ရူဘင်ဒိုင်ယက်စ်ကို ရတာ ကွန်ပနီကို အစားပြန်ရသလိုပဲ ဆိုပြီး ပြောခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ရစ်ချတ်ဒန်း


မန်စီးတီးအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ရစ်ချတ်ဒန်းက အသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ဘင် ဖီကာကနေ နောက်ခံလူ ရူဘင်ဒိုင်ယက်စ်ကို ခေါ်ယူနိုင်ခဲ့တာက တကယ်ကောင်းခဲ့ပြီး ရူဘင်ဒိုင်ယက်စ်ကို ခေါ်ယူနိုင်ခဲ့တာ က ကွန်ပနီကို အစားပြန်ရသလိုမျိုး အသင်းအတွက် အကျိုးရှိစေခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ရူဘင်ဒိုင်ယက်စ်အတွက် မန် စီးတီးအနေနဲ့ ပေါင် ၆၄.၅ သန်းပေးခဲ့ရပေမယ့် အကျိုးရှိတဲ့ခေါ်ယူမှုဖြစ်ခဲ့တယ်လို့လည်း ရစ်ချတ်ဒန်းက ပြောခဲ့ပါတယ်။


အသက် ၂၃ နှစ်သာရှိသေးတဲ့ ရူဘင်ဒိုင်ယက်စ်ဟာ မန်စီးတီးအသင်းကို ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ ၁၉ ပွဲမှာ ၁၃ ပွဲပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို အခြားပြိုင်ပွဲတွေမှာလည်း ၇ ပွဲကစားပြီး ၅ ပွဲပေးဂိုးမရှိအောင် စွမ်း ဆောင်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါအပြင် မန်စီးတီးဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံပွဲ ၂၀ မှာ ၄ ဂိုးသာပေးခဲ့ရတာ ကြောင့် အသင်းရဲ့ခံစစ်မှာ ဒိုင်ယက်စ်ရဲ့ ပါဝင်စွမ်းဆောင်နိုင်မှုက အရေးပါခဲ့တာပဲ ဖြစ်ပါတယ်။


ရစ်ချတ်ဒန်းက “ ကျွန်တော်အနေနဲ့ အသင်းကနေ ကွန်ပနီ ထွက်သွားပြီးနောက်မှာ အသင်းကိုဦးဆောင်နိုင်တဲ့ကစားသမား မရှိတော့တာကြောင့် ငိုခဲ့ဖူးပါတယ်။ အခု ဒိုင်ယက်စ်က အသင်းကိုဦးဆောင်နိုင်တဲ့ကစားသမားမျိုးပါ။ အသက်ငယ်သေး တယ်ဆိုပေမယ့် သူနဲ့ တွဲကစားရတဲ့ လာပေါ်တီ၊ ဂျွန်စတုန်းတို့ကို သူအနေနဲ့ အကောင်းဆုံးဦးဆောင်နိုင်သလို ခံစစ်မှာ လည်း အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့သူပါ” ဆိုပြီး ချီးကျူးသွားခဲ့ပါတယ်။

zawgyi version

႐ူဘင္ဒိုင္ယက္စ္ကို ရတာ ကြန္ပနီကို အစားျပန္ရသလိုပဲ ဆိုၿပီး ေျပာခဲ့တဲ့ အသင္းေခါင္းေဆာင္ေဟာင္း ရစ္ခ်တ္ဒန္း
မန္စီးတီးအသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ရစ္ခ်တ္ဒန္းက အသင္းအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ဘင္ ဖီကာကေန ေနာက္ခံလူ ႐ူဘင္ဒိုင္ယက္စ္ကို ေခၚယူႏိုင္ခဲ့တာက တကယ္ေကာင္းခဲ့ၿပီး ႐ူဘင္ဒိုင္ယက္စ္ကို ေခၚယူႏိုင္ခဲ့တာ က ကြန္ပနီကို အစားျပန္ရသလိုမ်ိဳး အသင္းအတြက္ အက်ိဳးရွိေစခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ႐ူဘင္ဒိုင္ယက္စ္အတြက္ မန္ စီးတီးအေနနဲ႔ ေပါင္ ၆၄.၅ သန္းေပးခဲ့ရေပမယ့္ အက်ိဳးရွိတဲ့ေခၚယူမႈျဖစ္ခဲ့တယ္လို႔လည္း ရစ္ခ်တ္ဒန္းက ေျပာခဲ့ပါတယ္။
အသက္ ၂၃ ႏွစ္သာရွိေသးတဲ့ ႐ူဘင္ဒိုင္ယက္စ္ဟာ မန္စီးတီးအသင္းကို ေရာက္ရွိလာၿပီးေနာက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ၁၉ ပြဲမွာ ၁၃ ပြဲေပးဂိုးမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သလို အျခားၿပိဳင္ပြဲေတြမွာလည္း ၇ ပြဲကစားၿပီး ၅ ပြဲေပးဂိုးမရွိေအာင္ စြမ္း ေဆာင္ထားႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ဒါအျပင္ မန္စီးတီးဟာ ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံုပြဲ ၂၀ မွာ ၄ ဂိုးသာေပးခဲ့ရတာ ေၾကာင့္ အသင္းရဲ႕ခံစစ္မွာ ဒိုင္ယက္စ္ရဲ႕ ပါဝင္စြမ္းေဆာင္ႏိုင္မႈက အေရးပါခဲ့တာပဲ ျဖစ္ပါတယ္။
ရစ္ခ်တ္ဒန္းက “ ကၽြန္ေတာ္အေနနဲ႔ အသင္းကေန ကြန္ပနီ ထြက္သြားၿပီးေနာက္မွာ အသင္းကိုဦးေဆာင္ႏိုင္တဲ့ကစားသမား မရွိေတာ့တာေၾကာင့္ ငိုခဲ့ဖူးပါတယ္။ အခု ဒိုင္ယက္စ္က အသင္းကိုဦးေဆာင္ႏိုင္တဲ့ကစားသမားမ်ိဳးပါ။ အသက္ငယ္ေသး တယ္ဆိုေပမယ့္ သူနဲ႔ တြဲကစားရတဲ့ လာေပၚတီ၊ ဂၽြန္စတုန္းတို႔ကို သူအေနနဲ႔ အေကာင္းဆံုးဦးေဆာင္ႏိုင္သလို ခံစစ္မွာ လည္း အေကာင္းဆံုးေျခစြမ္းျပႏိုင္တဲ့သူပါ” ဆိုၿပီး ခ်ီးက်ဴးသြားခဲ့ပါတယ္။