ချန်ပီယံလိဂ် ရမယ်လို့ စိတ်တောင် မကူးခဲ့ဖူးလို့ ဘိုင်ယန်မြူးနစ်နောက်ခံလူ အယ်ဖွန်ဆိုဒေးဗီးစ် ဝန်ခံခဲ့

ဘိုင်ယန်မြူးနစ်နဲ့ ခြေစွမ်းပြပြီး ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့ အယ်ဖွန်ဆိုဒေးဗီးစ်အနေနဲ့ ချန်ပီယံလိဂ်ဖလားရမယ်လို့ စိတ်တောင် မကူးခဲ့ဖူးလို့ ဝန်ခံသွားခဲ့ပါတယ်။ အယ်ဖွန်ဆိုဒေးဗီးစ်အနေနဲ့ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးရရှိခဲ့တဲ့ ကနေဒါ နိုင်ငံသားအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ အယ်ဖွန်ဆိုဒေးဗီးစ်အနေနဲ့ ချန်ပီ ယံလိဂ် ဗိုလ်လုပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။


မေဂျာလိဂ်ကလပ် ဗန်ကိုဗာဝှိုက်ကက်စ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ အယ်ဖွန်ဆိုဒေးဗီးစ်ဟာ ကိုဗစ်အလွန်ပြန်ကစားတဲ့ပွဲစဉ် တွေမှ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက,ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဘောလုံးပရိသတ် တွေအနေနဲ့ သူကို သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်ပဲရှိသေးပေမယ့် အယ်ဖွန်ဆိုဒေးဗီးစ်အနေနဲ့ ကနေဒါ လက်ရွေးစင်အသင်းအတွက်တော့ အဓိက,ကစားသမားတစ်ဦး ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ အယ်ဖွန်ဆိုဒေးဗီးစ်က “ ကျွန်တော်ကို အားပေးတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ကနေဒါနိုင်ငံက သူ တစ်ယောက်အနေနဲ့ ဘိုင်ယန်မြူးနစ်မှာ ကစားပြီး ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ်လို့ တွေးမိကြရဲ့လား။ ကျွန် တော်အနေနဲ့တော့ တစ်ခါမှစိတ်မကူးခဲ့ဖူးပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်က ဒီလိုစကားပြောခဲ့မယ်ဆိုရင် ကျွန်တော်လိမ်နေတယ် ဆိုပြီး ဝိုင်းပြောကြပါလိမ့်မယ်။ဒါပေမယ့် ကျွန်တော်ရဲ့ အိပ်မက်တွေကတော့ တကယ်ဖြစ်လာခဲ့ပါပြီ” လို့ ပြောခဲ့ပါတယ်။


ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတ တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အသင်းဖော်ကိုးမန်းနဲ့ ပတ်သက်ပြီးတော့လည်း အယ်ဖွန်ဆိုဒေးဗီးစ်က “ ကိုးမန်းက ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ဒီနေ့ပွဲမှာလည်း အံသြဖွယ်ရာခြေစွမ်းကို ပြ နိုင်ခဲ့ပါတယ်။ အချိန်တိုင်းမှာ သူအနေနဲ့ နောက်ခံလူတွေကို တစ်ဦးချင်းဖြတ်ကျော်နိုင်ပြီး ဂိုးလည်းသွင်းယူနိုင်ပါတယ်။ ဒီနေ့ ပွဲမှာတော့ သူအနေနဲ့ ခေါင်းတိုက်ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္ ရမယ္လို႔ စိတ္ေတာင္ မကူးခဲ့ဖူးလို႔ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ အယ္ဖြန္ဆိုေဒးဗီးစ္ ဝန္ခံခဲ့
ဘိုင္ယန္ျမဴးနစ္နဲ႔ ေျခစြမ္းျပၿပီး ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့တဲ့ အယ္ဖြန္ဆိုေဒးဗီးစ္အေနနဲ႔ ခ်န္ပီယံလိဂ္ဖလားရမယ္လို႔ စိတ္ေတာင္ မကူးခဲ့ဖူးလို႔ ဝန္ခံသြားခဲ့ပါတယ္။ အယ္ဖြန္ဆိုေဒးဗီးစ္အေနနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ပထမဆံုးရရွိခဲ့တဲ့ ကေနဒါ ႏိုင္ငံသားအျဖစ္လည္း မွတ္တမ္းတင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္ပဲရွိေသးတဲ့ အယ္ဖြန္ဆိုေဒးဗီးစ္အေနနဲ႔ ခ်န္ပီ ယံလိဂ္ ဗိုလ္လုပြဲမွာ ပြဲခ်ိန္ျပည့္ပါဝင္ကစားခြင့္ရခဲ့တာပဲ ျဖစ္ပါတယ္။
ေမဂ်ာလိဂ္ကလပ္ ဗန္ကိုဗာဝႈိက္ကက္စ္ကေန ေျပာင္းေရႊ႕လာခဲ့တဲ့ အယ္ဖြန္ဆိုေဒးဗီးစ္ဟာ ကိုဗစ္အလြန္ျပန္ကစားတဲ့ပြဲစဥ္ ေတြမွ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အဓိက,ကစားသမားတစ္ဦးျဖစ္လာခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ေဘာလံုးပရိသတ္ ေတြအေနနဲ႔ သူကို သတိထားမိခဲ့ၾကတာ ျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္ပဲရွိေသးေပမယ့္ အယ္ဖြန္ဆိုေဒးဗီးစ္အေနနဲ႔ ကေနဒါ လက္ေရြးစင္အသင္းအတြက္ေတာ့ အဓိက,ကစားသမားတစ္ဦး ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ အယ္ဖြန္ဆိုေဒးဗီးစ္က “ ကြ်န္ေတာ္ကို အားေပးတဲ့သူတိုင္းကို ေက်းဇူးတင္ပါတယ္။ကေနဒါႏိုင္ငံက သူ တစ္ေယာက္အေနနဲ႔ ဘိုင္ယန္ျမဴးနစ္မွာ ကစားၿပီး ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေႁမွာက္ႏိုင္မယ္လို႔ ေတြးမိၾကရဲ႕လား။ ကြ်န္ ေတာ္အေနနဲ႔ေတာ့ တစ္ခါမွစိတ္မကူးခဲ့ဖူးပါဘူး။ လြန္ခဲ့တဲ့ ၂ ႏွစ္က ဒီလိုစကားေျပာခဲ့မယ္ဆိုရင္ ကြ်န္ေတာ္လိမ္ေနတယ္ ဆိုၿပီး ဝိုင္းေျပာၾကပါလိမ့္မယ္။ဒါေပမယ့္ ကြ်န္ေတာ္ရဲ႕ အိပ္မက္ေတြကေတာ့ တကယ္ျဖစ္လာခဲ့ပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာတ တစ္လံုးတည္းေသာအႏိုင္ဂိုးသြင္းယူေပးခဲ့တဲ့ အသင္းေဖာ္ကိုးမန္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း အယ္ဖြန္ဆိုေဒးဗီးစ္က “ ကိုးမန္းက ကစားသမားေကာင္းတစ္ေယာက္ျဖစ္ၿပီး ဒီေန႔ပြဲမွာလည္း အံၾသဖြယ္ရာေျခစြမ္းကို ျပ ႏိုင္ခဲ့ပါတယ္။ အခ်ိန္တိုင္းမွာ သူအေနနဲ႔ ေနာက္ခံလူေတြကို တစ္ဦးခ်င္းျဖတ္ေက်ာ္ႏိုင္ၿပီး ဂိုးလည္းသြင္းယူႏိုင္ပါတယ္။ ဒီေန႔ ပြဲမွာေတာ့ သူအေနနဲ႔ ေခါင္းတိုက္ၿပီး ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။