အဲဗာတန်နဲ့ ပွဲမှာ (၂) မှတ်ဆုံးရှုံးခဲ့တာကို စိတ်ပျက်နေတယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က စနေနေ့က အဲဗာတန်နဲ့ (၃-၃) သရေကျခဲ့တဲ့ပွဲကို အသင်းအနေနဲ့ သင်ခန်းစာယူရမယ်လို့ ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပထမပိုင်းပြီးတဲ့အချိန်အထိ (၂-ဝ) နဲ့ ဦးဆောင်နေခဲ့ပြီး (၃) မှတ်ရမယ်လို့ ထင်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း အဲဗာတန်အသင်းက ဒုတိယပိုင်းစပြီး (၇) မှတ်အကြာမှာ ချေပဂိုးတွေသွင်းယူခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ယူနိုက်တက်ဘက်က တွမ်မီနေးက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး (၃-၂) နဲ့ ဦးဆောင်နေခဲ့ပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အဲဗာတန်အသင်းဘက်က တိုက်စစ်မှူး ကဲလ်ဗက်လီဝင်က ချေပဂိုးသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

“စိတ်ပျက်စရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အမှားတွေ လုပ်နေခဲ့ပါတယ်။ ကျွန်တော်တို့ အဲ့ဒီလို ဂိုးတွေကို ခွင့်ပြုပေးလို့မရတော့ပါဘူး။ ကျွန်တော်တို့ အာရုံပိုစိုက်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဂိုးသွင်းဖို့ ဆာလောင်နေသလို ခံစစ်ပိုင်းကလည်း ဂိုးတွေကို ကာကွယ်ဖို့ လိုအပ်နေပါတယ်။ ဒါတွေကနေ သင်ယူရပါမယ်။ ဒါမျိုးက အမြဲတမ်းဖြစ်ပျက်နေလို့ စိတ်ပျက်ဖို့တောင်ကောင်းနေပါတယ်” လို့ ဘရူနိုဖာနန်ဒက်စ်က ပွဲအပြီးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

အဲဗာတန္နဲ႔ ပြဲမွာ (၂) မွတ္ဆံုးရႈံးခဲ့တာကို စိတ္ပ်က္ေနတယ္လို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္ကြင္းလယ္လူ ဖာနန္ဒက္စ္

ယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က စေနေန႔က အဲဗာတန္နဲ႔ (၃-၃) သေရက်ခဲ့တဲ့ပြဲကို အသင္းအေနနဲ႔ သင္ခန္းစာယူရမယ္လို႔ ေျပာသြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ပထမပိုင္းၿပီးတဲ့အခ်ိန္အထိ (၂-၀) နဲ႔ ဦးေဆာင္ေနခဲ့ၿပီး (၃) မွတ္ရမယ္လို႔ ထင္မွတ္ခဲ့ၾကတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း အဲဗာတန္အသင္းက ဒုတိယပိုင္းစၿပီး (၇) မွတ္အၾကာမွာ ေခ်ပဂိုးေတြသြင္းယူခဲ့ပါတယ္။

အဲ့ဒီေနာက္မွာ ယူႏိုက္တက္ဘက္က တြမ္မီေနးက ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ၿပီး (၃-၂) နဲ႔ ဦးေဆာင္ေနခဲ့ေပမယ့္ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ အဲဗာတန္အသင္းဘက္က တိုက္စစ္မွဴး ကဲလ္ဗက္လီ၀င္က ေခ်ပဂိုးသြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

“စိတ္ပ်က္စရာေတြ အမ်ားႀကီးရွိပါတယ္။ ကၽြန္ေတာ္တို႔ဟာ ၿပီးခဲ့တဲ့ပြဲေတြမွာ အမွားေတြ လုပ္ေနခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ အဲ့ဒီလို ဂိုးေတြကို ခြင့္ျပဳေပးလို႔မရေတာ့ပါဘူး။ ကၽြန္ေတာ္တို႔ အာရံုပိုစိုက္ဖို႔ လိုအပ္ေနပါတယ္။ ကၽြန္ေတာ္တို႔ အေနနဲ႔ ဂိုးသြင္းဖို႔ ဆာေလာင္ေနသလို ခံစစ္ပိုင္းကလည္း ဂိုးေတြကို ကာကြယ္ဖို႔ လိုအပ္ေနပါတယ္။ ဒါေတြကေန သင္ယူရပါမယ္။ ဒါမ်ိဳးက အၿမဲတမ္းျဖစ္ပ်က္ေနလို႔ စိတ္ပ်က္ဖို႔ေတာင္ေကာင္းေနပါတယ္” လို႔ ဘ႐ူႏိုဖာနန္ဒက္စ္က ပြဲအၿပီးမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။