ဆီဗီလာနဲ့ ယူရိုပါလိဂ်ဖလား ရပြီးနောက် သေဆုံးသွားတဲ့ အသင်းဖော်ဟောင်း ပူအာတာနဲ့ ရီယက်စ်ကို သတိရကြောင်း ပြောခဲ့တဲ့ နာဗက်စ်

ဆီဗီလာအသင်းခေါင်းဆောင် နာဗက်စ်က ယူရိုပါလိဂ်ဖလားကို အသင်းအနေနဲ့ ၆ ကြိမ်မြောက်ရအပြီးမှာတော့ အသင်းနဲ့ အတူ ယူရိုပါလိဂ်ရခဲ့ပြီး သေဆုံးသွားပြီဖြစ်တဲ့ ကစားဖော်ဟောင်း ပူအာတာနဲ့ ရီယက်စ်တို့ကို သတိရကြောင်းပြောခဲ့ပါ တယ်။ ဆီဗီလာဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာ အင်တာမီလန်ကို သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရပြီး ခြောက်ကြိမ်မြောက် ယူရိုပါလိဂ် ချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဆီဗီလာအသင်းအနေနဲ့ ချန်ပီယံဆုရယူအပြီး အောင်ပွဲခံရမှာတော့ ဒီကစားသမားနှစ်ယောက်ပုံပါတဲ့ အင်္ကျီတွေကို ဝတ် ဆင်ပြီး အောင်ပွဲခံခဲ့တာကို တွေ့ရပါတယ်။ Movistar ကနေတဆင့် နာဗက်စ်က “ အသင်းခေါင်းဆောင်တစ်ယောက်အနေ နဲ့ ယူရိုပါလိဂ်ဖလားကို ကိုင်မြောက်ရတာ တကယ်ကို ကျေနပ်ပါတယ်။ချန်ပီယံဆုဖလားကို ကိုင်မြှောက်ချိန်မှာ ကျွန်တော် အနေနဲ့ သေဆုံးသွားပြီဖြစ်တဲ့ ခေါင်းကိုင်ဖခင်၊ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ပူအာတာ၊ ရီယက်စ်တို့ကို သတိရမိပါတယ်” လို့ ပြောခဲ့ပါတယ်။

နှလုံးရောဂါကြောင့် ၂၀၀၇ ခုနှစ်က သေဆုံးသွားတဲ့ ပူအာတာဟာ ဆီဗီလာနဲ့ အတူ ယူရိုပါလိဂ် နှစ်ကြိမ်ရရှိခဲ့တဲ့ ကစားသ မားတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကားအက်ဆီးဒင့်ကြောင့် သေဆုံးသွားခဲ့တဲ့ ရီယက်စ်ကတော့ ဆီဗီလာရဲ့ ယူရို ပါလိဂ် ၃ နှစ်ဆက်ချန်ပီယံအသင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ နာဗက်က ယူရိုပါလိဂ် ၃ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့တဲ့ ဆီဗီလာအသင်းမှာ မပါခဲ့ပေမယ့် အသင်းနဲ့အတူ ယူရိုပါလိဂ်ကို ၃ကြိမ်ရရှိထားသူလည်း ဖြစ်ပါတယ်။

BT Sport ကနေတဆင့် ဗိုလ်လုပွဲမှာ အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ လုခ်ဒီဂျောင်က “မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ အသင်းအနေနဲ့ အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာကို အားလုံးအတူတူလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အင်တာမီလန်ဘက်က ဦးဆောင်ဂိုးသွင်းခဲ့တာတောင် ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ၂ ဂိုး သွင်းနိုင်ခဲ့တဲ့အတွက်တော့ တကယ်ကို အံသြခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။