ယူနိုက်တက်က ကမ္ဘာ့အကြီးမားဆုံးကလပ်ဆိုပေမယ့် ရင်ဆိုင်ဖို့အတွက် အဆင်သင့်ရှိနေပြီလို့ ဆီဗီလာနည်းပြ လိုပီတီဂူ ပြောဆို

ဆီဗီလာနည်းပြ လိုပီတီဂူက ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တွင် ယှဉ်ပြိုင်ကစားရမယ့် ယူနိုက်တက်မှာ ကမ္ဘာ့အကြီးမားဆုံးကလပ် ဆိုပေမယ့် ကြောက်ရွံနေမှာမဟုတ်ဘဲ ရင်ဆိုင်ဖို့အတွက် အဆင်သင့်ရှိနေကြောင်း ပြောခဲ့ပါတယ်။ ဆီဗီလာဟာ ယူရိုပါ လိဂ်ကွာတားဖိုင်နယ်မှာ အင်္ဂလန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဝုလ်ဗာဟမ်တန်ကို အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက် ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီဗီလာဟာ ဝုလ်ဗာဟမ်တန်နဲ့ ပွဲတုန်းက ပွဲချိန်အစောပိုင်းမှာ ပင်နယ်တီပေးခဲ့ရပေမယ့် ဝုဗ်တိုက်စစ်မှူး ဂျီမီနက်ဇ်ရဲ့ကန် သွင်းမှုကို ဂိုးသမားဘူနော့က ကာကွယ်နိုင်ခဲ့လိုသာ ဂိုးမပေးခဲ့ရတာဖြစ်ပြီး ပွဲပြီးခါနီးမှာ ကွင်းလယ်လူ အိုကမ်ပိုရဲ့ တစ်လုံး တည်းသောဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ကလည်း ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကိုပင်ဟေဂင်ကို အနိုင်ရခဲ့တာ ကြောင့် ဆီမီးဖိုင်နယ်မှာ ဆီဗီလာနဲ့ ယူနိုက်တက်တို့ တွေ့ဆုံနေခဲ့တာဖြစ်ပါတယ်။

ဆီဗီလာနည်းပြလိုပီတီဂူက “ ဆီဗီလာဟာ နောက်အဆင့်မှာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရမှာပါ၊ သူတို့က ကမ္ဘာ့အကြီး မားဆုံးကလပ်အသင်းဆိုပေမယ့် ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ပြီး ယှဉ်ကစားနိုင်ဖို့ အတွက်လုပ်ဆောင်သွားမှာပါ။ ဆီဗီလာဟာ ယူနိုက်တက်နဲ့ တွေ့ဆုံကစားခဲ့တိုင်း မှတ်တမ်ကောင်းတွေရယူနိုင်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်ပွဲမှာလည်း ရလဒ်ကောင်းရဖို့ လုပ်ဆောင်သွားမှာပါ” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဆီဗီလာဟာ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၃ကြိမ်မှာ ရှုံးပွဲမရှိခဲ့ဘဲ ၂ ကြိမ်အထိအနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီနှစ်သင်း ဟာ ၂၀၁၇-၁၈ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး ဆီဗီလာကွင်း မှာ ဂိုးမရှိသရေကျခဲ့ပြီး ယူနိုက်တက်ကွင်းမှာ ဆီဗီလာက နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့ တာဖြစ်ပါတယ်။

zawgyi version

ယူႏိုက္တက္က ကမ႓ာ့အႀကီးမားဆံုးကလပ္ဆိုေပမယ့္ ရင္ဆိုင္ဖို႔အတြက္ အဆင္သင့္ရွိေနၿပီလို႔ ဆီဗီလာနည္းျပ လိုပီတီဂူ ေျပာဆို
ဆီဗီလာနည္းျပ လိုပီတီဂူက ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္တြင္ ယွဥ္ၿပိဳင္ကစားရမယ့္ ယူႏိုက္တက္မွာ ကမ႓ာ့အႀကီးမားဆံုးကလပ္ ဆိုေပမယ့္ ေၾကာက္ရြံေနမွာမဟုတ္ဘဲ ရင္ဆိုင္ဖို႔အတြက္ အဆင္သင့္ရွိေနေၾကာင္း ေျပာခဲ့ပါတယ္။ ဆီဗီလာဟာ ယူ႐ိုပါ လိဂ္ကြာတားဖိုင္နယ္မွာ အဂၤလန္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ ဝုလ္ဗာဟမ္တန္ကို အႏိုင္ရၿပီး ဆီမီးဖိုင္နယ္ကို တက္ ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ဆီဗီလာဟာ ဝုလ္ဗာဟမ္တန္နဲ႔ ပြဲတုန္းက ပြဲခ်ိန္အေစာပိုင္းမွာ ပင္နယ္တီေပးခဲ့ရေပမယ့္ ဝုဗ္တိုက္စစ္မွဴး ဂ်ီမီနက္ဇ္ရဲ႕ကန္ သြင္းမႈကို ဂိုးသမားဘူေနာ့က ကာကြယ္ႏိုင္ခဲ့လိုသာ ဂိုးမေပးခဲ့ရတာျဖစ္ၿပီး ပြဲၿပီးခါနီးမွာ ကြင္းလယ္လူ အိုကမ္ပိုရဲ႕ တစ္လံုး တည္းေသာဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ယူႏိုက္တက္ကလည္း ကြာတားဖိုင္နယ္ပြဲစဥ္မွာ ကိုပင္ေဟဂင္ကို အႏိုင္ရခဲ့တာ ေၾကာင့္ ဆီမီးဖိုင္နယ္မွာ ဆီဗီလာနဲ႔ ယူႏိုက္တက္တို႔ ေတြ႕ဆံုေနခဲ့တာျဖစ္ပါတယ္။
ဆီဗီလာနည္းျပလိုပီတီဂူက “ ဆီဗီလာဟာ ေနာက္အဆင့္မွာ ယူႏိုက္တက္နဲ႔ ယွဥ္ၿပိဳင္ကစားရမွာပါ၊ သူတို႔က ကမ႓ာ့အႀကီး မားဆံုးကလပ္အသင္းဆိုေပမယ့္ ကြ်န္ေတာ္တို႔ အေကာင္းဆံုးျပင္ဆင္ၿပီး ယွဥ္ကစားႏိုင္ဖို႔အတြက္လုပ္ေဆာင္သြားမွာပါ။ ဆီဗီလာဟာ ယူႏိုက္တက္နဲ႔ ေတြ႕ဆံုကစားခဲ့တိုင္း မွတ္တမ္ေကာင္းေတြရယူႏိုင္ခဲ့တာေၾကာင့္ ဆီမီးဖိုင္နယ္ပြဲမွာလည္း ရလဒ္ေကာင္းရဖို႔ လုပ္ေဆာင္သြားမွာပါ” လို႔ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။
ဆီဗီလာဟာ ယူႏိုက္တက္နဲ႔ ထိပ္တိုက္ေတြ႕ဆံုခဲ့တဲ့ ၃ႀကိမ္မွာ ရႈံးပြဲမရွိခဲ့ဘဲ ၂ ႀကိမ္အထိအႏိုင္ရခဲ့တာျဖစ္ပါတယ္။ဒီႏွစ္သင္း ဟာ ၂၀၁၇-၁၈ ေဘာလံုးရာသီတုန္းက ခ်န္ပီယံလိဂ္ရႈံးထြက္ ၁၆ သင္းအဆင့္မွာ ထိပ္တိုက္ေတြ႕ဆံုခဲ့ဖူးၿပီး ဆီဗီလာကြင္း မွာ ဂိုးမရွိသေရက်ခဲ့ၿပီး ယူႏိုက္တက္ကြင္းမွာ ဆီဗီလာက ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရၿပီး ေနာက္တစ္ဆင့္ကိုတက္ေရာက္ႏိုင္ခဲ့ တာျဖစ္ပါတယ္။