ပြိုင်ပွဲစုံ နောက်ဆုံးပွဲ ၃၀ မြောက်မှာ ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့တဲ့ နည်းပြ ပိုင်အိုလီရဲ့ အေစီမီလန်


ပြီးခဲ့တဲ့ရာသီကတည်းက ခြေစွမ်းပြခဲ့တဲ့ နည်းပြပိုင်အိုလီရဲ့ အေစီမီလန်အသင်းဟာ ဒီရာသီမှာလည်း တောက်လျှောက်ခြေ စွမ်းပြနေတာဖြစ်ပေမယ့် ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာတော့ အိမ်ကွင်းမှာကစားရတာ ဖြစ်ပေမယ့် လိုင်လီအသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံးပွဲ ၃၀ မှာ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့တယ်လို့ သိရပါတယ်။


လိုင်လီအတွက် အနိုင်ဂိုးတွေကိုတော့ အသက် ၂၃ နှစ်သာရှိသေးတဲ့ တူရကီတိုက်စစ်မှူး ရာဇီဆီ တစ်ယောက်တည်းက ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ရာဇီဆီအနေနဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲစုံမှာ အေစီမီလန်ကို ဟက်ထရစ်သွင်း ယူနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယူရိုပါလိဂ် အုပ်စုအဆင့်ပထမအကျော့ပွဲစဉ်တွေအပြီး မှာတော့ လိုင်လီက ရမှတ် ၇ မှတ်နဲ့ အုပ်စုပထမနေရာမှာရှိနေပြီး အေစီမီလန်က ရမှတ် ၆ မှတ်ရရှိထားတာဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ အေစီမီလန်နည်းပြပိုင်အိုလီအနေနဲ့ ပြိုင်ဘက်လိုင်လီအသင်းကို လျော့တွက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး အဓိကတိုက်စစ်မှူးဖြစ်တဲ့ အေဘရာဟီမိုဗစ်ကို လူစားလဲခဲ့မှုအတွက်လည်း ဝေဖန်ခံခဲ့ရတယ်လို့ သိရပါ တယ်။ အေစီမီလန်ဟာ ၂၀၁၁ ခုနှစ်က ဘာစီလိုနာကို အိမ်ကွင်းမှာ သုံးဂိုးနှစ်ဂိုးနဲ့ ရှုံးပြီးနောက် ပထမဆုံးအနေနဲ့ ပြိုင် ဘက်အသင်းကို အိမ်ကွင်းမှာ သုံးဂိုးခွင့်ပြုခဲ့ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version

ၿပိဳင္ပြဲစံု ေနာက္ဆံုးပြဲ ၃၀ ေျမာက္မွာ ပထမဆံုးအႀကိမ္ ရႈံးပြဲၾကံဳေတြ႕ခဲ့တဲ့ နည္းျပ ပိုင္အိုလီရဲ႕ ေအစီမီလန္
ၿပီးခဲ့တဲ့ရာသီကတည္းက ေျခစြမ္းျပခဲ့တဲ့ နည္းျပပိုင္အိုလီရဲ႕ ေအစီမီလန္အသင္းဟာ ဒီရာသီမွာလည္း ေတာက္ေလွ်ာက္ေျခ စြမ္းျပေနတာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္အုပ္စုအဆင့္ပြဲစဥ္မွာေတာ့ အိမ္ကြင္းမွာကစားရတာ ျဖစ္ေပမယ့္ လိုင္လီအသင္းကို သံုးဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲစံု ေနာက္ဆံုးပြဲ ၃၀ မွာ ပထမဆံုးရႈံးပြဲကို ၾကံဳေတြ႕ခဲ့တယ္လို႔ သိရပါတယ္။
လိုင္လီအတြက္ အႏိုင္ဂိုးေတြကိုေတာ့ အသက္ ၂၃ ႏွစ္သာရွိေသးတဲ့ တူရကီတိုက္စစ္မွဴး ရာဇီဆီ တစ္ေယာက္တည္းက ဟက္ထရစ္သြင္းယူခဲ့တာျဖစ္ပါတယ္။ ရာဇီဆီအေနနဲ႔ ၂၀၀၀ ခုႏွစ္ေနာက္ပိုင္း ၿပိဳင္ပြဲစံုမွာ ေအစီမီလန္ကို ဟက္ထရစ္သြင္း ယူႏိုင္တဲ့ ပထမဆံုးကစားသမားလည္း ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ယူ႐ိုပါလိဂ္ အုပ္စုအဆင့္ပထမအေက်ာ့ပြဲစဥ္ေတြအၿပီး မွာေတာ့ လိုင္လီက ရမွတ္ ၇ မွတ္နဲ႔ အုပ္စုပထမေနရာမွာရွိေနၿပီး ေအစီမီလန္က ရမွတ္ ၆ မွတ္ရရွိထားတာျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ေအစီမီလန္နည္းျပပိုင္အိုလီအေနနဲ႔ ၿပိဳင္ဘက္လိုင္လီအသင္းကို ေလ်ာ့တြက္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး အဓိကတိုက္စစ္မွဴးျဖစ္တဲ့ ေအဘရာဟီမိုဗစ္ကို လူစားလဲခဲ့မႈအတြက္လည္း ေဝဖန္ခံခဲ့ရတယ္လို႔ သိရပါ တယ္။ ေအစီမီလန္ဟာ ၂၀၁၁ ခုႏွစ္က ဘာစီလိုနာကို အိမ္ကြင္းမွာ သံုးဂိုးႏွစ္ဂိုးနဲ႔ ရႈံးၿပီးေနာက္ ပထမဆံုးအေနနဲ႔ ၿပိဳင္ ဘက္အသင္းကို အိမ္ကြင္းမွာ သံုးဂိုးခြင့္ျပဳခဲ့ရတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။