ပီအက်စ်ဂျီ နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်ကစားဟန်ကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ နည်းပြဟန်ဆီဖလစ်ခ်

ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကြောင့် သူ့အသင်းရဲ့ ကစားဟန်ကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ လီဂူး ၁ ချန်ပီယံအသင်းရဲ့ အမ်ဘာပေ၊ ဒီမာရီယာ နဲ့ နေမာ တို့ရဲ့ တိုက်စစ်ပိုင်းကြောင့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ လျော့တိလျော့ရဲ့ နောက်တန်းဟာ ထိန်းချုပ်ရခက်မယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

သို့သော်လည်း သူတို့အသင်းဟာ ဒီကစားဟန်နဲ့ပဲ ပြိုင်ပွဲစုံ (၂၉) ပွဲဆက်တိုက် အနိုင်ရလာခဲ့တာဖြစ်ပြီး ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဟန်ဆီဖလစ်ခ်က ဝန်ခံပြောသွားခဲ့ပါတယ်။

သူက “ပြီးခဲ့တဲ့ (၁၀) လအတွင်း ကျွန်တော်တို့ ကစားခဲ့တဲ့ ပုံစံအတိုင် ကျွန်တော်တို့ ကစားနေပါတယ်။ ဒီလိုကစားခဲ့လို့ပဲ ဒီလို ရလဒ်တွေ ထွက်ပေါ်ခဲ့တာဖြစ်လို့ ကျွန်တော်တို့က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ ခံစစ်က အရှေ့ကို အရမ်းတက်တာကို သတိထားမိပေမယ့် ပြိုင်ဘက်ကိုတော့ မလိုအပ်ပဲ နေရာလွတ်အများကြီးပေးမှာ မဟုတ်ပါဘူး။ ကျွန်တေ်ာတို့ရဲ့ အမှတ်အသားကိုက တိုက်စစ်ကစားဟန်ပါ။ ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်းလိုပဲ အရည်အသွေးများစွာ ရှိတဲ့ ကစားသမားတွေ အများကြီးပါ။

လိုင်ယွန်အသင်းကတော့ တိုက်စစ်ကို တိုက်ရိုက်ဆင်ပြီး မြန်မြန်အဆုံးသတ်ဖို့ ကြိုးစားတဲ့အသင်းပါ။ တစ်ခါတစ်လေ အဝေးဘောတွေနဲ့ ကြိုးစားပါတယ်။ ပီအက်စ်ဂျီအသင်းမှာ အရမ်းမြန်တဲ့ သူတွေရှိတာကိုလည်း ကျွန်တော်သိပါတယ်။ ဒီပွဲကတော့ အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်” လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

ပီအက္စ္ဂ်ီ နဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ တိုက္စစ္ကစားဟန္ကို ေျပာင္းလဲသြားမွာ မဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ နည္းျပဟန္ဆီဖလစ္ခ္

ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီဖလစ္ခ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ပီအက္စ္ဂ်ီအသင္းရဲ႕ တိုက္စစ္ေၾကာင့္ သူ႔အသင္းရဲ႕ ကစားဟန္ကို ေျပာင္းလဲသြားမွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ လီဂူး ၁ ခ်န္ပီယံအသင္းရဲ႕ အမ္ဘာေပ၊ ဒီမာရီယာ နဲ႔ ေနမာ တို႔ရဲ႕ တိုက္စစ္ပိုင္းေၾကာင့္ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ေလ်ာ့တိေလ်ာ့ရဲ႕ ေနာက္တန္းဟာ ထိန္းခ်ဳပ္ရခက္မယ္လို႔ ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း သူတို႔အသင္းဟာ ဒီကစားဟန္နဲ႔ပဲ ျပိဳင္ပြဲစံု (၂၉) ပြဲဆက္တိုက္ အႏိုင္ရလာခဲ့တာျဖစ္ျပီး ေျပာင္းလဲသြားမွာ မဟုတ္ဘူးလို႔ ဟန္ဆီဖလစ္ခ္က ၀န္ခံေျပာသြားခဲ့ပါတယ္။

သူက “ျပီးခဲ့တဲ့ (၁၀) လအတြင္း ကၽြန္ေတာ္တို႔ ကစားခဲ့တဲ့ ပံုစံအတိုင္ ကၽြန္ေတာ္တို႔ ကစားေနပါတယ္။ ဒီလိုကစားခဲ့လို႔ပဲ ဒီလုိ ရလဒ္ေတြ ထြက္ေပၚခဲ့တာျဖစ္လုိ႔ ကၽြန္ေတာ္တို႔က ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။

ကၽြန္ေတာ္တို႔ရဲ႕ ခံစစ္က အေရွ႕ကို အရမ္းတက္တာကို သတိထားမိေပမယ့္ ျပိဳင္ဘက္ကိုေတာ့ မလိုအပ္ပဲ ေနရာလြတ္အမ်ားၾကီးေပးမွာ မဟုတ္ပါဘူး။ ကၽြန္ေတ္ာတို႔ရဲ႕ အမွတ္အသားကိုက တုိက္စစ္ကစားဟန္ပါ။ ပီအက္စ္ဂ်ီအသင္းဟာ ဘာစီလိုနာအသင္းလုိပဲ အရည္အေသြးမ်ားစြာ ရိွတဲ့ ကစားသမားေတြ အမ်ားၾကီးပါ။

လိုင္ယြန္အသင္းကေတာ့ တိုက္စစ္ကို တိုက္ရိုက္ဆင္ျပီး ျမန္ျမန္အဆံုးသတ္ဖို႔ ၾကိဳးစားတဲ့အသင္းပါ။ တစ္ခါတစ္ေလ အေ၀းေဘာေတြနဲ႔ ၾကိဳးစားပါတယ္။ ပီအက္စ္ဂ်ီအသင္းမွာ အရမး္ျမန္တဲ့ သူေတြရွိတာကိုလည္း ကၽြန္ေတာ္သိပါတယ္။ ဒီပြဲကေတာ့ အရမး္ကို စိတ္၀င္စားစရာေကာင္းပါတယ္” လို႔ ပြဲၾကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။