ရှက်ဖီးယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပူလီဆစ်ကို ဘာကြောင့် ထည့်မကစားရတာလဲဆိုတာကို ရှင်းပြခဲ့တဲ့ ချဲလ်ဆီးနည်းပြ တူချယ်လ်

ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်လ်က စနေနေ့က ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အမေရိကန် ကစားသမား ပူလီဆစ်ကို ဘာကြောင့် ထည့်မကစားခဲ့ရတာလဲဆိုတာကို ပြောသွားခဲ့ပါတယ်။ တောင်ပံတိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက စပါးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အရန်ခုံကနေ ဝင်ရောက်ကစားခဲ့သူဖြစ်ပါတယ်။

သို့သော်လည်း ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပွဲမှာတော့ သူဟာ မိသားစုပြဿနာကြောင့် ပါဝင်ကစားခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
“ခရစ္စတီယန်ဟာ မိသားစုပြဿနာဖြေရှင်းဖို့ ရှိနေပါတယ်။ မိသားစုအရေးက အရေးကြီးတဲ့ ကိစ္စဖြစ်လို့ သူ့ကို အဲ့ဒီပွဲအတွက် အနားပေးဖို့ ဆုံးဖြတ်လိုက်ရပါတယ်” လို့ တူချယ်လ်က ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရခဲ့ပြီးနောက ်ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၅) နေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ သူတို့ဟာ အဆင့် (၄) နေရာက လီဗာပူးလ်အသင်းထက် (၁) မှတ်ပဲ လျော့နည်းနေပါတယ်။

ရွက္ဖီးယူႏိုက္တက္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ ပူလီဆစ္ကို ဘာေၾကာင့္ ထည့္မကစားရတာလဲဆိုတာကို ရွင္းျပခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္လ္

ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္တူခ်ယ္လ္က စေနေန႔က ရွက္ဖီးယူႏိုက္တက္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ အေမရိကန္ ကစားသမား ပူလီဆစ္ကို ဘာေၾကာင့္ ထည့္မကစားခဲ့ရတာလဲဆိုတာကို ေျပာသြားခဲ့ပါတယ္။ ေတာင္ပံတိုက္စစ္ကစားသမားဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔တုန္းက စပါးအသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ အရန္ခုံကေန ဝင္ေရာက္ကစားခဲ့သူျဖစ္ပါတယ္။

သို႔ေသာ္လည္း ရွက္ဖီးယူႏိုက္တက္အသင္းနဲ႔ ပြဲမွာေတာ့ သူဟာ မိသားစုျပႆနာေၾကာင့္ ပါဝင္ကစားခဲ့ျခင္းမရွိဘူးလို႔ သိရပါတယ္။
“ခရစၥတီယန္ဟာ မိသားစုျပႆနာေျဖရွင္းဖို႔ ရွိေနပါတယ္။ မိသားစုအေရးက အေရးႀကီးတဲ့ ကိစၥျဖစ္လို႔ သူ႔ကို အဲ့ဒီပြဲအတြက္ အနားေပးဖို႔ ဆုံးျဖတ္လိုက္ရပါတယ္” လို႔ တူခ်ယ္လ္က ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ရွက္ဖီးယူႏိုက္တက္အသင္းကို အႏိုင္ရခဲ့ၿပီးေနာက ္ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ အဆင့္ (၅) ေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ သူတို႔ဟာ အဆင့္ (၄) ေနရာက လီဗာပူးလ္အသင္းထက္ (၁) မွတ္ပဲ ေလ်ာ့နည္းေနပါတယ္။