ပွဲထွက်လူစာရင်းမှာ အူဘာမီးယန်း ပါဝင်ကစားခွင့်ရဖို့ အာမခံချက်မရှိဘူးလို့ ဆိုလိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက အသင်းခေါင်းဆောင် အူဘာမီးယန်းအနေနဲ့ အသင်းရဲ့ ပွဲထွက် (၁၁) ယောက်လူစာရင်းမှာ ပါဝင်ကစားခွင့်ရဖို့ အာမခံချက်မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။ အူဘာမီးယန်းဟာ မကြာသေးခင်ကမှ သူ့ရဲ့ မိခင်တိုင်းပြည်ကို သွားရောက်ပြီး ပြန်လာခဲ့သူဖြစ်ပါတယ်။

ဂါဘွန်လက်ရွေးစင်ကစားသမားဟာ ယခုတစ်ပတ် ကစားခဲ့တဲ့ ဝုလ်ဗ်အသင်းကို ရှုံးခဲ့တဲ့ ပွဲမှာ အရန်ခုံကနေ ဝင်ရောက်ကစားခဲ့ပေမယ့် စနေနေ့ကစားမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပွဲမှာ ပွဲထွက် (၁၁) ယောက် လူစာရင်းမှာ ပါဝင်ကစားခွင့်ရဖို့ မသေချာဘူးလို့ ပြောသွားခဲ့ပါတယ်။

အူဘာမီးယန်းအကြောင်းကို သတင်းထောက်များက အာတီတာကို မေးမြန်းရာ “ပွဲကစားဖို့ ရှိတဲ့နေ့တွေ့မှာဆို ကျွန်တော်တို့ဟာ အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့ ကစားသမားကို ဝင်ရောက်ကစားစေမှာဖြစ်ပါတယ်။ ကစားသမားတိုင်းကတော့ ပွဲအတွင်း ဝင်ရောက်ကစားခွင့်ရှိပါတယ်။ ဒါကြောင့် ကစားသမားတိုင်းအနေနဲ့ သူတို့ရဲ့ အရည်အသွေးကို အမြဲတမ်းမြှင့်နေဖို့ လိုအပ်ပါတယ်။ ဘယ်သူက အကောင်းဆုံးအနေအထားမှာရှိနေသလဲဆိုတာ အားလုံးလည်းမြင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးက အကောင်းဆုံး ကစားနေတာပဲဖြစ်လို့ပါ။ ဒါပေမယ့် ကြိုးစားသူအားလုံးအတွက် နေရာရှိပါတယ်။ အမြဲကြိုးစားနေဖို့ပဲ လိုပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြဲထြက္လူစာရင္းမွာ အူဘာမီးယန္း ပါ၀င္ကစားခြင့္ရဖို႔ အာမခံခ်က္မရွိဘူးလို႔ ဆိုလိုက္တဲ့ အာဆင္နယ္နည္းျပ အာတီတာ

အာဆင္နယ္နည္းျပ အာတီတာက အသင္းေခါင္းေဆာင္ အူဘာမီးယန္းအေနနဲ႔ အသင္းရဲ႕ ပြဲထြက္ (၁၁) ေယာက္လူစာရင္းမွာ ပါ၀င္ကစားခြင့္ရဖို႔ အာမခံခ်က္မရွိဘူးလို႔ ေျပာသြားခဲ့ပါတယ္။ အူဘာမီးယန္းဟာ မၾကာေသးခင္ကမွ သူ႔ရဲ႕ မိခင္တိုင္းျပည္ကို သြားေရာက္ၿပီး ျပန္လာခဲ့သူျဖစ္ပါတယ္။

ဂါဘြန္လက္ေရြးစင္ကစားသမားဟာ ယခုတစ္ပတ္ ကစားခဲ့တဲ့ ဝုလ္ဗ္အသင္းကို ရႈံးခဲ့တဲ့ ပြဲမွာ အရန္ခံုကေန ၀င္ေရာက္ကစားခဲ့ေပမယ့္ စေနေန႔ကစားမယ့္ အက္စတြန္ဗီလာအသင္းနဲ႔ ပြဲမွာ ပြဲထြက္ (၁၁) ေယာက္ လူစာရင္းမွာ ပါ၀င္ကစားခြင့္ရဖို႔ မေသခ်ာဘူးလို႔ ေျပာသြားခဲ့ပါတယ္။

အူဘာမီးယန္းအေၾကာင္းကို သတင္းေထာက္မ်ားက အာတီတာကို ေမးျမန္းရာ “ပြဲကစားဖို႔ ရွိတဲ့ေန႔ေတြ႕မွာဆို ကၽြန္ေတာ္တို႔ဟာ အေကာင္းဆံုးအေနအထားမွာ ရွိေနတဲ့ ကစားသမားကို ၀င္ေရာက္ကစားေစမွာျဖစ္ပါတယ္။ ကစားသမားတိုင္းကေတာ့ ပြဲအတြင္း ၀င္ေရာက္ကစားခြင့္ရွိပါတယ္။ ဒါေၾကာင့္ ကစားသမားတိုင္းအေနနဲ႔ သူတို႔ရဲ႕ အရည္အေသြးကို အၿမဲတမ္းႁမွင့္ေနဖို႔ လိုအပ္ပါတယ္။ ဘယ္သူက အေကာင္းဆံုးအေနအထားမွာရွိေနသလဲဆိုတာ အားလံုးလည္းျမင္ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အားလံုးက အေကာင္းဆံုး ကစားေနတာပဲျဖစ္လို႔ပါ။ ဒါေပမယ့္ ႀကိဳးစားသူအားလံုးအတြက္ ေနရာရွိပါတယ္။ အၿမဲႀကိဳးစားေနဖို႔ပဲ လိုပါတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။