အက်စတွန်ဗီလာနဲ့ ပွဲမှာ အသင်းရဲ့ အရေးပါတဲ့ဘယ်နောက်ခံလူ တီယာနေး ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ဒီတစ်ပတ်ကစားမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပွဲ၌ သူ့အသင်းမှာ တီယာနေး ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ကြားရက်က ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ အဝေးကွင်းမှာ မှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကလည်း ဝုလ်ဗ်အသင်းကို ရှုံးခဲ့ရတာဖြစ်လို့ (၂) သင်းစလုံးဟာ (၃) မှတ်မဖြစ်မနေ လိုအပ်နေပါတယ်။

သို့သော်လည်း အာတီတာရဲ့ အသင်းမှာ အရေးပါတဲ့ ဘယ်နောက်ခံလူ တီယာနေး ပါဝင်ကစားမှာ မဟုတ်ပါဘူး။ တီယာနေးအကြောင်းကို သတင်းထောက်များက မေးမြန်းရာ “သူ ကြံ့ခိုင်မှု မပြည့်ဝလို့ ပါမှာ မဟုတ်ပါဘူး။ မတူညီတဲ့ဒဏ်ရာပြဿနာအသေးစားပါ။ ကီရန်ဟာ သူ့ကိုယ်သူ အရမ်းကို တွန်းအားပေးတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ ဒါပေမယ့် အခု သူ့ကိုယ့်သူ မကူညီနိုင်ပါဘူး ။ လေ့ကျင့်ရေးမှာတောင် သူ့ကိုယ်သူ မကူညီနိုင်ပါဘူး။

ကျွန်တော်တို့ကတော့ သူပါဝင်နိုင်အောင် အကောင်းဆုံး စီမံခန့်ခွဲနေပါတယ်။ သူ့ကို တတ်နိုင်သမျှ အကောင်းဆုံး ထောက်ပံ့ပေးနေပါတယ်” လို့ အာတီတာက ဖြေကြားသွားခဲ့ပါတယ်။ တီယာနေးအနေနဲ့ စကော့တလန်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲတွေ ကစားနေချိန်မှာ စိုးရိမ်မှု ရှိမလားလို့ သတင်းထောက်များက ထပ်ပြီးမေးမြန်းခဲ့ရာ အာတီတာက “ မပူပါဘူး။ ကျွန်တော်ကတော့ သူကြံ့ခိုင်မှုပြည့်ဝပြီး အမြန်ဆုံး ပြန်ကစားနိုင်ရင်ကိုပဲ ကျေနပ်ပါတယ်။ သူကြံ့ခိုင်မှု ပြည့်ဝရင် သူ့နိုင်ငံအတွက်ကစားပေးမှာပါ။ ဒါက သူ့ရဲ့ အိပ်မက်တွေထဲက တစ်ခုဖြစ်လို့ သူပြည့်ဝဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူအာဆင်နယ်အသင်းအတွက် ကစားပေးတာကိုပဲ လိုချင်ပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အက္စတြန္ဗီလာနဲ႔ ပြဲမွာ အသင္းရဲ႕ အေရးပါတဲ့ဘယ္ေနာက္ခံလူ တီယာေနး ပါ၀င္ကစားႏိုင္မွာ မဟုတ္ဘူးလို႔ ဆိုလိုက္တ့ဲ အာဆင္နယ္နည္းျပ အာတီတာ

အာဆင္နယ္နည္းျပ အာတီတာက ဒီတစ္ပတ္ကစားမယ့္ အက္စတြန္ဗီလာအသင္းနဲ႔ ပြဲ၌ သူ႔အသင္းမွာ တီယာေနး ပါ၀င္ကစားႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ၾကားရက္က ၀က္စ္ဟမ္းအသင္းကို ရႈံးနိမ့္ခဲ့တဲ့  အက္စတြန္ဗီလာအသင္းနဲ႔ အေ၀းကြင္းမွာ မွာ သြားေရာက္ကစားရမွာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းကလည္း ဝုလ္ဗ္အသင္းကို ရႈံးခဲ့ရတာျဖစ္လို႔ (၂) သင္းစလံုးဟာ (၃) မွတ္မျဖစ္မေန လိုအပ္ေနပါတယ္။

သို႔ေသာ္လည္း အာတီတာရဲ႕ အသင္းမွာ အေရးပါတဲ့ ဘယ္ေနာက္ခံလူ တီယာေနး ပါ၀င္ကစားမွာ မဟုတ္ပါဘူး။ တီယာေနးအေၾကာင္းကို သတင္းေထာက္မ်ားက ေမးျမန္းရာ “သူ ၾကံ့ခိုင္မႈ မျပည့္၀လို႔ ပါမွာ မဟုတ္ပါဘူး။ မတူညီတဲ့ဒဏ္ရာျပႆနာအေသးစားပါ။ ကီရန္ဟာ သူ႔ကိုယ္သူ အရမ္းကို တြန္းအားေပးတဲ့ ကစားသမားမ်ိဳးျဖစ္ပါတယ္။ ဒါေပမယ့္ အခု သူ႔ကိုယ့္သူ မကူညီႏိုင္ပါဘူး ။ ေလ့က်င့္ေရးမွာေတာင္ သူ႔ကိုယ္သူ မကူညီႏိုင္ပါဘူး။

ကၽြန္ေတာ္တို႔ကေတာ့ သူပါ၀င္ႏိုင္ေအာင္ အေကာင္းဆံုး စီမံခန္႔ခြဲေနပါတယ္။ သူ႔ကို တတ္ႏိုင္သမွ် အေကာင္းဆံုး ေထာက္ပံ့ေပးေနပါတယ္” လို႔ အာတီတာက ေျဖၾကားသြားခဲ့ပါတယ္။

တီယာေနးအေနနဲ႔ စေကာ့တလန္လက္ေရြးစင္အသင္းအတြက္ ႏိုင္ငံတကာပြဲေတြ ကစားေနခ်ိန္မွာ စိုးရိမ္မႈ ရွိမလားလို႔ သတင္းေထာက္မ်ားက ထပ္ၿပီးေမးျမန္းခဲ့ရာ အာတီတာက “ မပူပါဘူး။ ကၽြန္ေတာ္ကေတာ့ သူၾကံ့ခိုင္မႈျပည့္ဝၿပီး အျမန္ဆံုး ျပန္ကစားႏိုင္ရင္ကိုပဲ ေက်နပ္ပါတယ္။

သူၾကံ့ခိုင္မႈ ျပည့္၀ရင္ သူ႔ႏိုင္ငံအတြက္ကစားေပးမွာပါ။ ဒါက သူ႔ရဲ႕ အိပ္မက္ေတြထဲက တစ္ခုျဖစ္လို႔ သူျပည့္၀ဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ သူအာဆင္နယ္အသင္းအတြက္ ကစားေပးတာကိုပဲ လိုခ်င္ပါတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။