ယူနိုက်တက်အသင်းအနေနဲ့ ဒိုင်တွေကို အားကိုးလို့ မရတော့ဘူးလို့ ဝက်စ်ဘရွန်းနဲ့ ပွဲအပြီးမှာ ဆိုလိုက်တဲ့ မက်ဂွဲရား

ယူနိုက်တက်အသင်းခေါင်းဆောင် နောက်ခံလူ မက်ဂွဲရားက အသင်းအနေနဲ့ နိုင်ပွဲတွေရရှိရန် VAR အကူအညီကို အားကိုးလို့မရတော့ဘူးလို့ တနင်္ဂနွေနေ့က ဝက်စ်ဘရွန်းနဲ့ (၁-၁) သရေကျခဲ့တဲ့ပွဲအပြီးမှာ ဝန်ခံပြောသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အခွင့်အရေးတွေ အများအပြားရခဲ့ပြီး လင်ဒီလော့ဖ်ကို ဝက်စ်ဘရွန်းကစားသမား ဒီယာဂ်နီ ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာကို ဒိုင်လူကြီးက မသိချင်ယောင်ဆောင်ခဲ့တယ်လို့ မက်ဂွဲရားက ခံစားနေရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ မက်ဂွဲရားက ယူနိုက်တက်အသင်းအနေနဲ့ VAR ကို အားမကိုးပဲ နိုင်ပွဲတွေရအောင် လုပ်သင့်တယ်လို့ ပြောသွားခဲ့ပါတယ်။

“ ကျွန်တော်တို့ ပွဲကို နိုင်လောက်တဲ့ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ခွင့်ပြုပေးလိုက်ရတဲ့ ဂိုးကလည်း ကျွန်တော်တို့ကို ခက်ခဲသွားစေခဲ့တာပါ။ ကျွန်တော်တို့အတွက်တော့ ဒါက ပြစ်ဒဏ်ဘောပါ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ တစ်ကယ်ကို စုစည်းမှုကောင်းကောင်းနဲ့ ကစားခဲ့ပါတယ်။ အဲ့ဒါက ပြစ်ဒဏ်ဘောဆိုတာကတော့ သေချာပါတယ်။

သူတို့တွေ ဘာကြောင့် VAR ကို မကြည့်ခဲ့တာလဲ မသိပါဘူး။ ဖြစ်ရပ်က သေးသေးလေးဆိုပေမယ့် ပြစ်ဒဏ်ဘောပါ။ ဆုံးဖြတ်ချက်တွေက ကျွန်တော်တို့ကို အတိုက်အခံလုပ်နေသလိုပါပဲ။ ကျွန်တော်တို့ VAR ရဲ့ ဆုံးဖြတ်ချက်တွေကို အားကိုးလို့မရတော့ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် တိုးတက်ရပါမယ်” လို့ မက်ဂွဲရားက ပြောခဲ့တာဖြစ်ပါတယ်။

ယူႏိုက္တက္အသင္းအေနနဲ႔ ဒိုင္ေတြကို အားကိုးလို႔ မရေတာ့ဘူးလို႔ ၀က္စ္ဘရြန္းနဲ႔ ပြဲအၿပီးမွာ ဆိုလိုက္တဲ့ မက္ဂြဲရား

ယူႏိုက္တက္အသင္းေခါင္းေဆာင္ ေနာက္ခံလူ မက္ဂြဲရားက အသင္းအေနနဲ႔ ႏိုင္ပြဲေတြရရွိရန္ VAR အကူအညီကို အားကိုးလို႔မရေတာ့ဘူးလို႔ တနဂၤေႏြေန႔က ၀က္စ္ဘရြန္းနဲ႔ (၁-၁) သေရက်ခဲ့တဲ့ပြဲအၿပီးမွာ ၀န္ခံေျပာသြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ အခြင့္အေရးေတြ အမ်ားအျပားရခဲ့ၿပီး လင္ဒီေလာ့ဖ္ကို ၀က္စ္ဘရြန္းကစားသမား ဒီယာဂ္နီ ျပစ္ဒဏ္ေဘာက်ဴးလြန္ခဲ့တာကို  ဒိုင္လူႀကီးက မသိခ်င္ေယာင္ေဆာင္ခဲ့တယ္လို႔ မက္ဂြဲရားက ခံစားေနရတာျဖစ္ပါတယ္။ ပြဲအၿပီးမွာ မက္ဂြဲရားက ယူႏိုက္တက္အသင္းအေနနဲ႔ VAR ကို အားမကိုးပဲ ႏိုင္ပြဲေတြရေအာင္ လုပ္သင့္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ ကၽြန္ေတာ္တို႔ ပြဲကို ႏိုင္ေလာက္တဲ့ အခြင့္အေရးေတြ အမ်ားႀကီးဖန္တီးႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ခြင့္ျပဳေပးလိုက္ရတဲ့ ဂိုးကလည္း ကၽြန္ေတာ္တို႔ကို ခက္ခဲသြားေစခဲ့တာပါ။ ကၽြန္ေတာ္တို႔အတြက္ေတာ့ ဒါက ျပစ္ဒဏ္ေဘာပါ။  ဒုတိယပိုင္းမွာေတာ့ ကၽြန္ေတာ္တို႔ တစ္ကယ္ကို စုစည္းမႈေကာင္းေကာင္းနဲ႔ ကစားခဲ့ပါတယ္။ အဲ့ဒါက ျပစ္ဒဏ္ေဘာဆိုတာကေတာ့ ေသခ်ာပါတယ္။

သူတို႔ေတြ ဘာေၾကာင့္ VAR ကို မၾကည့္ခဲ့တာလဲ မသိပါဘူး။ ျဖစ္ရပ္က ေသးေသးေလးဆိုေပမယ့္ ျပစ္ဒဏ္ေဘာပါ။ ဆံုးျဖတ္ခ်က္ေတြက ကၽြန္ေတာ္တို႔ကို အတိုက္အခံလုပ္ေနသလိုပါပဲ။ ကၽြန္ေတာ္တို႔ VAR ရဲ႕ ဆံုးျဖတ္ခ်က္ေတြကို အားကိုးလို႔မရေတာ့ပါဘူး။ ကၽြန္ေတာ္တို႔ကိုယ္တိုင္ တိုးတက္ရပါမယ္” လို႔ မက္ဂြဲရားက ေျပာခဲ့တာျဖစ္ပါတယ္။