‌နွေရာသီရောက်တာနဲ့ ဒေ့ါမွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်တဲ့ မန်စီးတီး
မန်စီးတီးအသင်းဟာ နွေရာသီရောက်တာနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူရန် အဆင်သင့်ပြင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အရည်အသွေးမြင့်လူငယ်တိုက်စစ်မှူးမှာ စာချုပ်ဖျက်သိမ်းကြေး ပါရှိထားပေမယ့် သူ့ကို ခေါ်ယူရန် ဥရောပက ထိပ်သီးအသင်းတော်တေ်ာများများက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီး၊ ယူနိုက်တက် နဲ့ ချဲလ်ဆီးအသင်းတို့ဟာ စပိန်လာလီဂါဘီလူး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြိုင်သူ့ကို ပြီးခဲ့တဲ့လတွေကတည်းက ဆက်သွယ်မှုတွေလုပ်နေပါတယ်။ Daily Mirror သတင်းဌာနက အဆိုအရ မန်စီးတီးအသင်းဟာ ဟာလန်းကို အဂူရိုနေရာမှာ ရေရှည်အစားထိုးရန် ရည်ရွယ်ထားထာပဲ ဖြစ်ပါတယ်။
နော်ဝေးလက်ရွေးစင်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူချင်တဲ့ ဘယ်အသင်းမဆို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၈ သန်းကို ပေးရမှာဖြစ်ပြီး ဒေါ့မွန်အသင်းကလည်း ဒီထက်ပိုတောင်းဆိုသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
‌နွေရာသီရောက်တာနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်တဲ့ မန်စီးတီး