ပီအက်စ်ဂျီအသင်းကို ရှုံးခဲ့တဲ့ ပွဲက လက်ခံဖို့ ခက်တယ်လို့ ဆိုလိုက်တဲ့ လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်လ်စမန်း

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ လိုက်ပ်ဇစ်အသင်းဟာ ပီအက်စ်ဂျီအသင်းကို (၃-ဝ) နဲ့ ရှုံးခဲ့တဲ့ပြီးနောက် နည်းပြဖြစ်သူ ဂျူလီယန်နာဂယ်လ်စမန်းက သူ့အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး BT Sport သတင်းဌာနကို ပြောပြသွားခဲ့ပါတယ်။ “ဗိုလ်လုပွဲအတွက် လက်မှတ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ လုံး၀ ထိုက်တန်ပါတယ်။ ပထမပိုင်း (၁၀) မိနစ်ကနေ (၁၂) မိနစ် အထိ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး အခြေအနေတွေလည်း ကောင်းခဲ့ပါတယ်။

ဒုတိယဂိုးလည်း ပေးလိုက်ရပြီးနောက် ကျွန်တော်တို့ ပြန်လာနိုင်ဖို့ ခက်ခဲသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပီအက်စ်ဂျီအသင်းဟာ အရည်အသွေးအများကြီး ရှိလို့ပါ။ ဒါဟာ လက်ခံဖို့ ခက်ခဲပေမယ့် ဘောလုံးဟာ ဒီလိုမျိုးပါပဲ။ ဒုတိယဂိုးပြီးတဲ့အခါ ကျွန်တော့်ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လည်း အနည်းငယ် ကျသွားပါတယ်။ ဒါဟာ သာမန်ပါပဲ။ ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ရှိခဲ့ရလို့ ကောင်းမွန်တဲ့ ရာသီအကြောင်းကို တွေးရဖို့ဆိုတာ မခက်ခဲပါဘူး ။ ဒါပေမယ့် တစ်ပတ်အတွင်းမှာ အားလုံးအဆင်ပြေသွားမှာပါ။

လူငယ်အသင်းအတွက်တော့ ဒါဟာ ကောင်းတဲ့ ရာသီတစ်ခုဆိုတာ ကျွန်တော်တို့ သိပါတယ်။ နောက်ရာသီမှာ နောက်ထပ် ဒီလို ပြင်းပြင်းထန်ထန် ကြိုးစားပြီး ထပ်ယှဉ်ပြိုင်သွားဦးမှာပါ” လို့ ဂျူလီယန်နာဂယ်လ်စမန်းက ပြောသွားခဲ့တာဖြစ်ပါတယ်။

ပီအက္စ္ဂ်ီအသင္းကို ရႈံးခဲ့တဲ့ ပြဲက လက္ခံဖို႔ ခက္တယ္လို႔ ဆိုလုိက္တဲ့ လုိက္ပ္ဇစ္နည္းျပ ဂ်ဴလီယန္နာဂယ္လ္စမန္း

ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ လိုက္ပ္ဇစ္အသင္းဟာ ပီအက္စ္ဂ်ီအသင္းကို (၃-၀) နဲ႔ ရႈံးခဲ့တဲ့ျပီးေနာက္ နည္းျပျဖစ္သူ ဂ်ဴလီယန္နာဂယ္လ္စမန္းက သူ႔အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ျပီး BT Sport သတင္းဌာနကို ေျပာျပသြားခဲ့ပါတယ္။ “ဗိုလ္လုပြဲအတြက္ လက္မွတ္ဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ လံုး၀ ထိုက္တန္ပါတယ္။ ပထမပိုင္း (၁၀) မိနစ္ကေန (၁၂) မိနစ္ အထိ ကၽြန္ေတာ္တို႔ ေကာင္းေကာင္းကစားႏိုင္ခဲ့ျပီး အေျခအေနေတြလည္း ေကာင္းခဲ့ပါတယ္။

ဒုတိယဂိုးလည္း ေပးလိုက္ရျပီးေနာက္ ကၽြန္ေတာ္တို႔ ျပန္လာႏိုင္ဖို႔ ခက္ခဲသြားခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပီအက္စ္ဂ်ီအသင္းဟာ အရည္အေသြးအမ်ားၾကီး ရွိလို႔ပါ။ ဒါဟာ လက္ခံဖို႔ ခက္ခဲေပမယ့္ ေဘာလံုးဟာ ဒီလိုမ်ိဳးပါပဲ။ ဒုတိယဂိုးျပီးတဲ့အခါ ကၽြန္ေတာ့္ကစားသမားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ လည္း အနည္းငယ္ က်သြားပါတယ္။ ဒါဟာ သာမန္ပါပဲ။ ကၽြန္ေတာ္တို႔ ခ်န္ပီယံလိဂ္မွာ ရွိခဲ့ရလို႔ ေကာင္းမြန္တဲ့ ရာသီအေၾကာင္းကို ေတြးရဖို႔ဆိုတာ မခက္ခဲပါဘူး ။ ဒါေပမယ့္ တစ္ပတ္အတြင္းမွာ အားလံုးအဆင္ေျပသြားမွာပါ။

လူငယ္အသင္းအတြက္ေတာ့ ဒါဟာ ေကာင္းတဲ့ ရာသီတစ္ခုဆိုတာ ကၽြန္ေတာ္တို႔ သိပါတယ္။ ေနာက္ရာသီမွာ ေနာက္ထပ္ ဒီလို ျပင္းျပင္းထန္ထန္ ၾကိဳးစားျပီး ထပ္ယွဥ္ျပိဳင္သြားဦးမွာပါ” လို႔ ဂ်ဴလီယန္နာဂယ္လ္စမန္းက ေျပာသြားခဲ့တာျဖစ္ပါတယ္။