ဒေးဗစ်ဘက်ခမ်းရဲ့ အသင်းက တစ်နှစ်ပေါင် ၅.၃ သန်း လစာ နဲ့ ကမ်းလှမ်းတာကို ငြင်းဆန်လိုက်တဲ့ ဂေါ့ဇီ

ဂေါ့ဇီဟာ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမီယာမီအသင်းက ကမ်းလှမ်းလိုက်တာကို ငြင်းဆန်လိုက်ပြီး ဥရောပမှာပဲဆက်နေလိုကြောင်း ပြသသွားပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ဒေါ့မွန်အသင်းကနေ ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးလို့ ထွက်လာခဲ့သူဖြစ်ပြီး အသင်းလက်မဲ့ ဖြစ်နေပါတယ်။

ဘက်ခမ်းဟာ သူ့ရဲ့ မေဂျာလိဂ်ကလပ်အသင်းထံ အတွေ့အကြုံရှိကစားသမားတေါကို ခေါ်ယူလိုနေတာဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းခဲ့တဲ့ ကစားသမားကို ခေါ်ယူလိုနေပါတယ်။ဂျာမန်သတင်းစာ Bild က အဆိုအရ ဂေါ့ဇီကို အင်တာမီယာမီ အသင်းက ချဉ်းကပ်ခဲ့ပြီး မေဂျာလိဂ်ကို လာရောက်ကစားရန် ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ သူ့အနေနဲ့ ဥရောပမှာ ကစားလို့ မပြီးသေးဘူးလို့ ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။ အင်တာမီယာမီအသင်းဟာ ဂေါ့ဇီကို မေဂျာလိဂ်မှာ အမြင့်မားဆုံး လစာဖြစ်တဲ့ တစ်နှစ်ကို ပေါင် ၅.၃ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ တစ်ချိန်တုန်းက ဂေါ့ဇီဟာ ဒေါ့မွန် ၊ ဘိုင်ယန်မြူးနစ် နဲ့ ဂျာမနီအသင်းတို့မှာ အကောင်းဆုံး စွမ်းဆောင်ပြီးနောက် ဥရောပရဲ့ အလားအလာရှိ ကစားသမားလို့ သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

အခုလက်ရှိ အသင်းလက်မဲ့ဖြစ်နေသော်လည်း သူ့ကို ဥရောပ က အသင်းတော်တော်များများက စိတ်ဝင်စားနေပါတယ်။ မိုနာကို၊ ဆီဗီလာ ၊ ဖီအိုရင်တီးနား၊ အေစီမီလန် နဲ့ ရိုးမားအသင်းတို့ အားလုံးဟာ ကွင်းလယ်ဖန်တီးရှင်ကစားသမားကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။ အင်တာမီယာမီအသင်းဟာ မကြာသေးခင်က ဂျူဗင်တပ်စ် ကွင်းလယ်လူ မာတူဒီကို ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

ေဒးဗစ္ဘက္ခမ္းရ႕ဲ အသင္းက တစ္ႏွစ္ေပါင္ ၅.၃ သန္း လစာ နဲ႔ ကမး္လွမ္းတာကို ျငင္းဆန္လိုက္တဲ့ ေဂါ့ဇီ

ေဂါ့ဇီဟာ ေဒးဗစ္ဘက္ခမ္းရဲ႕ အင္တာမီယာမီအသင္းက ကမ္းလွမ္းလိုက္တာကို ျငင္းဆန္လိုက္ျပီး ဥေရာပမွာပဲဆက္ေနလိုေၾကာင္း ျပသသြားပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ ေဒါ့မြန္အသင္းကေန ဒီေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးလို႔ ထြက္လာခဲ့သူျဖစ္ျပီး အသင္းလက္မဲ့ ျဖစ္ေနပါတယ္။

ဘက္ခမ္းဟာ သူ႔ရဲ႕ ေမဂ်ာလိဂ္ကလပ္အသင္းထံ အေတြ႕အၾကံဳရွိကစားသမားေတါကို ေခၚယူလိုေနတာျဖစ္ျပီး ၂၀၁၄ ကမာၻ႕ဖလားဗိုလ္လုပြဲမွာ အႏိုင္ဂုိးသြင္းခဲ့တဲ့ ကစားသမားကို ေခၚယူလိုေနပါတယ္။ဂ်ာမန္သတင္းစာ Bild က အဆိုအရ ေဂါ့ဇီကို အင္တာမီယာမီ အသင္းက ခ်ဥ္းကပ္ခဲ့ျပီး ေမဂ်ာလိဂ္ကို လာေရာက္ကစားရန္ ဖိတ္ေခၚခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ သူ႔အေနနဲ႔ ဥေရာပမွာ ကစားလို႔ မျပီးေသးဘူးလို႔ ျငင္းဆန္သြားခဲ့တာျဖစ္ပါတယ္။ အင္တာမီယာမီအသင္းဟာ ေဂါ့ဇီကို ေမဂ်ာလိဂ္မွာ အျမင့္မားဆံုး လစာျဖစ္တဲ့ တစ္ႏွစ္ကို ေပါင္ ၅.၃ သန္းနဲ႔ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။ တစ္ခ်ိန္တုန္းက ေဂါ့ဇီဟာ ေဒါ့မြန္ ၊ ဘိုင္ယန္ျမဴးနစ္ နဲ႔ ဂ်ာမနီအသင္းတို႔မွာ အေကာင္းဆံုး စြမ္းေဆာင္ျပီးေနာက္ ဥေရာပရဲ႕ အလားအလာရွိ ကစားသမားလို႔ သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။

အခုလက္ရွိ အသင္းလက္မဲ့ျဖစ္ေနေသာ္လည္း သူ႔ကို ဥေရာပ က အသင္းေတာ္ေတာ္မ်ားမ်ားက စိတ္၀င္စားေနပါတယ္။ မိုနာကို၊ ဆီဗီလာ ၊ ဖီအိုရင္တီးနား၊ ေအစီမီလန္ နဲ႔ ရိုးမားအသင္းတို႔ အားလံုးဟာ ကြင္းလယ္ဖန္တီးရွင္ကစားသမားကို စိတ္၀င္စားေနတာျဖစ္ပါတယ္။ အင္တာမီယာမီအသင္းဟာ မၾကာေသးခင္က ဂ်ဴဗင္တပ္စ္ ကြင္းလယ္လူ မာတူဒီကုိ ေခၚယူခဲ့တယ္လို႔ သိရပါတယ္။