ဆက်နေမယ်လို့ ပြောသွားခဲ့တယ်ဆိုပြီး နောက်ပြောင်လိုက်တဲ့ ဘိုင်ယန်မြူးနစ်နည်းပြ

ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်က သီယာဂိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းမှာ ဆက်နေမယ်လို့ နောက်ပြောင်ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့လို့ နည်းပြဟာ ပျော်ရွှင်နေတာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ကွင်းလယ်ကစားသမား သီယာဂိုဟာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားကို လီဗာပူးလ် နဲ့ အာဆင်နယ်အသင်းတို့က ဆက်သွယ်မှုတွေ လုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာ စာချုပ်သက်တမ်း (၁) နှစ်ပဲကျန်တော့တဲ့ သီယာဂိုဟာ အသင်းကနေ ထွက်ခွာမယ်လို့ အသင်းက အတည်ပြုထားပါတယ်။ ပွဲအပြီးမှာ နည်းပြနဲ့ သီယာဂိုဟာ နှုတ်ဆက်စကားပြောဟန်ရှိနေလို့ သတင်းထောက်များက မေးမြန်းခဲ့ရာ “ သူကျွန်တော့်ကို မသွားဘူးလို့ ပြောပါတယ်” လို့ နည်းပြက နောက်ပြောင်ပြီး ပြောသွားခဲ့ပါတယ်။

“သူလည်း ဘယ်အသင်းကို သွားမလည်းဆိုတာ မသိသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အားလုံးလည်း ဒီချန်ပီယံလိဂ်ဗိုလ်လုပွဲကို အာရုံစိုက်ခဲ့ပါတယ်။ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်စောင့်ရဦးမယ်လို့ ထင်ပါတယ်” လို့ ဟန်ဆီဖလစ်ခ်က ထပ်ပြီးပြောသွားခဲ့တာဖြစ်ပါတယ်။

သီယာဂိုက အသင္းမွာ ဆက္ေနမယ္လို႔ ေျပာသြားခဲ့တယ္ဆိုၿပီး ေနာက္ေျပာင္လိုက္တဲ့ ဘိုင္ယန္ျမဴးနစ္နည္းျပ

ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီဖလစ္ခ္က သီယာဂိုရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး အသင္းမွာ ဆက္ေနမယ္လို႔ ေနာက္ေျပာင္ေျပာဆိုသြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းကို (၁-ဝ) နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့လို႔ နည္းျပဟာ ေပ်ာ္႐ႊင္ေနတာျဖစ္ပါတယ္။ ဗိုလ္လုပြဲမွာ ကြင္းလယ္ကစားသမား သီယာဂိုဟာ အသင္းအတြက္ အေကာင္းဆုံး ေျခစြမ္းျပခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ကစားသမားကို လီဗာပူးလ္ နဲ႔ အာဆင္နယ္အသင္းတို႔က ဆက္သြယ္မႈေတြ လုပ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းမွာ စာခ်ဳပ္သက္တမ္း (၁) ႏွစ္ပဲက်န္ေတာ့တဲ့ သီယာဂိုဟာ အသင္းကေန ထြက္ခြာမယ္လို႔ အသင္းက အတည္ျပဳထားပါတယ္။ ပြဲအၿပီးမွာ နည္းျပနဲ႔ သီယာဂိုဟာ ႏႈတ္ဆက္စကားေျပာဟန္ရွိေနလို႔ သတင္းေထာက္မ်ားက ေမးျမန္းခဲ့ရာ “ သူကြၽန္ေတာ့္ကို မသြားဘူးလို႔ ေျပာပါတယ္” လို႔ နည္းျပက ေနာက္ေျပာင္ၿပီး ေျပာသြားခဲ့ပါတယ္။

“သူလည္း ဘယ္အသင္းကို သြားမလည္းဆိုတာ မသိေသးဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အားလုံးလည္း ဒီခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို အာ႐ုံစိုက္ခဲ့ပါတယ္။ ေနာက္ထပ္ ရက္အနည္းငယ္ေလာက္ ထပ္ေစာင့္ရဦးမယ္လို႔ ထင္ပါတယ္” လို႔ ဟန္ဆီဖလစ္ခ္က ထပ္ၿပီးေျပာသြားခဲ့တာျဖစ္ပါတယ္။