ရိုးမားကို အနိုင်ရအောင်ကစားနိုင်ခဲ့တဲ့ အသင်းသားတွေကို ချီးကျူးမှု ပြုလုပ်ခဲ့တဲ့ ဆီဗီလာနည်းပြ လိုပီတီဂူ

ဆီဗီလာနည်းပြ လိုပီတီဂူက ရိုးမားနဲ့ ကစားခဲ့တဲ့ယူရိုပါလိဂ် ရှုံးထွက် ၁၆သင်းအဆင့်ပွဲစဉ်ကို အနိုင်ရအောင်ကစားနိုင်ခဲ့တဲ့ အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့တယ်လို့ သိရပါတယ်။ ဂျာမနီနိုင်ငံရဲ့ ဒူးစ်ဘတ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ရီဂူလီ၊ ယူဆက်တို့ရဲ့သွင်းဂိုးတွေနဲ့ ဆီဗီလာက ရိုးမားကို နှစ်ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်တက် ရောက်နိုင်ခဲ့တဲ့ ဆီဗီလာဟာ အိုလံပီယာကို့စ်ကို အနိုင်ရခဲ့တဲ့ ဝုလ်ဗာဟမ်တန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Sky Sport Italia ကို ဆီဗီလာနည်းပြ လိုပီတီဂူက “ ကစားသမားကောင်းတွေရှိတဲ့ အသင်းကောင်းတစ်သင်းနဲ့ကစားခဲ့ရ တာပါ။ သူတို့မှာ နည်းပြကောင်းတစ်ဦးလည်းရှိနေတာဖြစ်ပေမယ့် ကျွန်တော်အသင်းသားတွေအနေနဲ့ အကောင်းဆုံးစွမ်း ဆောင်နိုင်ခဲ့ပါတယ်။ဖိအားတွေအောက်မှာ ကစားခဲ့ရပေမယ့် ဂိုးသွင်းခွင့်တွေရခဲ့ပြီး အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့လို့ ပျော် ရွှင်မိပါတယ်” လို့ ပြောခဲ့ပါတယ်။

ဆီဗီလာ-ရိုးမားပွဲနဲ့ ပတ်သက်ပြီး ရိုးမားကွင်းလယ် ပယ်လီဂရီနီကတော့ အသင်းရဲ့စွမ်းဆောင်ရည်အတွက် အရမ်းကို စိတ် ဆိုးဒေါသထွက်နေတယ်လို့ သိရပါတယ်။ ပယ်လီဂရီနီဟာ ပြီးခဲ့တဲ့တစ်ပတ်ကမှ နှာခေါင်းခွဲစိတ်မှုပြုလုပ်ထားရပေမယ့် မျက်နှာမှာ အကာအကွယ်တပ်ပြီး ဆီဗီလာနဲ့ပွဲကို ကစားခဲ့တာဖြစ်ပါတယ်။ ပယ်လီဂရီနီအနေနဲ့ ဆီဗီလာနဲ့ပွဲမှာ ပွဲထွက် ကစားခဲ့ရတာမဟုတ်ဘဲ ပွဲချိန် ၅၇ မိနစ်ရောက်မှ ဇာနီအိုလိုရဲ့နေရာမှာ လူစားဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ပယ်လီဂရီနီက “ ဆီဗီလာက ပွဲကောင်းတစ်ပွဲကို ကစားနိုင်ခဲ့ပေမယ့် ကျွန်တော်တို့အသင်းက မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အခုပြောနေတာထက်ကို ကျွန်တော်အနေနဲ့ ပိုပြီးဒေါသထွက်နေပါတယ်။ စီးရီးအေရာသီကုန်ခါနီးမှာ အကောင်းဆုံးခြေစွမ်း ရခဲ့တယ်ဆိုပေမယ့် အသင်းအနေနဲ့ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ရအောင်ကြိုးစားခဲ့ရမှာပါ။ပိုင်ရှင်သစ် အတွက် အနိုင်ရလဒ်ရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်” လို့ပြောခဲ့ပါတယ်။

zawgyi version

႐ိုးမားကို အႏိုင္ရေအာင္ကစားႏိုင္ခဲ့တဲ့ အသင္းသားေတြကို ခ်ီးက်ဴးမႈ ျပဳလုပ္ခဲ့တဲ့ ဆီဗီလာနည္းျပ လိုပီတီဂူ
ဆီဗီလာနည္းျပ လိုပီတီဂူက ႐ိုးမားနဲ႔ ကစားခဲ့တဲ့ယူ႐ိုပါလိဂ္ ရႈံးထြက္ ၁၆သင္းအဆင့္ပြဲစဥ္ကို အႏိုင္ရေအာင္ကစားႏိုင္ခဲ့တဲ့ အသင္းသားေတြရဲ႕စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့တယ္လို႔ သိရပါတယ္။ ဂ်ာမနီႏိုင္ငံရဲ႕ ဒူးစ္ဘတ္ကြင္းမွာ ကစားခဲ့တဲ့ပြဲမွာ ရီဂူလီ၊ ယူဆက္တို႔ရဲ႕သြင္းဂိုးေတြနဲ႔ ဆီဗီလာက ႐ိုးမားကို ႏွစ္ဂိုးျပတ္အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။ ကြာတားဖိုင္နယ္တက္ ေရာက္ႏိုင္ခဲ့တဲ့ ဆီဗီလာဟာ အိုလံပီယာကို႔စ္ကို အႏိုင္ရခဲ့တဲ့ ဝုလ္ဗာဟမ္တန္နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။
Sky Sport Italia ကို ဆီဗီလာနည္းျပ လိုပီတီဂူက “ ကစားသမားေကာင္းေတြရွိတဲ့ အသင္းေကာင္းတစ္သင္းနဲ႔ကစားခဲ့ရ တာပါ။ သူတို႔မွာ နည္းျပေကာင္းတစ္ဦးလည္းရွိေနတာျဖစ္ေပမယ့္ ကြ်န္ေတာ္အသင္းသားေတြအေနနဲ႔ အေကာင္းဆံုးစြမ္း ေဆာင္ႏိုင္ခဲ့ပါတယ္။ဖိအားေတြေအာက္မွာ ကစားခဲ့ရေပမယ့္ ဂိုးသြင္းခြင့္ေတြရခဲ့ၿပီး အႏိုင္ရေအာင္စြမ္းေဆာင္ႏိုင္ခဲ့လို႔ ေပ်ာ္ ရႊင္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆီဗီလာ-႐ိုးမားပြဲနဲ႔ ပတ္သက္ၿပီး ႐ိုးမားကြင္းလယ္ ပယ္လီဂရီနီကေတာ့ အသင္းရဲ႕စြမ္းေဆာင္ရည္အတြက္ အရမ္းကို စိတ္ ဆိုးေဒါသထြက္ေနတယ္လို႔ သိရပါတယ္။ ပယ္လီဂရီနီဟာ ၿပီးခဲ့တဲ့တစ္ပတ္ကမွ ႏွာေခါင္းခြဲစိတ္မႈျပဳလုပ္ထားရေပမယ့္ မ်က္ႏွာမွာ အကာအကြယ္တပ္ၿပီး ဆီဗီလာနဲ႔ပြဲကို ကစားခဲ့တာျဖစ္ပါတယ္။ ပယ္လီဂရီနီအေနနဲ႔ ဆီဗီလာနဲ႔ပြဲမွာ ပြဲထြက္ ကစားခဲ့ရတာမဟုတ္ဘဲ ပြဲခ်ိန္ ၅၇ မိနစ္ေရာက္မွ ဇာနီအိုလိုရဲ႕ေနရာမွာ လူစားဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။
ပယ္လီဂရီနီက “ ဆီဗီလာက ပြဲေကာင္းတစ္ပြဲကို ကစားႏိုင္ခဲ့ေပမယ့္ ကြ်န္ေတာ္တို႔အသင္းက မလုပ္ေဆာင္ႏိုင္ခဲ့ပါဘူး။ အခုေျပာေနတာထက္ကို ကြ်န္ေတာ္အေနနဲ႔ ပိုၿပီးေဒါသထြက္ေနပါတယ္။ စီးရီးေအရာသီကုန္ခါနီးမွာ အေကာင္းဆံုးေျခစြမ္း ရခဲ့တယ္ဆိုေပမယ့္ အသင္းအေနနဲ႔ ဒီထက္ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ေတြ ရေအာင္ႀကိဳးစားခဲ့ရမွာပါ။ပိုင္ရွင္သစ္ အတြက္ အႏိုင္ရလဒ္ရေအာင္ မစြမ္းေဆာင္ေပးႏိုင္ခဲ့လို႔ ေတာင္းပန္ပါတယ္” လို႔ေျပာခဲ့ပါတယ္။