၁၃ ရက်အတွင်း ယူနိုက်တက်အနေနဲ့ မခေါ်နိုင်ရင် လီဗာပူးကိုရောက်ဖို့ ပိုများနေတဲ့ ဒေါ့မွန်ကစားသမား ဆန်ချို

ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်က ဦးစားပေးခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေတဲ့ ဆန်ချိုကို လီဗာပူးက လည်း စိတ်ဝင်စားမှုတွေရှိလာတာကြောင့် အပြောင်းအရွှေ့သတင်းတွေ ပိုပြီးလှုပ်ခတ်လာခဲ့ပါတယ်။ဗုဒ္ဓဟူးနေ့ထုတ် Kicker မဂ္ဂဇင်းကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ဖို့ လီဗာပူးနည်းပြ ကလော့ပ်အနေနဲ့ အသင်းအတွက် အရည်အချင်းရှိတဲ့ကစားသမားတွေကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ ယူနိုက်တက်ကို ၃၃ မှတ်ဖြတ်ထားနိုင်ပြီး နှစ် ၃၀ ကျော်ကြာဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆု ကို ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အသင်းရဲ့ကစားကွက်ဖြစ်တဲ့ တိုက်စစ်မှူးသုံးယောက်မှာ မာရှယ်လ်၊ ရက်ရှ်ဖို့ဒ်နဲ့ တွဲဖို့အတွက် ဆန်ချိုကို အသင်းထံခေါ်ယူဖို့အတွက် အလိုရှိနေတာပဲဖြစ်ပါတယ်။ဒေါ့မွန်အနေနဲ့ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးအတွက် ပေါင်သန်း ၁၁၀ လောက်အလိုရှိနေတယ်လို့ သိရပါတယ်။

ဆန်ချိုဟာ ၂၀၁၇ ခုနှစ်က မန်စီးတီးကနေ ဒေါ့မွန်ကို ပေါင် ၈သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး အံသြဖွယ်ခြေစွမ်းပြနိုင် လာခဲ့ကာ ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ်သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ဒေါ့မွန်အနေနဲ့ ဆန်ချိုကို ခေါ်ယူမယ်ဆိုပါက ၁၃ ရက်အတွင်းအပြီးသတ်ခေါ်ယူဖို့အတွက် ယူနိုက်တက်ဘက်ကို အကြောင်းကြားစာ ပို့ ထားတယ်လို့လည်း သိရပါတယ်။

အသက် ၂၀ သာရှိသေးတဲ့ ဆန်ချိုဟာ စက်တင်ဘာလအလယ်မှာပြန်စတင်မယ့် ဘွန်ဒက်လီဂါရာသီသစ်အတွက် ဒေါ့မွန် အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့လည်း သိရပါတယ်။ဒေါ့မွန်အနေနဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်မယ့်ရာ သီကြိုခြေစမ်းပွဲတွေ မတိုင်ခင်မှာ ဆန်ချိုရဲ့အပြောင်းအရွှေ့ကို အဆုံးသတ်လိုနေတာဖြစ်ပါတယ်။ လီဗာပူးကလည်း ဆန်ချို ကို စိတ်ဝင်စားမှုရှိလာတာကြောင့် ယူနိုက်တက်အနေနဲ့ ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးကို ဒေါ့မွန်က အလိုရှိနေတဲ့အတိုင်း ပေး ချေရဖို့ များနေပါတယ်။

 

zawgyi version

