မန်စီးတီးကို ရှုံးရင် လီဗာပူးလ်အသင်းရဲ့ ချန်ပီယံဆုဖလား ကာကွယ်မှု လမ်းဆုံးသွားပြီလို့ ဆိုလိုက်တဲ့ ဂန္တဝင်ကစားသမားဟောင်း မာဖီ

လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း မာဖီဟာ စနေနေ့ကစားမယ့် မန်စီးတီးနဲ့ လီဗာပူးလ်ပွဲမှာ သူ့အသင်းဟောင်းအနေနဲ့ ရှုံးပွဲတွေ့သွားပါက ချန်ပီယံသရဖူကာကွယ်မှု လမ်းဆုံးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။

“လီဗာပူးလ်အသင်းရဲ့ ချန်ပီယံသရဖူကာကွယ်မှုက အခုပြီးသွားပြီလို့ ကျွန်တော် မရေးသေးပါဘူး။ သူတို့မှာ အရင်ကလို အရည်အသွေးနဲ့ စိတ်ဓာတ်ပိုင်းဆိုင်တွေ ကျန်နေပါသေးတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်က ရာသီဝက်ကို ရောက်နေပါပြီ။ တနင်္ဂနွေနေ့မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့အနေနဲ့ ချန်ပီယံဆုကို လက်ထဲမှာ ဆက်ထားချင်သေးရင် ယာဂင်ကလော့ပ်ရဲ့အသင်းဟာ အနိုင်ကန်ရမှာဖြစ်ပါတယ်။

ဒါဟာ လီဗာပူးလ်အသင်းအတွက် အမှတ်ကွာဟမှုကို ကျဉ်းမြောင်းအောင် လုပ်ရမယ့် အခွင့်အရေးသာမက ဗုဒ္ဓဟူးနေ့က ဘရိုက်တန်ကို ရှုံးခဲ့တဲ့ပွဲက စိတ်ပျက်စရာ အခိုက်အတန့်ကိုပါ ပြန်လည်ချေဖျက်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ (၉) ပွဲဆက်တိုက် နိုင်လာတဲ့ မန်စီးတီးလိုအသင်းကို အနိုင်ရမယ့် နိုင်ပွဲတွေက အသင်းအတွက် စိတ်ဓာတ်ခွန်အားရစေပါတယ်။ လီဗာပူးလ်သာ အန်ဖီးလ်မှာ နိုင်မယ်ဆိုရင် သူတို့ လက်ရှိ အမှတ်ပေးဖလားကို လက်ထဲမှာ ထားလို့ရမယ့် အခွင့်အရေးရမှာပါ။ တစ်ကယ်လို့ မနိုင်ရင်တော့ မန်စီးတီးကို မီဖို့ မဖြစ်နိုင်တော့ပါဘူး” လို့ ဘီဘီစီအားကစားကဏ္ဍမှ ရေးသားသွားခဲ့တာဖြစ်ပါတယ်။

မန္စီးတီးကို ရႈံးရင္ လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံဆုဖလား ကာကြယ္မႈ လမ္းဆံုးသြားၿပီလို႔ ဆိုလိုက္တဲ့ ဂႏၲ၀င္ကစားသမားေဟာင္း မာဖီ

လီဗာပူးလ္အသင္းရဲ႕ ကစားသမားေဟာင္း မာဖီဟာ စေနေန႔ကစားမယ့္ မန္စီးတီးနဲ႔ လီဗာပူးလ္ပြဲမွာ သူ႔အသင္းေဟာင္းအေနနဲ႔ ရႈံးပြဲေတြ႕သြားပါက ခ်န္ပီယံသရဖူကာကြယ္မႈ လမ္းဆံုးသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။

“လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံသရဖူကာကြယ္မႈက အခုၿပီးသြားၿပီလို႔ ကၽြန္ေတာ္ မေရးေသးပါဘူး။ သူတို႔မွာ အရင္ကလို အရည္အေသြးနဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ေတြ က်န္ေနပါေသးတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္က ရာသီ၀က္ကို ေရာက္ေနပါၿပီ။ တနဂၤေႏြေန႔မွာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ မန္စီးတီးအသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး သူတို႔အေနနဲ႔ ခ်န္ပီယံဆုကို လက္ထဲမွာ ဆက္ထားခ်င္ေသးရင္ ယာဂင္ကေလာ့ပ္ရဲ႕အသင္းဟာ အႏိုင္ကန္ရမွာျဖစ္ပါတယ္။

ဒါဟာ လီဗာပူးလ္အသင္းအတြက္ အမွတ္ကြာဟမႈကို က်ဥ္းေျမာင္းေအာင္ လုပ္ရမယ့္ အခြင့္အေရးသာမက ဗုဒၶဟူးေန႔က ဘ႐ိုက္တန္ကို ရႈံးခဲ့တဲ့ပြဲက စိတ္ပ်က္စရာ အခိုက္အတန္႔ကိုပါ ျပန္လည္ေခ်ဖ်က္ႏိုင္မယ့္ အခြင့္အေရးျဖစ္ပါတယ္။ (၉) ပြဲဆက္တိုက္ ႏိုင္လာတဲ့ မန္စီးတီးလိုအသင္းကို အႏိုင္ရမယ့္ ႏိုင္ပြဲေတြက အသင္းအတြက္ စိတ္ဓာတ္ခြန္အားရေစပါတယ္။ လီဗာပူးလ္သာ အန္ဖီးလ္မွာ ႏိုင္မယ္ဆိုရင္ သူတို႔ လက္ရွိ အမွတ္ေပးဖလားကို လက္ထဲမွာ ထားလို႔ရမယ့္ အခြင့္အေရးရမွာပါ။ တစ္ကယ္လို႔ မႏိုင္ရင္ေတာ့ မန္စီးတီးကို မီဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး” လို႔ ဘီဘီစီအားကစားက႑မွ ေရးသားသြားခဲ့တာျဖစ္ပါတယ္။