ရာသီကုန်ရင် ရီးရဲလ်မက်ဒရစ်အသင်းကနေ သေချာပေါက် ထွက်ခွာမယ့် အသင်းခေါင်းဆောင် ရာမိုစ့်

ရာမိုစ့်ဟာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာရန် ရာခိုင်နှုန်းများနေတယ်လို့ စပိန်မှာ သတင်းများ ထွက်ပေါ်လာပါတယ်။ စပိန်လက်ရွေးစင်နောက်ခံလူဟာ လာလီဂါကလပ်အသင်းကို ၂၀၀၅ ခုနှစ်ကတည်းက ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း (၆၅၀) ကျော်ကစားထားပြီး ဂိုး (၁၀၀) သွင်းပေးထားသူဖြစ်ပါတယ်။

သို့သော်လည်း ရာမိုစ့်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းသစ်တိုးရန် သဘောတူညီမှု မရခဲ့ပြီးနောက် ယူနိုက်တက် နဲ့ ပီအက်စ်ဂျီအသင်းတို့ဆီကို ပြောင်းရွှေ့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့အပတ်က သတင်းများအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာမိုစ့်ကို တစ်နှစ်စီ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ပယ်ချခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရာမိုစ့်ကို ယူနိုက်တက် နဲ့ ပီအက်စ်ဂျီ တို့ (၂) သင်းစလုံးက စိတ်ဝင်စားနေတာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ လက်ရှိမှာ ဒူးဒဏ်ရာရရှိနေပြီး ဧပြီလအထိ အနားယူရဖို့ များနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဘက်ကလည်း ရာမိုစ့်နေရာမှာ အစားထိုးရန် ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ်အလာဘာကို ရာသီကုန်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် သဘောတူညီမှု ရထားပြီဖြစ်ပါတယ်။

ရာသီကုန္ရင္ ရီးရဲလ္မက္ဒရစ္အသင္းကေန ေသခ်ာေပါက္ ထြက္ခြာမယ့္ အသင္းေခါင္းေဆာင္ ရာမိုစ့္

ရာမိုစ့္ဟာ စာခ်ဳပ္သက္တမ္းကုန္ဆံုးတာနဲ႔ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ကေန ထြက္ခြာရန္ ရာခိုင္ႏႈန္းမ်ားေနတယ္လို႔ စပိန္မွာ သတင္းမ်ား ထြက္ေပၚလာပါတယ္။ စပိန္လက္ေရြးစင္ေနာက္ခံလူဟာ လာလီဂါကလပ္အသင္းကို ၂၀၀၅ ခုႏွစ္ကတည္းက ေရာက္ရွိလာသူျဖစ္ၿပီး အသင္းအတြက္ ပြဲေပါင္း (၆၅၀) ေက်ာ္ကစားထားၿပီး ဂိုး (၁၀၀) သြင္းေပးထားသူျဖစ္ပါတယ္။

သို႔ေသာ္လည္း ရာမိုစ့္ဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းသစ္တိုးရန္ သေဘာတူညီမႈ မရခဲ့ၿပီးေနာက္ ယူႏိုက္တက္ နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ဆီကို ေျပာင္းေရႊ႕မယ္လို႔ ေကာလဟာလေတြ ထြက္ေပၚေနပါတယ္။ ၿပီးခဲ့တဲ့အပတ္က သတင္းမ်ားအရ ရီးရဲလ္မက္ဒရစ္အသင္းဟာ ရာမိုစ့္ကို တစ္ႏွစ္စီ စာခ်ဳပ္သက္တမ္းတိုးရန္ ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားက ပယ္ခ်ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ရာမိုစ့္ကို ယူႏိုက္တက္ နဲ႔ ပီအက္စ္ဂ်ီ တို႔ (၂) သင္းစလံုးက စိတ္၀င္စားေနတာျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ကစားသမားဟာ လက္ရွိမွာ ဒူးဒဏ္ရာရရွိေနၿပီး ဧၿပီလအထိ အနားယူရဖို႔ မ်ားေနပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဘက္ကလည္း ရာမိုစ့္ေနရာမွာ အစားထိုးရန္ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္အလာဘာကို ရာသီကုန္ရင္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရထားၿပီျဖစ္ပါတယ္။