ဖူလ်ဟမ်အသင်း အမှတ်ပေးဇယား အောက်ဆုံး (၃) သင်းထဲမှာ ပါနေတာ အံ့အားသင့်မိတယ်လို့ ဆိုလိုက်တဲ့ အဲဗာတန်နည်းပြ အန်စလော့တီ

အဲဗာတန်နည်းပြ အန်စလော့တီက ဖူလ်ဟမ်အသင်းရဲ့ အမှတ်ပေးဇယားရပ်တည်ချက်အနေအထားကို အံ့အားသင့်မိတယ်လို့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းဟာ ဂူဆင်ပတ်ခ်မှာ (၂-ဝ) နဲ့ အနိုင်ရခဲ့ပေမယ့် တန်းဆင်းဇုန်က လွတ်မြောက်ရန် (၇) မှတ်လိုနေသေးတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အန်စလော့တီက “ကျွန်တော်တို့ဟာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာအရ ရုန်းကန်ခဲ့ပါတယ်။ ကျွန်တေ်ာတို့လိုချင်ခဲ့တဲ့အတိုင်း မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ပွဲကို ကွင်းလယ်ကစားသမားများများ နဲ့ ထိန်းချုပ်ကစားချင်ခဲ့ပေမယ့် သူတို့ကပဲ ဖိအားပေးခဲ့ပြီး ကျွန်တော်တို့ လိုချင်သလို မဖြစ်လာခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ရာသီအစောပိုင်းတုန်းက (၃) ရက်တစ်ပွဲနှုန်းကစားခဲ့ရပေမယ့် အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။

အခုတော့ ကျွန်တော်တို့ဟာ ကြံ့ခိုင်မှုပိုင်းရုန်းကန်နေရပါတယ်။ တစ်ခါတစ်လေ ပြိုင်ဘက်က ကိုယ့်ထက် ပိုကောင်းနေရင် အနိုင်ရလဒ်နဲ့ ထိုက်တန်တယ်လို့ ပြောရပါမယ်။ သူတို့ဟာ အမှတ်ပေးဇယားအောက်ဆုံး (၃) သင်းမှာ ပါနေတာ ကျွန်တော် အံ့အားသင့်မိပါတယ်။ သူတို့ဟာ ကျွန်တော်တို့နဲ့ တင်မကပါဘူး။ လီဗာပူးလ် နဲ့ ယူနိုက်တက်အသင်းတို့ကိုလည်း ကောင်းကောင်းရင်ဆိုင်ကစားခဲ့ပါတယ်။ သူတို့ဒီည အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

ဖူလ္ဟမ္အသင္း အမွတ္ေပးဇယား ေအာက္ဆံုး (၃) သင္းထဲမွာ ပါေနတာ အံ့အားသင့္မိတယ္လို႔ ဆိုလိုက္တဲ့ အဲဗာတန္နည္းျပ အန္စေလာ့တီ

အဲဗာတန္နည္းျပ အန္စေလာ့တီက ဖူလ္ဟမ္အသင္းရဲ႕ အမွတ္ေပးဇယားရပ္တည္ခ်က္အေနအထားကို အံ့အားသင့္မိတယ္လို႔ တနဂၤေႏြေန႔က ပရီးမီးယားလိဂ္ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။ ဖူလ္ဟမ္အသင္းဟာ ဂူဆင္ပတ္ခ္မွာ (၂-၀) နဲ႔ အႏိုင္ရခဲ့ေပမယ့္ တန္းဆင္းဇုန္က လြတ္ေျမာက္ရန္ (၇) မွတ္လိုေနေသးတာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ အန္စေလာ့တီက “ကၽြန္ေတာ္တို႔ဟာ ၾကံ့ခိုင္မႈပိုင္းဆိုင္ရာအရ ႐ုန္းကန္ခဲ့ပါတယ္။ ကၽြန္ေတ္ာတို႔လိုခ်င္ခဲ့တဲ့အတိုင္း မကစားႏိုင္ခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ဟာ ပြဲကို ကြင္းလယ္ကစားသမားမ်ားမ်ား နဲ႔ ထိန္းခ်ဳပ္ကစားခ်င္ခဲ့ေပမယ့္ သူတို႔ကပဲ ဖိအားေပးခဲ့ၿပီး ကၽြန္ေတာ္တို႔ လိုခ်င္သလို မျဖစ္လာခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ဟာ ရာသီအေစာပိုင္းတုနး္က (၃) ရက္တစ္ပြဲႏႈန္းကစားခဲ့ရေပမယ့္ အေကာင္းဆံုးကစားႏိုင္ခဲ့ပါတယ္။

အခုေတာ့ ကၽြန္ေတာ္တို႔ဟာ ၾကံ့ခိုင္မႈပိုင္း႐ုန္းကန္ေနရပါတယ္။ တစ္ခါတစ္ေလ ၿပိဳင္ဘက္က ကိုယ့္ထက္ ပိုေကာင္းေနရင္ အႏိုင္ရလဒ္နဲ႔ ထိုက္တန္တယ္လို႔ ေျပာရပါမယ္။ သူတို႔ဟာ အမွတ္ေပးဇယားေအာက္ဆံုး (၃) သင္းမွာ ပါေနတာ ကၽြန္ေတာ္ အံ့အားသင့္မိပါတယ္။ သူတို႔ဟာ ကၽြန္ေတာ္တို႔နဲ႔ တင္မကပါဘူး။ လီဗာပူးလ္ နဲ႔ ယူႏိုက္တက္အသင္းတို႔ကိုလည္း ေကာင္းေကာင္းရင္ဆိုင္ကစားခဲ့ပါတယ္။ သူတို႔ဒီည အႏိုင္ရလဒ္နဲ႔ ထိုက္တန္ပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။