အသက် ၂၀ သာရှိသေးတဲ့ ဟာလန်းက လူငယ်အသင်းက မော့ကိုကို မှာ သူထက်ပိုကောင်းတဲ့သူလို့ ချီးကျူးခဲ့

ဒေါ့မန်အသင်းကို ဇန်နဝါရီအပြောင်းအရွှေ့ကမှ ရောက်ရှိလာခဲ့သူပြီး ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့ ဟာလန်းက လူငယ် အသင်းမှာ ခြေစွမ်းပြနေတဲ့ မော့ကိုကို က သူအသက် ၁၅ နှစ်တုန်းကထက် ပိုပြီးစွမ်းဆောင်ရည်ကောင်းသူဖြစ်ပြီး မြင်ဖူး သမျှ လူငယ်တွေထဲမှာ အကောင်းဆုံးဖြစ်ကြောင်းပြောခဲ့ပါတယ်။ မော့ကိုကိုကတော့ သူအနေနဲ့ ဟာလန်းရဲ့ပရိသတ်တစ် ဦးဖြစ်သလို ဟာလန်းလိုမျိုး ခြေစွမ်းပြနိုင်အောင် ကြိုးစားခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Goal.com ကနေတဆင့် ဟာလန်းက “ ကျွန်တော်အသက် ၁၅ နှစ်တုန်းက စွမ်းဆောင်နိုင်တာထက် မော့ကိုကိုက ပိုပြီး စွမ်းဆောင်နိုင်ပါတယ်။ ကျွန်တော်အသက် ၁၅ နှစ်တုန်းက နော်ဝေပြည်တွင်းကလပ် Bryne မှာပဲ ရှိပါသေးတယ်။ မော့ကို ကိုကတော့ အသက် ၁၅ နှစ်မှာ ဒေါ့မွန်အသင်းကိုရောက်နေသလို အသင်းကလည်းသူကို ဆက်ထိန်းထားနိုင်ဖို့အတွက် ကြိုးစားနေပါပြီ” လို့ ပြောခဲ့ပါတယ်။

Sunsport ရဲ့ဖော်ပြချက်မှာတော့ ပြောင်းလဲလိုက်တဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ စည်းမျဉ်းကြောင့် အသက် ၁၅ ကျော်ကျော် သာရှိသေးတဲ့ မော့ကိုကို အနေနဲ့ လာမယ့်ရာသီမှာ ဒေါ့မွန်အသင်းကြီးအတွက် ကစားခွင့်ရဖို့များနေပါတယ်။ အရင်က ဘွန် ဒက်လီဂါအသင်းကြီးမှာ ပါဝင်ကစားဖို့အတွက် ကစားသမားတစ်ယောက်ဟာ အနည်းဆုံးအသက် ၁၆နှစ်နဲ့ ၆ လအထက် မှာ ရှိရမှာ ဖြစ်ပါတယ်။

မော့ကိုကို ဟာ ကင်မရွန်းနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပေမယ့် ဂျာမနီယူ-၁၆ အသင်းအတွက် ကစားပေးနေသူလည်းဖြစ်ပါ တယ်။ ဒေါ့မွန်ယူ-၁၇ အသင်းမှာ ကစားခဲ့တုန်းက မော့ကိုကိုဟာ ၅၆ ပွဲမှာ ဂိုး ၉၀ သွင်းယူနိုင်ခဲ့ပြီး အသက်-၁၄ နှစ်အရွယ် မှာပဲ ယူ-၁၉ အသင်းအတွက် ကစားပေးခဲ့ရာမှာတော့ ပွဲ ၂၀ မှာ ၃၄ ဂိုးအထိသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလမှာ အသက် ၁၆ နှစ်ပြည့်မယ့် မော့ကိုကို ,ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကြီးအတွက် ကစား ခွင့်ပေးမယ့် နည်းပြဖာဗရီက စီစဉ်နေတယ်လို့ သိရပါတယ်။

zawgyi version

အသက္ ၂၀ သာရွိေသးတဲ့ ဟာလန္းက လူငယ္အသင္းက ေမာ့ကိုကို မွာ သူထက္ပိုေကာင္းတဲ့သူလို႔ ခ်ီးက်ဴးခဲ့
ေဒါ့မန္အသင္းကို ဇန္နဝါရီအေျပာင္းအေရႊ႕ကမွ ေရာက္ရွိလာခဲ့သူၿပီး ေျခစြမ္းျပဂိုးေတြသြင္းယူေနတဲ့ ဟာလန္းက လူငယ္ အသင္းမွာ ေျခစြမ္းျပေနတဲ့ ေမာ့ကိုကို က သူအသက္ ၁၅ ႏွစ္တုန္းကထက္ ပိုၿပီးစြမ္းေဆာင္ရည္ေကာင္းသူျဖစ္ၿပီး ျမင္ဖူး သမွ် လူငယ္ေတြထဲမွာ အေကာင္းဆံုးျဖစ္ေၾကာင္းေျပာခဲ့ပါတယ္။ ေမာ့ကိုကိုကေတာ့ သူအေနနဲ႔ ဟာလန္းရဲ႕ပရိသတ္တစ္ ဦးျဖစ္သလို ဟာလန္းလိုမ်ိဳး ေျခစြမ္းျပႏိုင္ေအာင္ ႀကိဳးစားခဲ့တာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။
Goal.com ကေနတဆင့္ ဟာလန္းက “ ကြ်န္ေတာ္အသက္ ၁၅ ႏွစ္တုန္းက စြမ္းေဆာင္ႏိုင္တာထက္ ေမာ့ကိုကိုက ပိုၿပီး စြမ္းေဆာင္ႏိုင္ပါတယ္။ ကြ်န္ေတာ္အသက္ ၁၅ ႏွစ္တုန္းက ေနာ္ေဝျပည္တြင္းကလပ္ Bryne မွာပဲ ရွိပါေသးတယ္။ ေမာ့ကို ကိုကေတာ့ အသက္ ၁၅ ႏွစ္မွာ ေဒါ့မြန္အသင္းကိုေရာက္ေနသလို အသင္းကလည္းသူကို ဆက္ထိန္းထားႏိုင္ဖို႔အတြက္ ႀကိဳးစားေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
Sunsport ရဲ႕ေဖာ္ျပခ်က္မွာေတာ့ ေျပာင္းလဲလိုက္တဲ့ ဘြန္ဒက္လီဂါၿပိဳင္ပြဲရဲ႕ စည္းမ်ဥ္းေၾကာင့္ အသက္ ၁၅ ေက်ာ္ေက်ာ္ သာရွိေသးတဲ့ ေမာ့ကိုကို အေနနဲ႔ လာမယ့္ရာသီမွာ ေဒါ့မြန္အသင္းႀကီးအတြက္ ကစားခြင့္ရဖို႔မ်ားေနပါတယ္။ အရင္က ဘြန္ ဒက္လီဂါအသင္းႀကီးမွာ ပါဝင္ကစားဖို႔အတြက္ ကစားသမားတစ္ေယာက္ဟာ အနည္းဆံုးအသက္ ၁၆ႏွစ္နဲ႔ ၆ လအထက္ မွာ ရွိရမွာ ျဖစ္ပါတယ္။
ေမာ့ကိုကို ဟာ ကင္မရြန္းႏိုင္ငံမွာ ေမြးဖြားခဲ့သူျဖစ္ေပမယ့္ ဂ်ာမနီယူ-၁၆ အသင္းအတြက္ ကစားေပးေနသူလည္းျဖစ္ပါ တယ္။ ေဒါ့မြန္ယူ-၁၇ အသင္းမွာ ကစားခဲ့တုန္းက ေမာ့ကိုကိုဟာ ၅၆ ပြဲမွာ ဂိုး ၉၀ သြင္းယူႏိုင္ခဲ့ၿပီး အသက္-၁၄ ႏွစ္အရြယ္ မွာပဲ ယူ-၁၉ အသင္းအတြက္ ကစားေပးခဲ့ရာမွာေတာ့ ပြဲ ၂၀ မွာ ၃၄ ဂိုးအထိသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ လာမယ့္ ႏိုဝင္ဘာလမွာ အသက္ ၁၆ ႏွစ္ျပည့္မယ့္ ေမာ့ကိုကို ,ကို လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းႀကီးအတြက္ ကစား ခြင့္ေပးမယ့္ နည္းျပဖာဗရီက စီစဥ္ေနတယ္လို႔ သိရပါတယ္။