လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းက ၂၀၁၃ ခုနှစ်က ဖလား (၃) လုံး ရရှိခဲ့တဲ့ အသင်းထက် ပိုကောင်းတယ်လို့ ဆိုလိုက်တဲ့ ဂိုးသမား နူအာ

နူအာက လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းက ၂၀၁၃ ခုနှစ်က ဖလား (၃) လုံးရရှိခဲ့တဲ့ အသင်းထက် ပိုကောင်းတယ်လို့ ပြောသွားခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံဟာ ဗုဒ္ဓဟူးနေ့က လိုင်ယွန်အသင်းကို (၃-ဝ) နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ရစ်ဘာရီ၊ ရော်ဘင် နဲ့ ဖီလစ်လမ်းတို့ ပါဝင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က လူစာရင်းမှာ နူအာ၊ ဘိုတန်း ၊ အလာဘာ နဲ့ သောမတ်စ်မူလာ တို့ (၄) ယောက်သာ ကျန်ရစ်ပါတော့တယ်။

သို့သော်လည်း လီဝန်ဒေါစကီး၊ နာဘရီ၊ ဂေါ်ရက်ဇ်ကာ နဲ့ အယ်လ်ဖွန်ဆိုဒေးဗီးစ် တို့ ရဲ့ ဟန်ဆီဖလစ်ခ် အသင်းက ဂျက်ဟေးနက်စ် ရဲ့ အသင်းထက် ပိုကောင်းတယ်လို့ နူအာက ယုံကြည်နေတာဖြစ်ပါတယ်။ “အခုလက်ရှိအသင်းက ပိုကောင်းနေပါတယ်။ အခုအသင်းမှာ အသက် ၁၈ နှစ်အရွယ်ကစားသမားတွေသာမက အဆင့်အတန်းရှိတဲ့ အစုအဖွဲ့ ကို ပိုင်ဆိုင်ထားပါတယ်” လို့ လိုင်ယွန်နဲ့ နိုင်ပွဲအပြီးပြောသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီအစတုန်းက နီကိုကိုဗက် လက်အောက်မှာ ရုန်းကန်ခဲ့ရပေမယ့် နိုဝင်ဘာလမှာ သူ့ကို ထုတ်ပယ်လိုက်ပြီး ဟန်ဆီဖလစ်ခ် ကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ နဲ့ ပိုကယ်ဖလား တို့ကို ပိုင်ဆိုင်ခဲ့လို့ အသင်းဟာ ၂၀၁၃ ခုနှစ်က ရရှိခဲ့တဲ့ ဖလား (၃) လုံး လမ်းကြောင်းကို ရောက်ရှိနေပါတယ်။

လက္ရွိ ဘိုင္ယန္ျမဴးနစ္အသင္းက ၂၀၁၃ ခုႏွစ္က ဖလား (၃) လံုး ရရွိခဲ့တဲ့ အသင္းထက္ ပိုေကာင္းတယ္လို႔ ဆိုလိုက္တဲ့ ဂိုးသမား ႏူအာ

ႏူအာက လက္ရွိ ဘိုင္ယန္ျမဴးနစ္အသင္းက ၂၀၁၃ ခုႏွစ္က ဖလား (၃) လံုးရရွိခဲ့တဲ့ အသင္းထက္ ပိုေကာင္းတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံဟာ ဗုဒၶဟူးေန႔က လိုင္ယြန္အသင္းကို (၃-၀) နဲ႔ အႏိုင္ရခဲ့ျပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ ကစားရမွာ ျဖစ္ပါတယ္။ရစ္ဘာရီ၊ ေရာ္ဘင္ နဲ႔ ဖီလစ္လမ္းတို႔ ပါ၀င္ခဲ့တဲ့ ၂၀၁၃ ခုႏွစ္က လူစာရင္းမွာ ႏူအာ၊ ဘိုတန္း ၊ အလာဘာ နဲ႔ ေသာမတ္စ္မူလာ တို႔ (၄) ေယာက္သာ က်န္ရစ္ပါေတာ့တယ္။

သို႔ေသာ္လည္း လီ၀န္ေဒါစကီး၊ နာဘရီ၊ ေဂၚရက္ဇ္ကာ နဲ႔ အယ္လ္ဖြန္ဆိုေဒးဗီးစ္ တို႔ ရဲ႕ ဟန္ဆီဖလစ္ခ္ အသင္းက ဂ်က္ေဟးနက္စ္ ရဲ႕ အသင္းထက္ ပိုေကာင္းတယ္လို႔ ႏူအာက ယံုၾကည္ေနတာျဖစ္ပါတယ္။ “အခုလက္ရွိအသင္းက ပိုေကာင္းေနပါတယ္။ အခုအသင္းမွာ အသက္ ၁၈ ႏွစ္အရြယ္ကစားသမားေတြသာမက အဆင့္အတန္းရွိတဲ့ အစုအဖြဲ႕ ကို ပိုင္ဆိုင္ထားပါတယ္” လို႔ လိုင္ယြန္န႔ဲ ႏိုင္ပြဲအျပီးေျပာသြားခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ရာသီအစတုန္းက နီကိုကိုဗက္ လက္ေအာက္မွာ ရုန္းကန္ခဲ့ရေပမယ့္ ႏို၀င္ဘာလမွာ သူ႔ကို ထုတ္ပယ္လိုက္ျပီး ဟန္ဆီဖလစ္ခ္ ကို ခန္႔အပ္ခဲ့တာျဖစ္ပါတယ္။ ဘြန္ဒက္စ္လီဂါ နဲ႔ ပိုကယ္ဖလား တို႔ကို ပိုင္ဆိုင္ခဲ့လို႔ အသင္းဟာ ၂၀၁၃ ခုႏွစ္က ရရွိခဲ့တဲ့ ဖလား (၃) လံုး လမ္းေၾကာင္းကို ေရာက္ရွိေနပါတယ္။