ဘာကြောင့် ဆွန်ဟောင်မင်က ဂိုးသွင်းပြီးရင် ကင်မရာရိုက်တဲ့ပုံနဲ့ အောင်ပွဲခံတာလဲ …


ဘောလုံးသမားတစ်ယောက်အနေနဲ့ ဂိုးသွင်းယူပြီးတဲ့အချိန်မှာ အောင်ပွဲခံတဲ့အမူအရာ အမျိုးမျိုးရှိကြပါတယ်။ ကိုယ်သွင်း ယူလိုက်တဲ့ ဂိုးတစ်ဂိုးအတွက် အောင်ပွဲခံမှုမှာ ပရိသတ်တွေအတွက် ထူးထူးခြားခြား အောင်ပွဲခံတဲ့ကစားသမားတွေလည်း ရှိပါတယ်။ ဒီအထဲမှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်တစ်ယောက်တည်းလည်း ပါဝင်ပါတယ်။ ဆွန်ဟောင်မင်အနေနဲ့ ဂိုး သွင်းယူပြီးတိုင်း ကင်မရာနဲ့ ဓါတ်ပံရိုက်တဲ့ပုံစံ အောင်ပွဲခံလေ့ရှိတာ တွေ့ရပါတယ်။


အောင်ပွဲခံမှုပုံစံအနေအထားနဲ့ ပတ်သက်ပြီး Sky Sports ရဲ့ အင်တာဗျူးတစ်ခုမှာတော့ ဆွန်ဟောင်မင်က “ လွန်ခဲ့တဲ့ တစ် နှစ်လောက်တုန်းက ကျွန်တော်အနေနဲ့ ဂိုးသွင်းယူပြီးရင် အောင်ပွဲခံဖို့ပုံစံကို စဉ်းစားခဲ့ပါတယ်။ အောင်ပွဲခံပုံအမျိုးမျိုး ရှိတဲ့ ကြားက ဂိုးသွင်းယူနိုင်တာဟာ အမှတ်ရစရာကောင်းတဲ့ တစ်ခုဖြစ်တာကြောင့် မှတ်တမ်းတင်တဲ့ပုံနဲ့ လက်ကို ကင်မရာပုံစံ လုပ်ပြီး ဓါတ်ပုံရိုက်တဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့တာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆွန်ဟောင်မင်ဟာ အာရှဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းနဲ့အတူ ရွှေတံဆိပ်ဆု ရရှိခဲ့တာကြောင့် စစ်မှုထမ်းရမယ့် ၂၁ လတာကာလကို ကင်းလွတ်ခွင့်ရခဲ့ပြီး စပါးနည်းပြဖြစ်လာတဲ့ မော်ရင်ဟိုရဲ့ လက်အောက်မှာ ခြေစွမ်းပြနိုင်တဲ့ကစား သ မားတစ်ယောက် ဖြစ်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိခြေစွမ်းပြနိုင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဆွန်ဟောင်မင်က ပျော်ရွှင်မိ တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

zawgyi version

ဘာေၾကာင့္ ဆြန္ေဟာင္မင္က ဂိုးသြင္းၿပီးရင္ ကင္မရာ႐ိုက္တဲ့ပံုနဲ႔ ေအာင္ပြဲခံတာလဲ …
ေဘာလံုးသမားတစ္ေယာက္အေနနဲ႔ ဂိုးသြင္းယူၿပီးတဲ့အခ်ိန္မွာ ေအာင္ပြဲခံတဲ့အမူအရာ အမ်ိဳးမ်ိဳးရွိၾကပါတယ္။ ကိုယ္သြင္း ယူလိုက္တဲ့ ဂိုးတစ္ဂိုးအတြက္ ေအာင္ပြဲခံမႈမွာ ပရိသတ္ေတြအတြက္ ထူးထူးျခားျခား ေအာင္ပြဲခံတဲ့ကစားသမားေတြလည္း ရွိပါတယ္။ ဒီအထဲမွာ စပါးတိုက္စစ္မွဴး ဆြန္ေဟာင္မင္တစ္ေယာက္တည္းလည္း ပါဝင္ပါတယ္။ ဆြန္ေဟာင္မင္အေနနဲ႔ ဂိုး သြင္းယူၿပီးတိုင္း ကင္မရာနဲ႔ ဓါတ္ပံ႐ိုက္တဲ့ပံုစံ ေအာင္ပြဲခံေလ့ရွိတာ ေတြ႕ရပါတယ္။
ေအာင္ပြဲခံမႈပံုစံအေနအထားနဲ႔ ပတ္သက္ၿပီး Sky Sports ရဲ႕ အင္တာဗ်ဴးတစ္ခုမွာေတာ့ ဆြန္ေဟာင္မင္က “ လြန္ခဲ့တဲ့ တစ္ ႏွစ္ေလာက္တုန္းက ကၽြန္ေတာ္အေနနဲ႔ ဂိုးသြင္းယူၿပီးရင္ ေအာင္ပြဲခံဖို႔ပံုစံကို စဥ္းစားခဲ့ပါတယ္။ ေအာင္ပြဲခံပံုအမ်ိဳးမ်ိဳး ရွိတဲ့ ၾကားက ဂိုးသြင္းယူႏိုင္တာဟာ အမွတ္ရစရာေကာင္းတဲ့ တစ္ခုျဖစ္တာေၾကာင့္ မွတ္တမ္းတင္တဲ့ပံုနဲ႔ လက္ကို ကင္မရာပံုစံ လုပ္ၿပီး ဓါတ္ပံု႐ိုက္တဲ့ပံုစံနဲ႔ ေအာင္ပြဲခံခဲ့တာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆြန္ေဟာင္မင္ဟာ အာရွဖလားၿပိဳင္ပြဲမွာ ေတာင္ကိုရီးယားအသင္းနဲ႔အတူ ေရႊတံဆိပ္ဆု ရရွိခဲ့တာေၾကာင့္ စစ္မႈထမ္းရမယ့္ ၂၁ လတာကာလကို ကင္းလြတ္ခြင့္ရခဲ့ၿပီး စပါးနည္းျပျဖစ္လာတဲ့ ေမာ္ရင္ဟိုရဲ႕ လက္ေအာက္မွာ ေျခစြမ္းျပႏိုင္တဲ့ကစား သ မားတစ္ေယာက္ ျဖစ္လာခဲ့တာျဖစ္ပါတယ္။ လက္ရွိေျခစြမ္းျပႏိုင္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဆြန္ေဟာင္မင္က ေပ်ာ္ရႊင္မိ တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။