၀က်စ်ဘရွန်းနဲ့ ပွဲ စွမ်းဆောင်ရည်က အနိုင် (၃) မှတ်နဲ့ မထိုက်တန်ဘူးလို့ ဆိုလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုလ်းရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက တနင်္ဂနွေနေ့က ဝက်စ်ဘရွန်းအသင်းနဲ့ ပွဲမှာ သူ့အသင်းဟာ အနိုင်ရလဒ်နဲ့ မထိုက်တန်ဘူးလို့ ဝန်ခံပြောသွားခဲ့ပါတယ်။ ပွဲအစ (၂) မိနစ်ကတည်းက ဝက်စ်ဘရွန်းအသင်းနဲ့ ဦးဆောင်ဂိုးကို ဘရူနိုဖာနန်ဒက်စ်က ဒုတိယပိုင်းမှာ ချေပသွားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ (၂) သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။ ဆိုးလ်ရှားက သူ့အသင်းဟာ အနိုင် (၃) မှတ်ရအောင် လုံလောက်တဲ့ စွမ်းဆောင်ရည်မရခဲ့ဘူးလို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“အသင်းရဲ့ ကစားပုံက အနိုင်(၃) မှတ်နဲ့ မထိုက်တန်ပါဘူ။ ကျွန်တော်တို့ ဒီပွဲကို နိုင်ဖို့ လုံလောက်အောင် မကောင်းခဲ့ပါဘူး။ ပရီးမီးယားလိဂ်မှာ အနိုင် (၃) မှတ်ရဖို့က အမြဲတမ်း လိုအပ်ချက်တွေ များပါတယ်။ အရည်အသွေး၊ ဟန်ချက်ညီမှု နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေပါပဲ။ ကျွန်တော်တို့ဟာ စိတ်ဓာတ်ပိုင်း နဲ့ လှုပ်အားနှုန်း ကောင်းခဲ့ပေမယ့် အရည်အသွေး အနည်းငယ်ကျဆင်းခဲ့ပါတယ်” လို့ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။

၀က္စ္ဘရြန္းနဲ႔ ပြဲ စြမ္းေဆာင္ရည္က အႏိုင္ (၃) မွတ္နဲ႔ မထိုက္တန္ဘူးလို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္နည္းျပ ဆိုလး္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက တနဂၤေႏြေန႔က ၀က္စ္ဘရြန္းအသင္းနဲ႔ ပြဲမွာ သူ႔အသင္းဟာ အႏိုင္ရလဒ္နဲ႔ မထိုက္တန္ဘူးလို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ ပြဲအစ (၂) မိနစ္ကတည္းက ၀က္စ္ဘရြန္းအသင္းနဲ႔ ဦးေဆာင္ဂိုးကို ဘ႐ူႏိုဖာနန္ဒက္စ္က ဒုတိယပိုင္းမွာ ေခ်ပသြားခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ (၂) သင္းစလံုး ဂိုးမသြင္းႏိုင္ခဲ့ၾကပါဘူး။ ဆိုးလ္ရွားက သူ႔အသင္းဟာ အႏိုင္ (၃) မွတ္ရေအာင္ လံုေလာက္တဲ့ စြမ္းေဆာင္ရည္မရခဲ့ဘူးလို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“အသင္းရဲ႕ ကစားပံုက အႏိုင္(၃) မွတ္နဲ႔ မထိုက္တန္ပါဘူ။ ကၽြန္ေတာ္တို႔ ဒီပြဲကို ႏိုင္ဖို႔ လံုေလာက္ေအာင္ မေကာင္းခဲ့ပါဘူး။ ပရီးမီးယားလိဂ္မွာ အႏိုင္ (၃) မွတ္ရဖို႔က အၿမဲတမ္း လိုအပ္ခ်က္ေတြ မ်ားပါတယ္။ အရည္အေသြး၊ ဟန္ခ်က္ညီမႈ နဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာေတြပါပဲ။ ကၽြန္ေတာ္တို႔ဟာ စိတ္ဓာတ္ပိုင္း နဲ႔ လႈပ္အားႏႈန္း ေကာင္းခဲ့ေပမယ့္ အရည္အေသြး အနည္းငယ္က်ဆင္းခဲ့ပါတယ္” လို႔ ဆိုးလ္ရွားက ေျပာသြားခဲ့ပါတယ္။