ပီအက်စ်ဂျီရဲ့ အားနည်းချက်ကို ရှာမတွေ့ဘူးဆိုပြီး ဘိုင်ယန်မြူးနစ်ဂန္တဝင်ကစားသမားဟောင်း ဘက်ကင်ဘောင်ဝါ ပြောဆို

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘက်ကင်ဘောင်ဝါက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ယှဉ် ပြိုင်ရမယ့် ပီအက်စ်ဂျီအသင်းရဲ့ အားနည်းချက်ကို ရှာလို့မတွေ့ဘူးလို့ ပြောခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ် ၃ကြိမ်ရခဲ့ဖူးတဲ့ ဘက်ကင်ဘောင်ဝါက ဘာစီလိုနာကို ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေပေမယ့် ပီအက်စ်ဂျီက အသင်းကောင်းတစ်သင်းဖြစ်တာကြောင့် ပေါ့ဆလို့ မရကြောင်း ပြောခဲ့ပါတယ်။


အသင်းရဲ့ဝက်ဘ်ဆိုဒ်ကနေတဆင့် ဘက်ကင်ဘောင်ဝါက “ ပီအက်စ်ဂျီအသင်းရဲ့ပွဲစဉ်တွေကို ကြည့်ခဲ့ပါတယ်။ သူတို့အ နေနဲ့ ကစားကွက်အမျိုးမျိုး ကစားနိုင်ပြီး သူတို့ရဲ့ အားနည်းချက်ကို ရှာမတွေ့ခဲ့ပါဘူး။ ဗိုလ်လုပွဲက ဘိုင်ယန်မြူးနစ်အတွက် ဒီရာသီ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အခက်ခဲဆုံးပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ ချန်ပီယံဖြစ်ဖို့က အခွင့်အရေး ၅၀-၅၀ စီလို့ ပြော ရမှာပါ။ တကယ်ကို ကောင်းတဲ့ ဗိုလ်လုပွဲတစ်ပွဲ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဘက်ကင်ဘောင်ဝါက “ အခြားဘိုင်ယန်မြူးနစ်ပရိသတ်တွေလိုပဲ လိုင်ယွန်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို တီဗီကနေ ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကွာတားဖိုင်နယ်မှာ ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ခြေစွမ်းမျိုးကိုတော့ ဘိုင်ယန်မြူးနစ် အနေနဲ့ မပြနိုင်ခဲ့ပါဘူး။ဒါပေမယ့် လိုင်ယွန်ကလည်း အသင်းကောင်းတစ်သင်းဖြစ်တာကြောင့် အသင်းရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာပါ။ ပီအက်စ်ဂျီကတော့ လိုင်ယွန်ထက် ပိုကောင်းတာကြောင့် ပေါ့ဆလို့ မရပါဘူး” လို့ ပြောခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘွန်ဒက်လီဂါချန်ပီယံဆုအပြင် ပိုကယ်ဖလားကိုပါ ရရှိထားတာကြောင့် ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် တစ်ရာသီအတွင်း ချန်ပီယံလိဂ်အပါအဝင်ဖလား ၃လုံးကို ဒုတိယအကြိမ်မြောက်ရရှိမှာဖြစ် ပါတယ်။ ၂၀၁၂-၁၃ ဘောလုံးရာသီတုန်းက ဘိုင်ယန်မြူးနစ်ဟာ တစ်နှစ်အတွင်း ဖလား၃လုံးချန်ပီယံအဖြစ် ပထမအကြိမ် ဖြစ်ခဲ့ပါတယ်။

zawgyi version

ပီအက္စ္ဂ်ီရဲ႕ အားနည္းခ်က္ကို ရွာမေတြ႕ဘူးဆိုၿပီး ဘိုင္ယန္ျမဴးနစ္ဂႏၲဝင္ကစားသမားေဟာင္း ဘက္ကင္ေဘာင္ဝါ ေျပာဆို
ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ဂႏၲဝင္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဘက္ကင္ေဘာင္ဝါက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ယွဥ္ ၿပိဳင္ရမယ့္ ပီအက္စ္ဂ်ီအသင္းရဲ႕ အားနည္းခ်က္ကို ရွာလို႔မေတြ႕ဘူးလို႔ ေျပာခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္နဲ႔အတူ ခ်န္ပီယံလိဂ္ ၃ႀကိမ္ရခဲ့ဖူးတဲ့ ဘက္ကင္ေဘာင္ဝါက ဘာစီလိုနာကို ဂိုးျပတ္အႏိုင္ရခဲ့တာေၾကာင့္ အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းစားေနေပမယ့္ ပီအက္စ္ဂ်ီက အသင္းေကာင္းတစ္သင္းျဖစ္တာေၾကာင့္ ေပါ့ဆလို႔ မရေၾကာင္း ေျပာခဲ့ပါတယ္။
အသင္းရဲ႕ဝက္ဘ္ဆိုဒ္ကေနတဆင့္ ဘက္ကင္ေဘာင္ဝါက “ ပီအက္စ္ဂ်ီအသင္းရဲ႕ပြဲစဥ္ေတြကို ၾကည့္ခဲ့ပါတယ္။ သူတို႔အ ေနနဲ႔ ကစားကြက္အမ်ိဳးမ်ိဳး ကစားႏိုင္ၿပီး သူတို႔ရဲ႕ အားနည္းခ်က္ကို ရွာမေတြ႕ခဲ့ပါဘူး။ ဗိုလ္လုပြဲက ဘိုင္ယန္ျမဴးနစ္အတြက္ ဒီရာသီ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ အခက္ခဲဆံုးပြဲတစ္ပြဲ ျဖစ္လာႏိုင္ပါတယ္။ ခ်န္ပီယံျဖစ္ဖို႔က အခြင့္အေရး ၅၀-၅၀ စီလို႔ ေျပာ ရမွာပါ။ တကယ္ကို ေကာင္းတဲ့ ဗိုလ္လုပြဲတစ္ပြဲ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဘက္ကင္ေဘာင္ဝါက “ အျခားဘိုင္ယန္ျမဴးနစ္ပရိသတ္ေတြလိုပဲ လိုင္ယြန္နဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ကို တီဗီကေန ၾကည့္ခဲ့ပါတယ္။ ဒါေပမယ့္ ကြာတားဖိုင္နယ္မွာ ဘာစီလိုနာကို အႏိုင္ရခဲ့တဲ့ေျခစြမ္းမ်ိဳးကိုေတာ့ ဘိုင္ယန္ျမဴးနစ္ အေနနဲ႔ မျပႏိုင္ခဲ့ပါဘူး။ဒါေပမယ့္ လိုင္ယြန္ကလည္း အသင္းေကာင္းတစ္သင္းျဖစ္တာေၾကာင့္ အသင္းရဲ႕စြမ္းေဆာင္ရည္ကို အသိအမွတ္ျပဳရမွာပါ။ ပီအက္စ္ဂ်ီကေတာ့ လိုင္ယြန္ထက္ ပိုေကာင္းတာေၾကာင့္ ေပါ့ဆလို႔ မရပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ ဘြန္ဒက္လီဂါခ်န္ပီယံဆုအျပင္ ပိုကယ္ဖလားကိုပါ ရရွိထားတာေၾကာင့္ ခ်န္ပီယံလိဂ္ ဖလားကို ရယူႏိုင္ခဲ့မယ္ဆိုရင္ တစ္ရာသီအတြင္း ခ်န္ပီယံလိဂ္အပါအဝင္ဖလား ၃လံုးကို ဒုတိယအႀကိမ္ေျမာက္ရရွိမွာျဖစ္ ပါတယ္။ ၂၀၁၂-၁၃ ေဘာလံုးရာသီတုန္းက ဘိုင္ယန္ျမဴးနစ္ဟာ တစ္ႏွစ္အတြင္း ဖလား၃လံုးခ်န္ပီယံအျဖစ္ ပထမအႀကိမ္ ျဖစ္ခဲ့ပါတယ္။