အသင်းကို မုန်းနေသူတွေကို ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပြီး အသံတိတ်စေမယ်လို့ ပြောခဲ့တဲ့ ယူနိုက်တက်အသင်း ခေါင်းဆောင် မက်ဂွိုင်းယား


ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားက အသင်းကိုမုန်းနေတဲ့အခြားအသင်းပရိသတ်တွေရဲ့ အသံကို ပရီးမီး ယားလိဂ်ချန်ပီယံဆု ရယူပြီး အသံတိတ်သွားအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ လက်ရှိအမှတ် ပေးဇယားဒုတိယနေရာမှာ ရောက်နေတယ်ဆိုပေမယ့် ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ ပရီးမီးယားလိဂ် ချန်ပီ ယံဖြစ်ဖို့ ရေပန်းစားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။


မက်ဂွိုင်းယားက အသင်းရဲ့နည်းပြကြီး ဆာအဲလက်ဖာဂူဆန်ကြောင့် ယူနိုက်တက်အသင်းကို ကြိုက်တဲ့သူနဲ့ မုန်းတဲ့သူတွေ ရှိတာကို နားလည်ပြီး သူအနေနဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့အချိန်မှာ ပထမဆုံးချန်ပီယံဆုကို ရယူနိုင်ဖို့ အလိုရှိနေတယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ မက်ဂွိုင်းယားက “ အသင်းကို ရောက် လာပြီးနောက်မှာ အသင်းအနေနဲ့ တိုးတက်မှုအများကြီးရှိလာခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်လာနိုင်ပါပြီ” လို့ Utd Podcast က တဆင့် ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ယူနိုက်တက်အသင်းနောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်မေရဲ့ မေးမြန်းမှုကိုတော့ မက်ဂွိုင်းယားက “ အခြားအသင်းပရိသတ်တွေက ကျွန်တော်တို့ ကျရှုံးတာကိုမြင်ချင်ကြပါတယ်။ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းအ ကြောင်းကို ပြောနေချိန်မှာ အခြားသူတွေက ကျွန်တော်တို့အကောင်းဆုံးလုပ်နိုင်မှာကို အလိုမရှိကြပါဘူး။ အသင်းခေါင်း ဆောင်တစ်ယောက်အနေနဲ့ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ရင်တော့ ကျွန်တော်ရဲ့မျက်နှာမှာ အပြုံးအကြီးကြီးတစ်ခုကို တွေ့မြင်ရမှာပါ” ဆိုပြီး ပြောခဲ့ပါတယ်။

zawgyi version

အသင္းကို မုန္းေနသူေတြကို ပရီးမီးယားလိဂ္ခ်န္ပီယံဆု ရယူၿပီး အသံတိတ္ေစမယ္လို႔ ေျပာခဲ့တဲ့ ယူႏိုက္တက္အသင္း ေခါင္းေဆာင္ မက္ဂြိဳင္းယား
ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားက အသင္းကိုမုန္းေနတဲ့အျခားအသင္းပရိသတ္ေတြရဲ႕ အသံကို ပရီးမီး ယားလိဂ္ခ်န္ပီယံဆု ရယူၿပီး အသံတိတ္သြားေအာင္ လုပ္ေဆာင္ရမွာ ျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ လက္ရွိအမွတ္ ေပးဇယားဒုတိယေနရာမွာ ေရာက္ေနတယ္ဆိုေပမယ့္ ယူႏိုက္တက္ဟာ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္းမွာ ပရီးမီးယားလိဂ္ ခ်န္ပီ ယံျဖစ္ဖို႔ ေရပန္းစားလ်က္ ရွိေနတာပဲ ျဖစ္ပါတယ္။
မက္ဂြိဳင္းယားက အသင္းရဲ႕နည္းျပႀကီး ဆာအဲလက္ဖာဂူဆန္ေၾကာင့္ ယူႏိုက္တက္အသင္းကို ႀကိဳက္တဲ့သူနဲ႔ မုန္းတဲ့သူေတြ ရွိတာကို နားလည္ၿပီး သူအေနနဲ႔ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူထားတဲ့အခ်ိန္မွာ ပထမဆံုးခ်န္ပီယံဆုကို ရယူႏိုင္ဖို႔ အလိုရွိေနတယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဂြိဳင္းယားက “ အသင္းကို ေရာက္ လာၿပီးေနာက္မွာ အသင္းအေနနဲ႔ တိုးတက္မႈအမ်ားႀကီးရွိလာခဲ့ၿပီး ခ်န္ပီယံဆုကို စိန္ေခၚလာႏိုင္ပါၿပီ” လို႔ Utd Podcast က တဆင့္ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ယူႏိုက္တက္အသင္းေနာက္ခံလူေဟာင္းတစ္ဦးျဖစ္တဲ့ ေဒးဗစ္ေမရဲ႕ ေမးျမန္းမႈကိုေတာ့ မက္ဂြိဳင္းယားက “ အျခားအသင္းပရိသတ္ေတြက ကၽြန္ေတာ္တို႔ က်ရႈံးတာကိုျမင္ခ်င္ၾကပါတယ္။ ကမ႓ာ့အေကာင္းဆံုးကလပ္အသင္းအ ေၾကာင္းကို ေျပာေနခ်ိန္မွာ အျခားသူေတြက ကၽြန္ေတာ္တို႔အေကာင္းဆံုးလုပ္ႏိုင္မွာကို အလိုမရွိၾကပါဘူး။ အသင္းေခါင္း ေဆာင္တစ္ေယာက္အေနနဲ႔ ခ်န္ပီယံဆုကို ကိုင္ေႁမွာက္ႏိုင္ရင္ေတာ့ ကၽြန္ေတာ္ရဲ႕မ်က္ႏွာမွာ အျပံဳးအႀကီးႀကီးတစ္ခုကို ေတြ႕ျမင္ရမွာပါ” ဆိုၿပီး ေျပာခဲ့ပါတယ္။