ရော်နယ်ဒိုက အသက် (၄၀) အရွယ်အထိ ကစားနိုင်တယ်လို့ ဆိုလိုက်တဲ့ ရီးရဲလ်မက်ဒရစ်ကြံ့ခိုင်ရေးနည်းပြဟောင်း

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြံ့ခိုင်ရေးနည်းပြဟောင်း ဂျီယိုဗန်နီမော်ရီက ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသက် (၄၀) အရွယ်အထိကစားနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။ ကြံ့ခိုင်ရေးနည်းပြ မော်ရီ နဲ့ ဒီနေ့မှာ အသက် (၃၆) နှစ်ပြည့်သွားပြီဖြစ်တဲ့ ရော်နယ်ဒိုတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အတူတူ လက်တွဲအလုပ်လုပ်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။

သူက Tuttosport သို့ “ ရော်နယ်ဒိုဟာ အသက် (၄၀) အရွယ်အထိ ကစားနိုင်သူပါ။ စွမ်းရည်၊ အမြန်နှုန်း ၊ တစ်ကယ်ရည်အရည်အချင်းတွေရှိတဲ့ အားကစားသမားတွေကို ကျွန်တော် အမြဲ မြင်ဖူးပါတယ်။ ကျွန်တော်ဟာ အသက် (၄၀) အရွယ်ဖြစ်တဲ့ မာဒီနီ တို့ ကော်စတာကာတာ တို့နဲ့ လက်တွဲခဲ့ဖူးပါတယ်။

ပြင်သစ်မှာတုန်းကလည်း အီဘရာဟီမိုဗစ်နဲ့ လက်တွဲခဲ့ပါတယ်။ သေချာပါတယ်။ သူဟာ အသက် (၄၀) အရွယ်အထိ ကွင်းထဲမှာကစားနေမှာပါ။ သူတို့ဟာ မျိုးကောင်းတဲ့ မြင်းတွေလိုပါပဲ။ ရော်နယ်ဒိုလည်း အတူတူပါပဲ။ အသက် (၄၀) လောက်အထိ ဒီလိုစွမ်းဆောင်ရည်ကောင်းကို ဆက်ပြီးထိန်းထားနိုင်မှာပါ””လို့ ပြောသွားခဲ့ပါတယ်။

ေရာ္နယ္ဒိုက အသက္ (၄၀) အရြယ္အထိ ကစားႏိုင္တယ္လို႔ ဆိုလိုက္တဲ့ ရီးရဲလ္မက္ဒရစ္ၾကံ့ခိုင္ေရးနည္းျပေဟာင္း

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕  ၾကံ့ခိုင္ေရးနည္းျပေဟာင္း ဂ်ီယိုဗန္နီေမာ္ရီက ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ အသက္ (၄၀) အရြယ္အထိကစားႏိုင္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ၾကံ့ခိုင္ေရးနည္းျပ ေမာ္ရီ နဲ႔ ဒီေန႔မွာ အသက္ (၃၆) ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ေရာ္နယ္ဒိုတို႔ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ အတူတူ လက္တြဲအလုပ္လုပ္ခဲ့ဖူးသူေတြ ျဖစ္ပါတယ္။

သူက Tuttosport သို႔ “ ေရာ္နယ္ဒိုဟာ အသက္ (၄၀) အရြယ္အထိ ကစားႏိုင္သူပါ။ စြမး္ရည္၊ အျမန္ႏႈန္း ၊ တစ္ကယ္ရည္အရည္အခ်င္းေတြရွိတဲ့ အားကစားသမားေတြကို ကၽြန္ေတာ္ အၿမဲ ျမင္ဖူးပါတယ္။ ကၽြန္ေတာ္ဟာ အသက္ (၄၀) အရြယ္ျဖစ္တဲ့ မာဒီနီ တို႔ ေကာ္စတာကာတာ တို႔နဲ႔ လက္တြဲခဲ့ဖူးပါတယ္။

ျပင္သစ္မွာတုန္းကလည္း အီဘရာဟီမိုဗစ္နဲ႔ လက္တြဲခဲ့ပါတယ္။ ေသခ်ာပါတယ္။ သူဟာ အသက္ (၄၀) အရြယ္အထိ ကြင္းထဲမွာကစားေနမွာပါ။ သူတို႔ဟာ မ်ိဳးေကာင္းတဲ့ ျမင္းေတြလိုပါပဲ။ ေရာ္နယ္ဒိုလည္း အတူတူပါပဲ။ အသက္ (၄၀) ေလာက္အထိ ဒီလိုစြမ္းေဆာင္ရည္ေကာင္းကို ဆက္ၿပီးထိန္းထားႏိုင္မွာပါ””လို႔ ေျပာသြားခဲ့ပါတယ္။