အသင်းအတွက် ဂိုး ၂၀၀ မြောက်သွင်းယူပြီးချိန်မှာ အသင်းသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူ ဖြစ်လာနိုင်တယ်လို့ ဖော်ပြခံရတဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာတော့ စပါးဟာ အဝေးကွင်းမှာ ကစားရတာဖြစ်ပေမယ့် လူဒိုဂို ရက်စ်အသင်းကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး တိုက်စစ်မှူးဖြစ်တဲ့ ဟယ်ရီကိန်းကလည်း အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး ကို သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ ဟယ်ရီကိန်းရဲ့ စပါးအသင်းအတွက် သွင်းဂိုး ၂၀၀ မြောက်ဂိုးဖြစ်သလို အသင်းသမိုင်း တစ် လျှောက်မှာလည်း တတိယမြောက်ဂိုးအများဆုံး သွင်းယူဖြစ်ခဲ့တယ်လို့ သိရပါတယ်။


ဟယ်ရီကိန်းအနေနဲ့ စပါးအသင်းအတွက် သွင်းဂိုး ၂၀၀ ကို သွင်းယူခဲ့ရာမှာ ညာခြေနဲ့ကန်သွင်းယူခဲ့တာက ၁၂၁ ဂိုးရှိပြီး ၊ဘယ်ခြေနဲ့ သွင်းယူတာက ၄၄ ဂိုး၊ ခေါင်းတိုက်သွင်းယူတာက ၃၄ ဂိုးရှိခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် အခြားခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ သွင်းယူခဲ့တာက ၁ဂိုးရှိခဲ့တယ်လို့ သိရပါတယ်။ သွင်းဂိုး ၂၀၀ မှာ ၁၈ ကိုက်စည်းအတွင်းက သွင်းယူတာက ၁၇၇ ဂိုးရှိခဲ့ပြီး စည်းအပြင်ကနေ သွင်းယူမှုကတော့ ၂၃ ဂိုးသာရှိခဲ့တာ ဖြစ်ပါတယ်။


အသက် ၂၇ နှစ်သာရှိသေးတဲ့ ဟယ်ရီကိန်းက သွင်းဂိုး ၂၀၀ မှာ ပင်နယ်တီဂိုး ၃၀ ပါဝင်ခဲ့ပြီး ပြစ်ဒဏ်ဘောကနေ တိုက် ရိုက်ကန်သွင်းယူနိုင်မှုက တစ်ကြိမ်ပဲ ရှိခဲ့တယ်လို့ သိရပါတယ်။ ဟယ်ရီကိန်းအနေနဲ့ အသင်းသမိုင်းမှာ တတိယမြောက် ဂိုးသွင်းအများဆုံးဖြစ်ပြီး ဒုတိယဂိုးအများဆုံးဖြစ်ထားတဲ့ ဘော်ဘီစမစ်ရဲ့ သွင်းဂိုးကို မီဖို့ ၈ ဂိုးပဲ လိုအပ်တော့တာ ဖြစ်ပါ တယ်။ စပါးအသင်းသမိုင်းမှာ ဂိုးအများဆုံးသွင်းထားသူက ဂရီယာဗက်စ်ဖြစ်ပြီး ၂၆၆ ဂိုးသွင်းယူထားတာပဲ ဖြစ်ပါတယ်။

zawgyi version

အသင္းအတြက္ ဂိုး ၂၀၀ ေျမာက္သြင္းယူၿပီးခ်ိန္မွာ အသင္းသမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆံုးသြင္းသူ ျဖစ္လာႏိုင္တယ္လို႔ ေဖာ္ျပခံရတဲ့ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္း
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြမွာေတာ့ စပါးဟာ အေဝးကြင္းမွာ ကစားရတာျဖစ္ေပမယ့္ လူဒိုဂို ရက္စ္အသင္းကို သံုးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး တိုက္စစ္မွဴးျဖစ္တဲ့ ဟယ္ရီကိန္းကလည္း အသင္းအတြက္ အႏိုင္ဂိုးတစ္ဂိုး ကို သြင္းယူေပးခဲ့ပါတယ္။ ဒီဂိုးဟာ ဟယ္ရီကိန္းရဲ႕ စပါးအသင္းအတြက္ သြင္းဂိုး ၂၀၀ ေျမာက္ဂိုးျဖစ္သလို အသင္းသမိုင္း တစ္ ေလွ်ာက္မွာလည္း တတိယေျမာက္ဂိုးအမ်ားဆံုး သြင္းယူျဖစ္ခဲ့တယ္လို႔ သိရပါတယ္။
ဟယ္ရီကိန္းအေနနဲ႔ စပါးအသင္းအတြက္ သြင္းဂိုး ၂၀၀ ကို သြင္းယူခဲ့ရာမွာ ညာေျခနဲ႔ကန္သြင္းယူခဲ့တာက ၁၂၁ ဂိုးရွိၿပီး ၊ဘယ္ေျခနဲ႔ သြင္းယူတာက ၄၄ ဂိုး၊ ေခါင္းတိုက္သြင္းယူတာက ၃၄ ဂိုးရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါအျပင္ အျခားခႏၶာကိုယ္ အစိတ္အပိုင္းနဲ႔ သြင္းယူခဲ့တာက ၁ဂိုးရွိခဲ့တယ္လို႔ သိရပါတယ္။ သြင္းဂိုး ၂၀၀ မွာ ၁၈ ကိုက္စည္းအတြင္းက သြင္းယူတာက ၁၇၇ ဂိုးရွိခဲ့ၿပီး စည္းအျပင္ကေန သြင္းယူမႈကေတာ့ ၂၃ ဂိုးသာရွိခဲ့တာ ျဖစ္ပါတယ္။
အသက္ ၂၇ ႏွစ္သာရွိေသးတဲ့ ဟယ္ရီကိန္းက သြင္းဂိုး ၂၀၀ မွာ ပင္နယ္တီဂိုး ၃၀ ပါဝင္ခဲ့ၿပီး ျပစ္ဒဏ္ေဘာကေန တိုက္ ႐ိုက္ကန္သြင္းယူႏိုင္မႈက တစ္ႀကိမ္ပဲ ရွိခဲ့တယ္လို႔ သိရပါတယ္။ ဟယ္ရီကိန္းအေနနဲ႕ အသင္းသမိုင္းမွာ တတိယေျမာက္ ဂိုးသြင္းအမ်ားဆံုးျဖစ္ၿပီး ဒုတိယဂိုးအမ်ားဆံုးျဖစ္ထားတဲ့ ေဘာ္ဘီစမစ္ရဲ႕ သြင္းဂိုးကို မီဖို႔ ၈ ဂိုးပဲ လိုအပ္ေတာ့တာ ျဖစ္ပါ တယ္။ စပါးအသင္းသမိုင္းမွာ ဂိုးအမ်ားဆံုးသြင္းထားသူက ဂရီယာဗက္စ္ျဖစ္ၿပီး ၂၆၆ ဂိုးသြင္းယူထားတာပဲ ျဖစ္ပါတယ္။