Call of Duty ဂိမ်းကို ယူနိုက်တက်ကစားသမားတွေနဲ့ နေတိုင်းကစားနေတဲ့ ဒေါ့မွန်ကစားသမား ဆန်ချို

ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်တဲ့အနေအထားတွေမှာ ရှိနေတဲ့ ဒေါ့မွန် ကစားသမား ဆန်ချိုအနေနဲ့ အွန်လိုင်းဂိမ်းတစ်ခုဖြစ်တဲ့ Call of Duty ဂိမ်းကို ယူနိုက်တက်ကစားသမားတွေနဲ့အတူ နေတိုင်းကစားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းရဲ့ နွေရာသီအပြောင်းအရွှေ့မှာ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ဆန်ချိုအတွက် ကလပ်နှစ်သင်းကြားမှာ အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့ပဲ လိုတော့တယ်လို့ သိရပါတယ်။

ယူနိုက်တက်တောင်ပံကစားသမား လင်ဂတ်က “ ဆန်ချိုအနေနဲ့ ယူနိုက်တက်မှာရှိတဲ့ကစားသမားတွေနဲ့အတူ နေ့တိုင်းနီး ပါး ဂိမ်းကစားဖြစ်လေ့ရှိပါတယ်။ ရက်ရှ်ဖို့ဒ်၊ ဝီလီယံ၊ပေါ့ဘာ၊ဆန်ချိုတို့အနေနဲ့ အွန်လိုင်းဂိမ်းကိုအတူကစားဖြစ်တာပါ။ ကျွန် တော်နဲ့ ဒန်နီရယ်လ်ဂျိမ်းကတော့ နေ့တိုင်းအတူကစားဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။ Sunsport ရဲ့ဖော်ပြမှုမှာတော့ ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ဒီတစ်ပတ်အတွင်းမှာ အပြီးသတ်ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။

ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် သန်း ၁၁၀ နဲ့ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပြီး လေးနှစ် စာချုပ်ချုပ်ဆိုဖို့ရှိတယ်လို့ သိရပါတယ်။ ဆန်ချိုအနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့လာဖြစ်တယ်ဆိုရင် အသင်းရဲ့ဂန္တဝင် ကျောနံပါတ်တစ်ခုဖြစ်တဲ့ ၇ ကို ဝတ်ဆင်မှာဖြစ်တယ်ပါတယ်။ လက်ရှိယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ကိုတော့ အင်တာ မီလန်မှာ အဌားနဲ့သွားကစားနေတဲ့ တိုက်စစ်မှူးဆန်းချက်ဇ်က ဝတ်ဆင်ထားတာပဲ ဖြစ်ပါတယ်။

ဆန်ချိုနဲ့ ဆက်စပ်တဲ့အခြားသတင်းတစ်ပုဒ်မှာတော့ ယူနိုက်တက်ကို ဆန်ချိုအနေနဲ့ ပေါင်သန်း ၁၀၀ ကျော်နဲ့ ပြောင်းရွှေ့ ဖြစ်ခဲ့မယ်ဆိုရင် အသင်းဟောင်းဖြစ်တဲ့ မန်စီးတီးအနေနဲ့ ပေါင် ၁၅ သန်းရရှိမယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်က မန်စီးတီး ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့သွားတဲ့ ဆန်ချိုရဲ့ အပြောင်းအရွှေ့မှာ ဆန်ချိုရဲ့နောက်ထပ်အပြောင်းအရွှေ့အတွက် မန်စီးတီး က အပြောင်းအရွှေ့တန်ဖိုးရဲ့ ၁၅ ရာခိုင်နှုန်းရရှိမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

zawgyi version

Call of Duty ဂိမ္းကို ယူႏိုက္တက္ကစားသမားေတြနဲ႔ ေနတိုင္းကစားေနတဲ့ ေဒါ့မြန္ကစားသမား ဆန္ခ်ိဳ
ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ ယူႏိုက္တက္အသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္တဲ့အေနအထားေတြမွာ ရွိေနတဲ့ ေဒါ့မြန္ ကစားသမား ဆန္ခ်ိဳအေနနဲ႔ အြန္လိုင္းဂိမ္းတစ္ခုျဖစ္တဲ့ Call of Duty ဂိမ္းကို ယူႏိုက္တက္ကစားသမားေတြနဲ႔အတူ ေနတိုင္းကစားေနတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ေႏြရာသီအေျပာင္းအေရႊ႕မွာ ဦးစားေပးပစ္မွတ္ျဖစ္တဲ့ ဆန္ခ်ိဳအတြက္ ကလပ္ႏွစ္သင္းၾကားမွာ အေျပာင္းအေရႊ႕အတြက္ ေျပာင္းေရႊ႕ေၾကး ညွိႏိႈင္းဖို႔ပဲ လိုေတာ့တယ္လို႔ သိရပါ တယ္။
ယူႏိုက္တက္ေတာင္ပံကစားသမား လင္ဂတ္က “ ဆန္ခ်ိဳအေနနဲ႔ ယူႏိုက္တက္မွာရွိတဲ့ကစားသမားေတြနဲ႔အတူ ေန႔တိုင္းနီး ပါး ဂိမ္းကစားျဖစ္ေလ့ရွိပါတယ္။ ရက္ရွ္ဖို႔ဒ္၊ ဝီလီယံ၊ေပါ့ဘာ၊ဆန္ခ်ိဳတို႔အေနနဲ႔ အြန္လိုင္းဂိမ္းကိုအတူကစားျဖစ္တာပါ။ ကြ်န္ ေတာ္နဲ႔ ဒန္နီရယ္လ္ဂ်ိမ္းကေတာ့ ေန႔တိုင္းအတူကစားျဖစ္ပါတယ္” လို႔ေျပာခဲ့ပါတယ္။ Sunsport ရဲ႕ေဖာ္ျပမႈမွာေတာ့ ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကို ဒီတစ္ပတ္အတြင္းမွာ အၿပီးသတ္ေခၚယူႏိုင္မယ္လို႔ သိရပါတယ္။
ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပါင္ သန္း ၁၁၀ နဲ႔ေခၚယူဖို႔ စီစဥ္ေနတာျဖစ္ၿပီး ေလးႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ရွိတယ္လို႔ သိရပါတယ္။ ဆန္ခ်ိဳအေနနဲ႔ ယူႏိုက္တက္ကို ေျပာင္းေရႊ႕လာျဖစ္တယ္ဆိုရင္ အသင္းရဲ႕ဂႏၲဝင္ ေက်ာနံပါတ္တစ္ခုျဖစ္တဲ့ ၇ ကို ဝတ္ဆင္မွာျဖစ္တယ္ပါတယ္။ လက္ရွိယူႏိုက္တက္ရဲ႕ ေက်ာနံပါတ္ ၇ ကိုေတာ့ အင္တာ မီလန္မွာ အဌားနဲ႔သြားကစားေနတဲ့ တိုက္စစ္မွဴးဆန္းခ်က္ဇ္က ဝတ္ဆင္ထားတာပဲ ျဖစ္ပါတယ္။
ဆန္ခ်ိဳနဲ႔ ဆက္စပ္တဲ့အျခားသတင္းတစ္ပုဒ္မွာေတာ့ ယူႏိုက္တက္ကို ဆန္ခ်ိဳအေနနဲ႔ ေပါင္သန္း ၁၀၀ ေက်ာ္နဲ႔ ေျပာင္းေရႊ႕ ျဖစ္ခဲ့မယ္ဆိုရင္ အသင္းေဟာင္းျဖစ္တဲ့ မန္စီးတီးအေနနဲ႔ ေပါင္ ၁၅ သန္းရရွိမယ္လို႔ သိရပါတယ္။ ၂၀၁၇ ခုႏွစ္က မန္စီးတီး ကေန ေဒါ့မြန္ကို ေျပာင္းေရႊ႕သြားတဲ့ ဆန္ခ်ိဳရဲ႕ အေျပာင္းအေရႊ႕မွာ ဆန္ခ်ိဳရဲ႕ေနာက္ထပ္အေျပာင္းအေရႊ႕အတြက္ မန္စီးတီး က အေျပာင္းအေရႊ႕တန္ဖိုးရဲ႕ ၁၅ ရာခိုင္ႏႈန္းရရွိမယ္ဆိုတဲ့ အခ်က္ကို ထည့္သြင္းခ်ဳပ္ဆိုခဲ့တယ္လို႔ သိရပါတယ္။