ဝါဒါဘရီမင် အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်တဲ့ ယူနိုက်တက်လူငယ်ကြယ်ပွင့် တာဟစ်ချောင်

ယူနိုက်တက်တောင်ပံကစားသမား တာဟစ်ချောင်ဟာ ဝါဒါဘရီမင်အသင်း နဲ့ သြစတြီးယားမှာ ရာသီကြို လေ့ကျင့်ရေးဆင်းနေတာဖြစ်လို့ ဘွန်ဒက်စ်လီဂါ ကလပ်အသင်းထံအငှားနဲ့ ပြောင်းရွှေ့ကစားဖွယ်ရှိနေပါတယ်။ ဟော်လန် ယူ ၂၁ နှစ်အောက် လက်ရွေးစင်ကစားသမားဟာ မတ်လကမှ အိုးထရက်ဖိုဒ့်မှာ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၂ ဇွန်လအထိ ယူနိုက်တက်မှာ ဆက်ရှိနေမှာဖြစ်ပြီး နောက်ထပ် (၁) နှစ်လည်း သက်တမ်းတိုးခွင့်ရှိထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၄) နှစ်က ဖီယင်နုကနေ အင်္ဂလန်ကို ရောက်လာခဲ့တဲ့ တာဟစ်ချောင်ဟာ ပထမအသင်းမှာ ပွဲကစားခွင့် ရလာပေမယ့် လာမယ့်ရာသီ ဂျာမနီမှာ အငှားနဲ့ ကစားရဖွယ်ရှိနေပါတယ်။ဝါဒါဘရီမင်က တွစ်တာမှာ “အပြီးသတ် သဘောတူညီမှု မရသေးသော်လည်း တာဟစ်ချောင်ဟာ အသင်းနဲ့ လေ့ကျင့်ရေး ဆင်းခွင့် ရရှိပြီဖြစ်လို့ ဒီမနက် မှာ အသင်းနဲ့ လာရောက်ပူးပေါင်းမှာဖြစ်ပါတယ်” လို့ သတင်းတင်ခဲ့တာဖြစ်ပါတယ်။

ဝါဒါဘရီမင်အသင်းဟာ နောက်နှစ်ဘွန်ဒက်စ်လီဂါ ရာသီအတွက် သြစတြီးယားမှာ စခန်းသွင်းလေ့ကျင့်ရေးဆင်းမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားမှာ အဆင့် (၁၆) နေရာမှာ ရပ်တည်ခဲ့လို့ တန်းမဆင်းရရေးအတွက် Heidenheim အသင်းနဲ့ ရှုံးထွက်အဆင့် ကစားခဲ့ရပြီး အဝေးဂိုးကြောင့် ဘွန်ဒက်စ်လီဂါမှာ ဆက်နေခွင့်ရခဲ့တာဖြစ်ပါတယ်။

၀ါဒါဘရီမင္ အသင္းနဲ႔ ေလ့က်င့္ခန္းဆင္းေနျပီျဖစ္တ့ဲ ယူႏိုက္တက္လူငယ္ၾကယ္ပြင့္ တာဟစ္ေခ်ာင္

ယူႏိုက္တက္ေတာင္ပံကစားသမား တာဟစ္ေခ်ာင္ဟာ ၀ါဒါဘရီမင္အသင္း နဲ႔ ၾသစၾတီးယားမွာ ရာသီၾကိဳ ေလ့က်င့္ေရးဆင္းေနတာျဖစ္လို႔ ဘြန္ဒက္စ္လီဂါ ကလပ္အသင္းထံအငွားနဲ႔ ေျပာင္းေရႊ႕ကစားဖြယ္ရွိေနပါတယ္။ ေဟာ္လန္ ယူ ၂၁ ႏွစ္ေအာက္ လက္ေရြးစင္ကစားသမားဟာ မတ္လကမွ အိုးထရက္ဖိုဒ့္မွာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာျဖစ္ျပီး ၂၀၂၂ ဇြန္လအထိ ယူႏိုက္တက္မွာ ဆက္ရွိေနမွာျဖစ္ျပီး ေနာက္ထပ္ (၁) ႏွစ္လည္း သက္တမ္းတိုးခြင့္ရွိထားတာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ (၄) ႏွစ္က ဖီယင္ႏုကေန အဂၤလန္ကို ေရာက္လာခဲ့တဲ့ တာဟစ္ေခ်ာင္ဟာ ပထမအသင္းမွာ ပြဲကစားခြင့္ ရလာေပမယ့္ လာမယ့္ရာသီ ဂ်ာမနီမွာ အငွားနဲ႔ ကစားရဖြယ္ရွိေနပါတယ္။၀ါဒါဘရီမင္က တြစ္တာမွာ “အျပီးသတ္ သေဘာတူညီမႈ မရေသးေသာ္လည္း တာဟစ္ေခ်ာင္ဟာ အသင္းနဲ႔ ေလ့က်င့္ေရး ဆင္းခြင့္ ရရွိျပီျဖစ္လို႔ ဒီမနက္ မွာ အသင္းနဲ႔ လာေရာက္ပူးေပါင္းမွာျဖစ္ပါတယ္” လို႔ သတင္းတင္ခဲ့တာျဖစ္ပါတယ္။

၀ါဒါဘရီမင္အသင္းဟာ ေနာက္ႏွစ္ဘြန္ဒက္စ္လီဂါ ရာသီအတြက္ ၾသစၾတီးယားမွာ စခန္းသြင္းေလ့က်င့္ေရးဆင္းမယ္လို႔ သိရပါတယ္။ ျပီးခဲ့တဲ့ရာသီက ဘြန္ဒက္စ္လီဂါ အမွတ္ေပးဇယားမွာ အဆင့္ (၁၆) ေနရာမွာ ရပ္တည္ခဲ့လို႔ တန္းမဆင္းရေရးအတြက္ Heidenheim အသင္းနဲ႔ ရႈံးထြက္အဆင့္ ကစားခဲ့ရျပီး အေ၀းဂိုးေၾကာင့္ ဘြန္ဒက္စ္လီဂါမွာ ဆက္ေနခြင့္ရခဲ့တာျဖစ္ပါတယ္။