အာဆင်နယ်အသင်းမှာ ကာလရှည် ဆက်နေသွားရန် ပြင်ဆင်နေတဲ့ အိုဒီဂတ်

နော်ဝေးလက်ရွေးစင်ကစားသမား မာတင်အိုဒီဂတ်က အာဆင်နယ်အသင်းမှာ ကာလရှည် ဆက်နေသွားရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ကွင်းလယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းဆီကို ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

အငှားစာချုပ်ထဲမှာ အပြီးသတ်ခေါ်ယူခွင့်ကို ထည့်သွင်းမချုပ်ဆိုထားသော်လည်း အိုဒီဂတ်က နောက်ရာသီမှာလည်း ရီးရဲလ်မက်ဒရစ်အသင်းကို နည်းပြဇီဒန်းပဲ ဆက်လက်တာဝန်ယူမယ်ဆိုပါက လန်ဒန်မှာပဲ ဆက်နေချင်တယ်လို့ သတင်းများအရ သိရပါတယ်။

အိုဒီဂတ်ဟာ ဇီဒန်းရဲ့ ယုံကြည်မှုကို သူ့အနေနဲ့ မရဘူးလို့ ခံယူနေပြီး ပြင်သစ်လူမျိုးနည်းပြကလည်း သူ့ကို ပွဲထွက် ခွင့်အတွက် တိုက်ပွဲဝင်လိုစိတ်မရှိဘူးလို့ ဝေဖန်ခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကတော့ အိုဒီဂတ်ကို အသင်းမှာ ဆက်ခေါ်ယူထားချင်တယ်လို့ အစောကြီးကတည်းက ပြောဆိုထားပါတယ်။

အာဆင္နယ္အသင္းမွာ ကာလရွည္ ဆက္ေနသြားရန္ ျပင္ဆင္ေနတဲ့ အိုဒီဂတ္

ေနာ္ေ၀းလက္ေရြးစင္ကစားသမား မာတင္အိုဒီဂတ္က အာဆင္နယ္အသင္းမွာ ကာလရွည္ ဆက္ေနသြားရန္ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။
ကြင္းလယ္ကစားသမားဟာ ရီးရဲလ္မက္ဒရစ္အသင္းကေန အာဆင္နယ္အသင္းဆိီကို ရာသီကုန္အထိ အငွားနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ပါတယ္။

အငွားစာခ်ဳပ္ထဲမွာ အၿပီးသတ္ေခၚယူခြင့္ကို ထည့္သြင္းမခ်ဳပ္ဆိုထားေသာ္လည္း အိုဒီဂတ္က ေနာက္ရာသီမွာလည္း ရီးရဲလ္မက္ဒရစ္အသင္းကို နည္းျပဇီဒန္းပဲ ဆက္လက္တာ၀န္ယူမယ္ဆိုပါက လန္ဒန္မွာပဲ ဆက္ေနခ်င္တယ္လို႔ သတင္းမ်ားအရ သိရပါတယ္။

အိုဒီဂတ္ဟာ ဇီဒန္းရဲ႕ ယံုၾကည္မႈကို သူ႔အေနနဲ႔ မရဘူးလို႔ ခံယူေနၿပီး ျပင္သစ္လူမ်ိဳးနည္းျပကလည္း သူ႔ကို ပြဲထြက္ ခြင့္အတြက္ တိုက္ပြဲ၀င္လိုစိတ္မရွိဘူးလို႔ ေ၀ဖန္ခဲ့သူျဖစ္ပါတယ္။ အာဆင္နယ္နည္းျပ အာတီတာကေတာ့ အိုဒီဂတ္ကို အသင္းမွာ ဆက္ေခၚယူထားခ်င္တယ္လို႔ အေစာႀကီးကတည္းက ေျပာဆိုထားပါတယ္။