စပါးကို ကျွန်တော်ရဲ့နည်းဗျူဟာတွေနဲ့ အနိုင်ရခဲ့တာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ ချဲလ်ဆီးနည်းပြ တူချယ်


ချဲလ်ဆီးအသင်းကို ကိုင်တွယ်ပြီးနောက် ပထမဆုံးလန်ဒန်ဒါဘီအဖြစ် စပါးနဲ့ ကစားခဲ့ရပြီး နိုင်ပွဲရခဲ့ပေမယ့် နည်းပြ တူချယ် က စပါးကိုအနိုင်ရခဲ့တာဟာ သူရဲ့နည်းဗျူဟာတွေကြောင့် မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ တူချယ်ဟာ စပါးနဲ့ပွဲမှာ ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ခံစစ်ကို ဦးစားပေးဖို့ လုပ်ဆောင်လာခဲ့ပေမယ့် တန်ပြန်တိုက်စစ်ဆင်မှုတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သလို အိမ်ရှင်စပါးအသင်းကိုလည်း ဖိအားပေးနိုင်ခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။


စပါးကိုအနိုင်ရခဲ့တာကြောင့် ချဲလ်ဆီးဟာ အမှတ်ပေးဇယားအဆင့်-၆ နေရာကို ရောက်လာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာ နဲ့ ၄မှတ်ပဲ ကွာဟတော့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ တူချယ်က “ အသင်းအနေနဲ့ နိုင်ပွဲရခဲ့တာကြောင့် ကျေနပ်မိပါ တယ်။ ဒါပေမယ့် ဒီနိုင်ပွဲက ကျွန်တော်ရဲ့ နည်းဗျူဟာတွေကြောင့် အနိုင်ရခဲ့တာမဟုတ်ပါဘူး။ ကစားသမားတွေရဲ့ ကိုယ် ပိုင်အားထုတ်မှုတွေကြောင့်သာ အနိုင်ရခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။

Soccer Football – Premier League – Tottenham Hotspur v Chelsea – Tottenham Hotspur Stadium, London, Britain – February 4, 2021 Tottenham Hotspur manager Jose Mourinho and Chelsea manager Thomas Tuchel REUTERS/Neil Hall EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club /league/player publications. Please contact your account representative for further details. – UP1EH241JYJKA

စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲဆက် ရှုံးခဲ့သလို အိမ်ကွင်းနှစ်ပွဲဆက်လည်း ရှုံးခဲ့တာကြောင့် မော်ရင်ဟိုအနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ ချဲလ်ဆီးကို အိမ်ကွင်းမှာ ရှုံးခဲ့တာဟာ မော်ရင်ဟို အတွက် မတူညီတဲ့ကလပ် ရှစ်သင်းကို ကိုင်တွယ်ခဲ့တဲ့ လိဂ်အိမ်ကွင်း ၃၂၆ ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် နှစ်ပွဲဆက်ရှုံးခဲ့ တာ ဖြစ်တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

zawgyi version

စပါးကို ကၽြန္ေတာ္ရဲ႕နည္းဗ်ဴဟာေတြနဲ႔ အႏိုင္ရခဲ့တာ မဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္
ခ်ဲလ္ဆီးအသင္းကို ကိုင္တြယ္ၿပီးေနာက္ ပထမဆံုးလန္ဒန္ဒါဘီအျဖစ္ စပါးနဲ႔ ကစားခဲ့ရၿပီး ႏိုင္ပြဲရခဲ့ေပမယ့္ နည္းျပ တူခ်ယ္ က စပါးကိုအႏိုင္ရခဲ့တာဟာ သူရဲ႕နည္းဗ်ဴဟာေတြေၾကာင့္ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ တူခ်ယ္ဟာ စပါးနဲ႔ပြဲမွာ ၃-၄-၂-၁ ကစားကြက္နဲ႔ ပြဲထြက္လာခဲ့ၿပီး ခံစစ္ကို ဦးစားေပးဖို႔ လုပ္ေဆာင္လာခဲ့ေပမယ့္ တန္ျပန္တိုက္စစ္ဆင္မႈေတြကို အေကာင္းဆံုး လုပ္ေဆာင္ႏိုင္ခဲ့သလို အိမ္ရွင္စပါးအသင္းကိုလည္း ဖိအားေပးႏိုင္ခဲ့တယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။
စပါးကိုအႏိုင္ရခဲ့တာေၾကာင့္ ခ်ဲလ္ဆီးဟာ အမွတ္ေပးဇယားအဆင့္-၆ ေနရာကို ေရာက္လာခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာ နဲ႔ ၄မွတ္ပဲ ကြာဟေတာ့တာ ျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ တူခ်ယ္က “ အသင္းအေနနဲ႔ ႏိုင္ပြဲရခဲ့တာေၾကာင့္ ေက်နပ္မိပါ တယ္။ ဒါေပမယ့္ ဒီႏိုင္ပြဲက ကၽြန္ေတာ္ရဲ႕ နည္းဗ်ဴဟာေတြေၾကာင့္ အႏိုင္ရခဲ့တာမဟုတ္ပါဘူး။ ကစားသမားေတြရဲ႕ ကိုယ္ ပိုင္အားထုတ္မႈေတြေၾကာင့္သာ အႏိုင္ရခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။
စပါးအသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ သံုးပြဲဆက္ ရႈံးခဲ့သလို အိမ္ကြင္းႏွစ္ပြဲဆက္လည္း ရႈံးခဲ့တာေၾကာင့္ ေမာ္ရင္ဟိုအေနနဲ႔ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔လည္း သိရပါတယ္။ ခ်ဲလ္ဆီးကို အိမ္ကြင္းမွာ ရႈံးခဲ့တာဟာ ေမာ္ရင္ဟို အတြက္ မတူညီတဲ့ကလပ္ ရွစ္သင္းကို ကိုင္တြယ္ခဲ့တဲ့ လိဂ္အိမ္ကြင္း ၃၂၆ ပြဲမွာ ပထမဆံုးအႀကိမ္အျဖစ္ ႏွစ္ပြဲဆက္ရႈံးခဲ့ တာ ျဖစ္တယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။