တက်တူးအသစ်ထိုးခဲ့တာကြောင့် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိစောင့်ကြည့် စစ်ဆေးခံနေရတဲ့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်


အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်တဲ့ အူဘာမီယန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဗြိတိန်နိုင်ငံက ကိုဗစ်အတွက် တားမြစ်ထားတဲ့စည်းကမ်းကို ချိုးဖောက်ပြီး တက်တူးအသစ်ထိုးခဲ့တာကြောင့် ရောဂါပိုးကူးစက်ခံရခြင်းရှိ၊ မရှိ စောင့်ကြည့် ခံနေရတယ်လို့ သိရပါတယ်။ အူဘာမီယန်ဟာ မိခင်ရဲ့အဖျားဝေဒနာကြောင့် ပြင်သစ်နိုင်ငံကို သွားစဉ်မှာ တက်တူးအသစ် ကို ရေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။


စပိန်နိုင်ငံသားတက်တူးပညာရှင် နီကိုးလက်စ်ဘာနယ်လ်က သူရဲ့အင်စတာဂရမ်အကောင့်မှာ တက်တူးထိုးနေတုန်းက ပုံကို တင်ထားခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြခဲ့ပြီး အဲ့ဒီအချိန်မှာ ဘာနယ်လ်နဲ့ အူဘာမီယန်တို့ဟာ Mask (မျက်နှာအ ကာအကွယ်) တပ်ဆင်ထားခြင်းမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ မျက်နှာအကာအကွယ်တပ်ဆင်ထားခြင်းမရှိတာဟာ ဗြိတိန်နိုင်ငံက ကိုဗစ်အတွက်ထုတ်ပြန်ထားတဲ့စည်းမျဉ်းကို ဖောက်ဖျက်တာဖြစ်တယ်ဆိုပြီးတော့ သတင်းတွေကဖော်ပြခဲ့ ကြတာ ဖြစ်ပါတယ်။


အူဘာမီယန်ဟာ ပြီးခဲ့တဲ့လိဒ်ယူနိုက်တက်ကို အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် သူရဲ့ပထမဆုံးပရီးမီးယားလိဂ်ဟက်ထရစ် ကို သွင်းယူနိုင်ခဲ့ပေမယ့် အဲ့ဒီပွဲမှာ တက်တူးအသစ်ကို ဖုံးအုပ်တဲ့အနေနဲ့ လက်အိတ်စွပ်ပြီး ကစားခဲ့တယ်လို့လည်း သိရပါ တယ်။ အာဆင်နယ်အသင်းတာဝန်ရှိသူတစ်ဦးကတော့ အူဘာမီယန်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကစားသမားနဲ့ ပြော ဆိုဆွေးနွေးမှုတွေ ပြုလုပ်ထားခဲ့ပြီလို့ ပြောဆိုသွားခဲ့ပါတယ်။

zawgyi version

တက္တူးအသစ္ထိုးခဲ့တာေၾကာင့္ ကိုဗစ္ေရာဂါပိုး ရွိ၊ မရွိေစာင့္ၾကည့္ စစ္ေဆးခံေနရတဲ့ အာဆင္နယ္တိုက္စစ္မွဴး အူဘာမီ ယန္
အာဆင္နယ္အသင္းေခါင္းေဆာင္ျဖစ္တဲ့ အူဘာမီယန္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ၿဗိတိန္ႏိုင္ငံက ကိုဗစ္အတြက္ တားျမစ္ထားတဲ့စည္းကမ္းကို ခ်ိဳးေဖာက္ၿပီး တက္တူးအသစ္ထိုးခဲ့တာေၾကာင့္ ေရာဂါပိုးကူးစက္ခံရျခင္းရွိ၊ မရွိ ေစာင့္ၾကည့္ ခံေနရတယ္လို႔ သိရပါတယ္။ အူဘာမီယန္ဟာ မိခင္ရဲ႕အဖ်ားေဝဒနာေၾကာင့္ ျပင္သစ္ႏိုင္ငံကို သြားစဥ္မွာ တက္တူးအသစ္ ကို ေရးထိုးခဲ့တာပဲ ျဖစ္ပါတယ္။
စပိန္ႏိုင္ငံသားတက္တူးပညာရွင္ နီကိုးလက္စ္ဘာနယ္လ္က သူရဲ႕အင္စတာဂရမ္အေကာင့္မွာ တက္တူးထိုးေနတုန္းက ပံုကို တင္ထားခဲ့တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခဲ့ၿပီး အဲ့ဒီအခ်ိန္မွာ ဘာနယ္လ္နဲ႔ အူဘာမီယန္တို႔ဟာ Mask (မ်က္ႏွာအ ကာအကြယ္) တပ္ဆင္ထားျခင္းမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ မ်က္ႏွာအကာအကြယ္တပ္ဆင္ထားျခင္းမရွိတာဟာ ၿဗိတိန္ႏိုင္ငံက ကိုဗစ္အတြက္ထုတ္ျပန္ထားတဲ့စည္းမ်ဥ္းကို ေဖာက္ဖ်က္တာျဖစ္တယ္ဆိုၿပီးေတာ့ သတင္းေတြကေဖာ္ျပခဲ့ ၾကတာ ျဖစ္ပါတယ္။
အူဘာမီယန္ဟာ ၿပီးခဲ့တဲ့လိဒ္ယူႏိုက္တက္ကို အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္ သူရဲ႕ပထမဆံုးပရီးမီးယားလိဂ္ဟက္ထရစ္ ကို သြင္းယူႏိုင္ခဲ့ေပမယ့္ အဲ့ဒီပြဲမွာ တက္တူးအသစ္ကို ဖံုးအုပ္တဲ့အေနနဲ႔ လက္အိတ္စြပ္ၿပီး ကစားခဲ့တယ္လို႔လည္း သိရပါ တယ္။ အာဆင္နယ္အသင္းတာဝန္ရွိသူတစ္ဦးကေတာ့ အူဘာမီယန္ရဲ႕ အေျခအေနနဲ႔ ပတ္သက္ၿပီး ကစားသမားနဲ႔ ေျပာ ဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ထားခဲ့ၿပီလို႔ ေျပာဆိုသြားခဲ့ပါတယ္။