တိုးတက်ဖို့ လိုအပ်နေသေးပြီး အသင်းမှာ အရည်အချင်းရှိတဲ့ကစားသမားတွေ လိုအပ်နေဆဲလို့ ဝန်ခံခဲ့တဲ့ ဆိုးလ်ရှား

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ဆီဗီလာကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ အသင်းအနေနဲ့ စွမ်းဆောင်ရည်တိုး တက်ဖို့ လိုအပ်နေသေးသလို အရည်အချင်းရှိတဲ့ကစားသမားတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက် တက်ဟာ ယူရိုပါလိဂ်ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာ ဆီဗီလာကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရ တာဖြစ်ပါတယ်။

ဆီဗီလာကို ရှုံးပြီး ယူရိုပါလိဂ်ကနေ ထွက်ခဲ့ရတာဟာ ဒီရာသီမှာ ယူနိုက်တက်အနေနဲ့ ဖလားပြိုင်ပွဲတွေမှ ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခဲ့ရတဲ့ တတိယမြောက် ပြိုင်ပွဲဖြစ်လာခဲ့ပါတယ်။ယူနိုက်တက်ဟာ လိဂ်ဖလားမှာ မန်စီးတီးနဲ့ အက်ဖ် အေဖလားမှာ ချဲလ်ဆီးတို့ကို ဆီမီးဖိုင်နယ်အဆင့်တွေမှာ ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရတာဖြစ်ပါတယ်။ဒါအပြင် ဆီဗီလာကို ရှုံး တဲ့ပွဲက ယူနိုက်တက်အတွက် နောက်ဆုံး ၃ရာသီဆက်တိုက် ဖလားလက်မဲ့ရာသီကိုလည်း ဖြစ်စေခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက “ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပေ မယ့် မောပန်းနေတဲ့အနေအထားတွေကြောင့် အနားယူဖို့ လိုအပ်နေပါပြီ။ အသင်းအနေနဲ့ အမှတ်ပေးပြိုင်ပွဲ၊ ဖလားပွဲတွေမှာ အနိုင်ရဖို့ ဆိုရင် အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်ပါတယ်။ဒါအပြင် အသင်းအနေနဲ့ အရည်အချင်းရှိတဲ့ကစားသမားတွေကို လိုအပ်နေဆဲ ဖြစ်တယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီနွေရာသီအပြောင်းအရွှေ့မှာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူဖို့ ကာလရှည်စောင့် ကြည့်နေခဲ့ပေမယ့် ပြောင်းရွှေ့ကြေးညိ့နှိုင်းမှု အဆင်မပြေတာကြောင့် အခုချိန်ထိ အောင်မြင်မှုမရသေးဘူးလို့ သိရပါ တယ်။ The Sun ရဲ့နောက်ဆုံးဖော်ပြချက်တွေမှာတော့ ယူနိုက်တက်အနေနဲ့ အသင်းပြောင်းဖို့ သတင်းတွေထွက်နေတဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

တိုးတက္ဖို႔ လိုအပ္ေနေသးၿပီး အသင္းမွာ အရည္အခ်င္းရွိတဲ့ကစားသမားေတြ လိုအပ္ေနဆဲလို႔ ဝန္ခံခဲ့တဲ့ ဆိုးလ္ရွား
ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက ဆီဗီလာကို အေရးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာေတာ့ အသင္းအေနနဲ႔ စြမ္းေဆာင္ရည္တိုး တက္ဖို႔ လိုအပ္ေနေသးသလို အရည္အခ်င္းရွိတဲ့ကစားသမားေတြလည္း လိုအပ္ေနဆဲျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ယူႏိုက္ တက္ဟာ ယူ႐ိုပါလိဂ္ဗိုလ္စြဲဖို႔ ေရပန္းအစားဆံုးအသင္းျဖစ္ခဲ့ေပမယ့္ ဆီမီးဖိုင္နယ္မွာ ဆီဗီလာကို ရႈံးၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရ တာ ျဖစ္ပါတယ္။
ဆီဗီလာကို ရႈံးၿပီး ယူ႐ိုပါလိဂ္ကေန ထြက္ခဲ့ရတာဟာ ဒီရာသီမွာ ယူႏိုက္တက္အေနနဲ႔ ဖလားၿပိဳင္ပြဲေတြမွ ဆီမီးဖိုင္နယ္ အဆင့္ကေန ထြက္ခဲ့ရတဲ့ တတိယေျမာက္ ၿပိဳင္ပြဲျဖစ္လာခဲ့ပါတယ္။ယူႏိုက္တက္ဟာ လိဂ္ဖလားမွာ မန္စီးတီးနဲ႔ အက္ဖ္ ေအဖလားမွာ ခ်ဲလ္ဆီးတို႔ကို ဆီမီးဖိုင္နယ္အဆင့္ေတြမွာ ရႈံးၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရတာျဖစ္ပါတယ္။ဒါအျပင္ ဆီဗီလာကိုု ရႈံး တဲ့ပြဲက ယူႏိုက္တက္အတြက္ ေနာက္ဆံုး ၃ရာသီဆက္တိုက္ ဖလားလက္မဲ့ရာသီကိုလည္း ျဖစ္ေစခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက “ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကတည္းက အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့ေပ မယ့္ ေမာပန္းေနတဲ့အေနအထားေတြေၾကာင့္ အနားယူဖို႔ လိုအပ္ေနပါၿပီ။ အသင္းအေနနဲ႔ အမွတ္ေပးၿပိဳင္ပြဲ၊ ဖလားပြဲေတြမွာ အႏိုင္ရဖို႔ ဆိုရင္ အခုထက္ပိုၿပီး တိုးတက္ဖို႔ လိုအပ္ပါတယ္။ဒါအျပင္ အသင္းအေနနဲ႔ အရည္အခ်င္းရွိတဲ့ကစားသမားေတြကို လိုအပ္ေနဆဲ ျဖစ္တယ္ဆိုတာကိုလည္း ေတြ႕ခဲ့ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ယူႏိုက္တက္အေနနဲ႔ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳကိုေခၚယူဖို႔ ကာလရွည္ေစာင့္ ၾကည့္ေနခဲ့ေပမယ့္ ေျပာင္းေရႊ႕ေၾကးညိ႕ႏႈိင္းမႈ အဆင္မေျပတာေၾကာင့္ အခုခ်ိန္ထိ ေအာင္ျမင္မႈမရေသးဘူးလို႔ သိရပါ တယ္။ The Sun ရဲ႕ေနာက္ဆံုးေဖာ္ျပခ်က္ေတြမွာေတာ့ ယူႏိုက္တက္အေနနဲ႔ အသင္းေျပာင္းဖို႔ သတင္းေတြထြက္ေနတဲ့ ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီကိုလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။