အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးချင်တဲ့အတွက် ဘိုတန်းကို ဒီနွေရာသီမှာ ရောင်းချချင်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်း

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘိုတန်းကို နောက်ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးချင်တဲ့အတွက် ဒီနွေရာသီမှာ ရောင်းချချင်နေတယ်လို့ သတင်းများအရ သိရပါတယ်။ နောက်ခံကစားသမားဟာ ဒီဇင်ဘာလက နီကိုကိုဗက် နေရာမှာ ဟန်ဆီဖလစ်ခ် တာဝန်ယူပြီးကတည်းက ပုံမှန်ပွဲကစားခွင့် ရလာသူဖြစ်ပေမယ့် အသက် ၃၁ နှစ်အရွယ်ကစားသမားရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်မချုပ်ရသေးဘူး ဖြစ်ပါတယ်။

Sport Bild က အဆိုအရ အသင်းဟာ ဘိုတန်းကို ရောင်းချချင်ပေမယ့် စာချုပ်လည်း သက်တမ်းတိုးချင်နေတယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာကမ်းလှမ်းမှုမှ မရပါက ဂျာမနီအသင်းနဲ့ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ ကစားသမားနဲ့ စတင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

နောက်ခံလူဟာ ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်စ်လီဂါ ဖလား (၈) နှစ်ဆက်တိုက် ရရှိရမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်စွမ်းဆောင်ပေးခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ဆူလီ ဒဏ်ရာ ရနေချိန်မှာ ဘိုတန်းဟာ ပုံမှန်ကစားခွင့် ရလာတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ အောက်တိုဘာလတုန်းက ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အခုအချိန်ထိ ပြန်လည်သက်သာလာခြင်းမရှိသေးပါဘူး။

ဒါ့ကြောင့် ဘိုတန်းဟာ ချဲလ်ဆီး နဲ့ ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပွဲထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။ ဂျာမနီကလပ်အသင်းဟာ ပထမအကျော့ စတန်းဖိုဒ့်ဘရစ်ချ်မှာ ကစားခဲ့တုန်းက (၃-ဝ) နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး နောက်တစ်ဆင့်တက်ရန် ရေပန်းစားနေတာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်မှာ ဘာစီလိုနာ နဲ့ နာပိုလီအသင်း (၂) သင်းထဲက တစ်သင်းနဲ့ ရင်ဆိုင်ရမှာပါ။

အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ မဆံုးရႈံးခ်င္တဲ့အတြက္ ဘိုတန္းကို ဒီေႏြရာသီမွာ ေရာင္းခ်ခ်င္ေနတဲ့ ဘိုင္ယန္ျမဴးနစ္အသင္း

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဘိုတန္းကို ေနာက္ရာသီအကုန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ မဆံုးရႈံးခ်င္တဲ့အတြက္ ဒီေႏြရာသီမွာ ေရာင္းခ်ခ်င္ေနတယ္လို႔ သတင္းမ်ားအရ သိရပါတယ္။ ေနာက္ခံကစားသမားဟာ ဒီဇင္ဘာလက နီကိုကိုဗက္ ေနရာမွာ ဟန္ဆီဖလစ္ခ္ တာ၀န္ယူျပီးကတည္းက ပံုမွန္ပြဲကစားခြင့္ ရလာသူျဖစ္ေပမယ့္ အသက္ ၃၁ ႏွစ္အရြယ္ကစားသမားရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၁ ခုႏွစ္မွာ ကုန္ဆံုးမွာျဖစ္ျပီး စာခ်ဳပ္သစ္မခ်ဳပ္ရေသးဘူး ျဖစ္ပါတယ္။

Sport Bild က အဆိုအရ အသင္းဟာ ဘုိတန္းကို ေရာင္းခ်ခ်င္ေပမယ့္ စာခ်ဳပ္လည္း သက္တမ္းတုိးခ်င္ေနတယ္လို႔ သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဘာကမ္းလွမ္းမႈမွ မရပါက ဂ်ာမနီအသင္းနဲ႔ ကမာၻ႕ဖလား ဆြတ္ခူးခဲ့တဲ့ ကစားသမားနဲ႔ စတင္ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

ေနာက္ခံလူဟာ ဘိုင္ယန္ျမဴးနစ္အသင္း ဘြန္ဒက္စ္လီဂါ ဖလား (၈) ႏွစ္ဆက္တိုက္ ရရွိရမွာ အဓိက အခန္းက႑ကေန ပါ၀င္စြမ္းေဆာင္ေပးခဲ့ပါတယ္။ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဆူလီ ဒဏ္ရာ ရေနခ်ိန္မွာ ဘိုတန္းဟာ ပံုမွန္ကစားခြင့္ ရလာတာျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ ေအာက္တုိဘာလတုန္းက ဒဏ္ရာ ရရွိခဲ့တာျဖစ္ျပီး အခုအခ်ိန္ထိ ျပန္လည္သက္သာလာျခင္းမရွိေသးပါဘူး။

ဒါ့ေၾကာင့္ ဘိုတန္းဟာ ခ်ဲလ္ဆီး နဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ပြဲထြက္ပါ၀င္လာဖြယ္ရွိေနပါတယ္။ ဂ်ာမနီကလပ္အသင္းဟာ ပထမအေက်ာ့ စတန္းဖိုဒ့္ဘရစ္ခ်္မွာ ကစားခဲ့တုန္းက (၃-၀) နဲ႔ အႏိုင္ရခဲ့တာျဖစ္ျပီး ေနာက္တစ္ဆင့္တက္ရန္ ေရပန္းစားေနတာျဖစ္ပါတယ္။ ကြာတားဖိုင္နယ္မွာ ဘာစီလိုနာ နဲ႔ နာပိုလီအသင္း (၂) သင္းထဲက တစ္သင္းနဲ႔ ရင္ဆိုင္ရမွာပါ။