လင်ဂတ်ကို အပြီးသတ်ခေါ်ယူရန် ရည်ရွယ်ထားတဲ့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ အသင်းနဲ့ ပွဲဦးထွက်မှာ ခြေစွမ်းပြကစားခဲ့သွားတဲ့ လင်ဂတ်ကို အပြီးသတ် ခေါ်ယူရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လင်ဂတ်ဟာ ယူနိုက်တက်အသင်းကနေ ဝက်စ်ဟမ်းအသင်းဆီကို ရာသီကုန်အထိ အငှားနဲ့ ရောက်လာခဲ့သူဖြစ်ပြီး ပွဲဦးထွက်ကစားခဲ့တဲ့ ကြားရက်က အက်စတွန်ဗီလာအသင်းကို (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ (၂) ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အင်္ဂလန်တောင်ပံကစားသမားဟောင်းရဲ့ အနာဂတ်ဟာ အိုးထရက်ဖိုဒ့်မှာ ရှိနေသေးတယ်လို့ မကြာသေးခင်က ပြောသွားခဲ့ပါသေးတယ်။ သို့သော်လည်း လင်ဂတ်ဟာ ယူနိုက်တက်မှာ တစ်နှစ်ကျော်လောက် ပွဲကစားခွင့် မရခဲ့သူဖြစ်ပါတယ်။ မိုယက်စ်ကတော့ လင်ဂတ် နဲ့ ယူနိုက်တက်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ တောက်ပလာနိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။

“သူဟာ အခု ပိုပြီးရင့်ကျက်လာပါပြီ။ သူ့ကစားသမားဘဝရဲ့ အရေးအကြီးဆုံး အဓိက အချိန်ကိုလည်း ရောက်နေပါတယ်။ သူဟာ ကွင်းထဲမှာလည်း အကောင်းဆုံးကစားပေးထားပါတယ်။ သူ့ကို ခေါ်ယူနိုင်ခဲ့တာ ကျေနပ်ပါတယ်။ သူဟာ လူငယ်တွေနဲ့လည်း အံ့ဝင်အောင် ကစားနိုင်ပါတယ်။ သူ့ကို ဖိအားတွေ အများကြီးတော့ မပေးချင်ပါဘူး။ ဒါပေမယ့် သူဟာ အကောင်းဆုံး စွမ်းဆောင်ပေးနေပါတယ်။

သူတစ်ပွဲပဲ ကစားရပါသေးတယ်။ ကျွန်တော်တို့ နောက် (၅) လ (၆) လ လောက် အချိန်ရပါသေးတယ်” လို့ နည်းပြ မိုယက်စ်က ပြောသွားခဲ့တာဖြစ်ပါတယ်။

အဆင့် (၅) နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ စနေနေ့မှာတော့ အမှတ်ပေးဇယားအောက်ပိုင်းက ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် (၂) မှတ်ပဲ လိုအပ်နေပါတယ်။

လင္ဂတ္ကို အၿပီးသတ္ေခၚယူရန္ ရည္ရြယ္ထားတဲ့ ၀က္စ္ဟမ္းနည္းျပ ေဒးဗစ္မိုယက္စ္

၀က္စ္ဟမ္းနည္းျပ ေဒးဗစ္မိုယက္စ္ဟာ အသင္းနဲ႔ ပြဲဦးထြက္မွာ ေျခစြမ္းျပကစားခဲ့သြားတဲ့ လင္ဂတ္ကို အၿပီးသတ္ ေခၚယူရန္ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။ လင္ဂတ္ဟာ ယူႏိုက္တက္အသင္းကေန ၀က္စ္ဟမ္းအသင္းဆီကို ရာသီကုန္အထိ အငွားနဲ႔ ေရာက္လာခဲ့သူျဖစ္ၿပီး ပြဲဦးထြက္ကစားခဲ့တဲ့ ၾကားရက္က အက္စတြန္ဗီလာအသင္းကို (၃-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ (၂) ဂိုးသြင္းယူေပးခဲ့သူ ျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အဂၤလန္ေတာင္ပံကစားသမားေဟာင္းရဲ႕ အနာဂတ္ဟာ အိုးထရက္ဖိုဒ့္မွာ ရွိေနေသးတယ္လို႔ မၾကာေသးခင္က ေျပာသြားခဲ့ပါေသးတယ္။ သို႔ေသာ္လည္း လင္ဂတ္ဟာ ယူႏိုက္တက္မွာ တစ္ႏွစ္ေက်ာ္ေလာက္ ပြဲကစားခြင့္ မရခဲ့သူျဖစ္ပါတယ္။ မိုယက္စ္ကေတာ့ လင္ဂတ္ နဲ႔ ယူႏိုက္တက္အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ နည္းျပျဖစ္ၿပီး အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ ေတာက္ပလာႏိုင္ေသးတယ္လို႔ ယံုၾကည္ေနပါတယ္။

“သူဟာ အခု ပိုၿပီးရင့္က်က္လာပါၿပီ။ သူ႔ကစားသမားဘ၀ရဲ႕ အေရးအႀကီးဆံုး အဓိက အခ်ိန္ကိုလည္း ေရာက္ေနပါတယ္။ သူဟာ ကြင္းထဲမွာလည္း အေကာင္းဆံုးကစားေပးထားပါတယ္။ သူ႔ကို ေခၚယူႏိုင္ခဲ့တာ ေက်နပ္ပါတယ္။ သူဟာ လူငယ္ေတြနဲ႔လည္း အံ့၀င္ေအာင္ ကစားႏိုင္ပါတယ္။ သူ႔ကို ဖိအားေတြ အမ်ားႀကီးေတာ့ မေပးခ်င္ပါဘူး။ ဒါေပမယ့္ သူဟာ အေကာင္းဆံုး စြမ္းေဆာင္ေပးေနပါတယ္။

သူတစ္ပြဲပဲ ကစားရပါေသးတယ္။ ကၽြန္ေတာ္တို႔ ေနာက္ (၅) လ (၆) လ ေလာက္ အခ်ိန္ရပါေသးတယ္” လို႔ နည္းျပ မိုယက္စ္က ေျပာသြားခဲ့တာျဖစ္ပါတယ္။

အဆင့္ (၅) ေနရာမွာ ရပ္တည္ေနတဲ့ ၀က္စ္ဟမ္းအသင္းဟာ စေနေန႔မွာေတာ့ အမွတ္ေပးဇယားေအာက္ပိုင္းက ဖူလ္ဟမ္အသင္းနဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ (၂) မွတ္ပဲ လိုအပ္ေနပါတယ္။