ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးအသင်း ရပြီလို့ ကျိန်းသေမပြောနိုင်သေးဘူးလို့ ဆိုလိုက်တဲ့ ကွင်းလယ်လူ ဂန်ဒိုဂန်

မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်က သူ့အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ဆွတ်ခူးသွားပြီလို့ ပြောဆိုနေတာတွေကို ငြင်းပယ်သွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ စနေနေ့က လီဗာပူးလ်အသင်းကို (၄-၁) နဲ့ အနိုင်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ (၅) မှတ်အကွာနဲ့ ရပ်တည်နေပြီး တစ်ပွဲကစားဖို့လည်း ကျန်နေသေးတာ ဖြစ်ပါတယ်။

သို့သော်လည်း ဂန်ဒိုဂန်ကတော့ အမှတ်ပေးဖလားကို ရသွားပြီလို့ ပြောနေတာတွေက စောလွန်းသေးတယ်လို့ ပြောသွားခဲ့ပါတယ်။

“ပွဲတွေ အများကြီး ကစားရန် ကျန်နေပါသေးတယ်။ ကျွန်တော်တို့ မာန်တက်နေဖို့ မလိုပါဘူး။ စိန်ခေါ်မှုတွေ အကုန်လုံးကို ကျော်ဖြတ်ရဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု အရမ်းပြင်းထန်ပါတယ်။

ဒီနှစ်က ပိုပြီးတောင် ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ ပွဲတိုင်းက အရေးပါနေပါတယ်။ အခု ကျွန်တော်တို့ ပုံစံကောင်းတွေ ရနေတာ သိပေမယ့် ဒါတွေက အာမခံလို့ မရပါဘူး။ ဒီခြေစွမ်းကို ဆက်ပြီးထိန်းသွားဖို့ကလည်း အရမ်းကို လိုအပ်နေပါတယ်” လို့ ဂန်ဒိုဂန်က ပြောသွားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ္ဖလားကို မန္စီးတီးအသင္း ရၿပီလို႔ ေသခ်ာမေျပာႏိုင္ေသးဘူးလို႔ ဆိုလိုက္တဲ့ ကြင္းလယ္လူ ဂန္ဒိုဂန္

မန္စီးတီးကြင္းလယ္လူ ဂန္ဒိုဂန္က သူ႔အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို ဆြတ္ခူးသြားၿပီလို႔ ေျပာဆိုေနတာေတြကို ျငင္းပယ္သြားခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ စေနေန႔က လီဗာပူးလ္အသင္းကို (၄-၁) နဲ႔ အႏိုင္ယူခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ဆံုးမွာ (၅) မွတ္အကြာန႔ဲ ရပ္တည္ေနၿပီး တစ္ပြဲကစားဖို႔လည္း က်န္ေနေသးတာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ဂန္ဒိုဂန္ကေတာ့ အမွတ္ေပးဖလားကို ရသြားၿပီလို႔ ေျပာေနတာေတြက ေစာလြန္းေသးတယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ပြဲေတြ အမ်ားႀကီး ကစားရန္ က်န္ေနပါေသးတယ္။ ကၽြန္ေတာ္တို႔ မာန္တက္ေနဖို႔ မလိုပါဘူး။ စိန္ေခၚမႈေတြ အကုန္လံုးကို ေက်ာ္ျဖတ္ရဦးမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ပရီးမီးယားလိဂ္က ၿပိဳင္ဆိုင္မႈ အရမ္းျပင္းထန္ပါတယ္။

ဒီႏွစ္က ပိုၿပီးေတာင္ ျပင္းထန္တယ္လို႔ ေျပာလို႔ရပါတယ္။ ပြဲတိုင္းက အေရးပါေနပါတယ္။ အခု ကၽြန္ေတာ္တို႔ ပံုစံေကာင္းေတြ ရေနတာ သိေပမယ့္ ဒါေတြက အာမခံလို႔ မရပါဘူး။ ဒီေျခစြမး္ကို ဆက္ၿပီးထိန္းသြားဖို႔ကလည္း အရမး္ကို လိုအပ္ေနပါတယ္” လို႔ ဂန္ဒိုဂန္က ေျပာသြားခဲ့တာျဖစ္ပါတယ္။