လေ့ကျင့်ရေးကွင်းပေါ်ကို ရောက်လာတဲ့ ဒရုန်းလေယာဉ်ကြောင့် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ပြီးခဲ့တဲ့သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့လေ့ကျင့်ရေးကွင်းကို မောင်းသူမဲ့လေယာဉ်ဖြစ်တဲ့ ဒရုန်းနဲ့ လာရောက်ပြီး စုံစမ်းမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ချဲလ်ဆီးနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် နောက်ဆုံးလေ့ကျင့်ခန်းဆင်းမှုအဖြစ် သောကြာနေ့က ဒေသစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ်မှာ ပြုလုပ်ခဲ့ရာမှာ ဒရုန်းလေ ယာဉ်နဲ့ လာရောက်စုံစမ်းတာတွေရှိတာကြောင့် အသင်းတာဝန်ရှိသူတွေဟာ ရဲတပ်ဖွဲ့ကိုခေါ်ယူပြီး စုံစမ်းစမ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှုအရတော့ အရွယ်ရောက်ပြီးသူ လေးဦးနဲ့ ကလေးတစ်ယောက်တို့ဟာ ဒရုန်းလေယာဉ်ကိုမောင်း နှင်ခဲ့တာဖြစ်တယ်လို့ ဂျာမန်သတင်းစာ BILD က ဖော်ပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့စစ်ဆေးမှုအရတော့ အရွယ်ရောက်ပြီးသူ တွေဟာ ကလေးငယ်ကို ဘိုင်ယန်မြူးနစ်အသင်းရဲ့ လေ့ကျင့်မှုတွေပြချင်လို့ အခုလိုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါ တယ်။ ဒရုန်းလေယာဉ်နဲ့ ပြိုင်ဘက်အသင်းရဲ့လှုပ်ရှားမှုတွေကို စုံစမ်းတဲ့ကိစ္စမျိုးဟာ ပြီးခဲ့တဲ့လတုန်းက ဖြစ်ပွားခဲ့ဖူးပြီး လိဒ် ယူနိုက်တက်က ဒါဘီအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို စုံစမ်းခဲ့တာပဲ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဒီနေ့ညမှာ ချဲလ်ဆီးကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။ ပထမအကျော့က အဝေးကွင်းမှာ သုံးဂိုးပြတ်အနိုင်ရထားတာကြောင့် ဘိုင်ယန်မြူးနစ်အ နေနဲ့ အိမ်ကွင်းပွဲစဉ်မှာတော့ ဖိအားမရှိဘဲကစားနိုင်မှာဖြစ်ပါတယ်။ဘိုင်ယန်အနေနဲ့ ကွာတားဖိုင်နယ်တက်နိုင်ခဲ့မယ်ဆိုရင် ဘာစီလိုနာ-နာပိုလီအတွဲက အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ကစားမယ့်ပွဲအတွက် ဘိုင်ယန်မြူးနစ်အသင်းမှာ တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ကိုးမန်းအနေနဲ့ ဒဏ်ရာ ကြောင့်ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပြီး သူရဲ့နေရာအတွက် ပါရီဆစ် မဟုတ်ရင် ကော်တင်ဟိုတို့နဲ့ အစားထိုးသွားမယ် လို့ နည်းပြ ဖိလစ်ခ်က ပြောခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာတော့ ဒဏ်ရာရကစားသမားတွေများပြားနေတာကြောင့် ဘိုင်ယန်နဲ့ပွဲမှာ အဓိက,ကစားသမားအချို့ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

zawgyi version

ေလ့က်င့္ေရးကြင္းေပၚကို ေရာက္လာတဲ့ ဒ႐ုန္းေလယာဥ္ေၾကာင့္ စံုစမ္းစစ္ေဆးမႈေတြျပဳလုပ္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္

ၿပီးခဲ့တဲ့ေသာၾကာေန႔က ျပဳလုပ္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ေလ့က်င့္ေရးကြင္းကို ေမာင္းသူမဲ့ေလယာဥ္ျဖစ္တဲ့ ဒ႐ုန္းနဲ႔ လာေရာက္ၿပီး စံုစမ္းမႈေတြရွိခဲ့တယ္လို႔ သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ ခ်ဲလ္ဆီးနဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ ေနာက္ဆံုးေလ့က်င့္ခန္းဆင္းမႈအျဖစ္ ေသာၾကာေန႔က ေဒသစံေတာ္ခ်ိန္ ၁၂ နာရီ ၁၅ မိနစ္မွာ ျပဳလုပ္ခဲ့ရာမွာ ဒ႐ုန္းေလ ယာဥ္နဲ႔ လာေရာက္စံုစမ္းတာေတြရွိတာေၾကာင့္ အသင္းတာဝန္ရွိသူေတြဟာ ရဲတပ္ဖြဲ႕ကိုေခၚယူၿပီး စံုစမ္းစမ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

ရဲတပ္ဖြဲ႕စံုစမ္းစစ္ေဆးမႈအရေတာ့ အရြယ္ေရာက္ၿပီးသူ ေလးဦးနဲ႔ ကေလးတစ္ေယာက္တို႔ဟာ ဒ႐ုန္းေလယာဥ္ကိုေမာင္း ႏွင္ခဲ့တာျဖစ္တယ္လို႔ ဂ်ာမန္သတင္းစာ BILD က ေဖာ္ျပခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕စစ္ေဆးမႈအရေတာ့ အရြယ္ေရာက္ၿပီးသူ ေတြဟာ ကေလးငယ္ကို ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ေလ့က်င့္မႈေတြျပခ်င္လို႔ အခုလိုလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ဝန္ခံခဲ့ပါ တယ္။ ဒ႐ုန္းေလယာဥ္နဲ႔ ၿပိဳင္ဘက္အသင္းရဲ႕လႈပ္ရွားမႈေတြကို စံုစမ္းတဲ့ကိစၥမ်ိဳးဟာ ၿပီးခဲ့တဲ့လတုန္းက ျဖစ္ပြားခဲ့ဖူးၿပီး လိဒ္ ယူႏိုက္တက္က ဒါဘီအသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြကို စံုစမ္းခဲ့တာပဲ ျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ခ်န္ပီယံလိဂ္ရႈံးထြက္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ဒီေန႔ညမွာ ခ်ဲလ္ဆီးကို အိမ္ကြင္းမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။ ပထမအေက်ာ့က အေဝးကြင္းမွာ သံုးဂိုးျပတ္အႏိုင္ရထားတာေၾကာင့္ ဘိုင္ယန္ျမဴးနစ္အ ေနနဲ႔ အိမ္ကြင္းပြဲစဥ္မွာေတာ့ ဖိအားမရွိဘဲကစားႏိုင္မွာျဖစ္ပါတယ္။ဘိုင္ယန္အေနနဲ႔ ကြာတားဖိုင္နယ္တက္ႏိုင္ခဲ့မယ္ဆိုရင္ ဘာစီလိုနာ-နာပိုလီအတြဲက အႏိုင္ရတဲ့အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ကစားမယ့္ပြဲအတြက္ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ ကိုးမန္းအေနနဲ႔ ဒဏ္ရာ ေၾကာင့္ပါဝင္ႏိုင္မွာ မဟုတ္ဘူးလို႔ သိရၿပီး သူရဲ႕ေနရာအတြက္ ပါရီဆစ္ မဟုတ္ရင္ ေကာ္တင္ဟိုတို႔နဲ႔ အစားထိုးသြားမယ္ လို႔ နည္းျပ ဖိလစ္ခ္က ေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းမွာေတာ့ ဒဏ္ရာရကစားသမားေတြမ်ားျပားေနတာေၾကာင့္ ဘိုင္ယန္နဲ႔ပြဲမွာ အဓိက,ကစားသမားအခ်ိဳ႕ပါဝင္ႏိုင္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။