အသက် (၄၀) အရွယ်မှာ အနားယူပြီးရင် နည်းပြလောကကို ဝင်ရောက်ရန် ရည်ရွယ်ထားတဲ့ ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗား

ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားက သူဟာ အသက် (၄၀) အရွယ်အထိ ကစားနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောသွားခဲ့ပါတယ်။ ဘရာဇီးကစားသမားကို ကစားသမားဘဝပြီးရင် ဘာတွေဆက်လုပ်မလဲလို့ သတင်းထောက်များက အင်တာဗျူးတစ်ခုမှာ မေးမြန်းသွားခဲ့တာ ဖြစ်ပါတယ်။

သီယာဂိုဆေးလ်ဗားဟာ အသက် ၃၆ နှစ်အရွယ်ရှိနေသူဖြစ်ပြီး နောက်ထပ် နှစ်အနည်းငယ်လောက်အထိ ကစားနိုင်ဦးမယ်လို့ သူ့ကိုယ်သူ ယုံကြည်နေပါတယ်။ ကစားသမားဘဝက အနားယူပြီးတဲ့အချိန်မှာတော့ နည်းပြလောကကို ဝင်ရောက်သွားမယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော့်စိတ်ထဲမှာ စိတ်ပိုင်းဖြတ်ထားပါတယ်။ ကျွန်တော်ခန္ဓာကိုယ်က အသက် (၄၀) အရွယ်အထိ ကစားနိုင်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ဟာ မာလ်ဒီနီ အသက် (၄၁) နှစ်အရွယ်ရောက်တဲ့အထိတွဲကစားခဲ့ဖူးသူပါ။ ကျွန်တော်ရည်ရွယ်ချက်က ၂၀၂၂ ကမ္ဘာ့ဖလားအထိဖြစ်ပါတယ်။ ကစားသမားဘဝအနားယူပြီးရင်တော့ နည်းပြလောကကို စဉ်းစားထားပါတယ်။

ဒါပေမယ့် အခုတော့ လိုပါသေးတယ်။ ကျွန်တော့်ဘဝမှာ အန်စလော့တီ နဲ့ တီတီ တို့လို့ နည်းပြကောင်းတွေနဲ့ လက်တွဲခဲ့ရပါတယ်။ ကျွန်တော်ဟာ တူချယ်လ် နဲ့ လမ်းပတ် တို့လို နည်းပြမျိုးတွေနဲ့လည်း စကားပြောဖြစ်ခဲ့ပြီး နည်းပြတစ်ယောက်ဖြစ်ချင်စိတ်တွေ ဖြစ်ပေါ်နေပါတယ်” လို့ သီယာဂိုဆေးလ်ဗားက ပြောသွားခဲ့ပါတယ်။

အသက္ (၄၀) အရြယ္မွာ အနားယူၿပီးရင္ နည္းျပေလာကကို ၀င္ေရာက္ရန္ ရည္ရြယ္ထားတဲ့ ခ်ဲလ္ဆီးေနာက္ခံလူ သီယာဂိုေဆးလ္ဗား

ခ်ဲလ္ဆီးေနာက္ခံလူ သီယာဂိုေဆးလ္ဗားက သူဟာ အသက္ (၄၀) အရြယ္အထိ ကစားႏိုင္တယ္လို႔ ယံုၾကည္ေၾကာင္း ေျပာသြားခဲ့ပါတယ္။ ဘရာဇီးကစားသမားကို ကစားသမားဘဝၿပီးရင္ ဘာေတြဆက္လုပ္မလဲလို႔ သတင္းေထာက္မ်ားက အင္တာဗ်ဴးတစ္ခုမွာ ေမးျမန္းသြားခဲ့တာ ျဖစ္ပါတယ္။

သီယာဂိုေဆးလ္ဗားဟာ အသက္ ၃၆ ႏွစ္အရြယ္ရွိေနသူျဖစ္ၿပီး ေနာက္ထပ္ ႏွစ္အနည္းငယ္ေလာက္အထိ ကစားႏိုင္ဦးမယ္လို႔ သူ႔ကိုယ္သူ ယံုၾကည္ေနပါတယ္။ ကစားသမားဘ၀က အနားယူၿပီးတဲ့အခ်ိန္မွာေတာ့ နည္းျပေလာကကို ၀င္ေရာက္သြားမယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“ ကၽြန္ေတာ့္စိတ္ထဲမွာ စိတ္ပိုင္းျဖတ္ထားပါတယ္။ ကၽြန္ေတာ္ခႏၶာကိုယ္က အသက္ (၄၀) အရြယ္အထိ ကစားႏိုင္တယ္လို႔ ယံုၾကည္ပါတယ္။ ကၽြန္ေတာ္ဟာ မာလ္ဒီနီ အသက္ (၄၁) ႏွစ္အရြယ္ေရာက္တဲ့အထိတြဲကစားခဲ့ဖူးသူပါ။ ကၽြန္ေတာ္ရည္ရြယ္ခ်က္က ၂၀၂၂ ကမာၻ႕ဖလားအထိျဖစ္ပါတယ္။ ကစားသမားဘ၀အနားယူၿပီးရင္ေတာ့ နည္းျပေလာကကို စဥ္းစားထားပါတယ္။

ဒါေပမယ့္ အခုေတာ့ လိုပါေသးတယ္။ ကၽြန္ေတာ့္ဘ၀မွာ အန္စေလာ့တီ နဲ႔ တီတီ တို႔လို႔ နညး္ျပေကာင္းေတြနဲ႔ လက္တြဲခဲ့ရပါတယ္။ ကၽြန္ေတာ္ဟာ တူခ်ယ္လ္ နဲ႔ လမ္းပတ္ တို႔လို နည္းျပမ်ိဳးေတြနဲ႔လည္း စကားေျပာျဖစ္ခဲ့ၿပီး နည္းျပတစ္ေယာက္ျဖစ္ခ်င္စိတ္ေတြ ျဖစ္ေပၚေနပါတယ္” လို႔ သီယာဂိုေဆးလ္ဗားက ေျပာသြားခဲ့ပါတယ္။