ဒီနွေရာသီမှာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ အဂူရို

မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာ ဒီနွေရာသီမှာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကစားချင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၃၂ နှစ်အရွယ်ကစားသမားရဲ့ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းဟာ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး အာဂျင်တီးနား လက်ရွေးစင်ကစားသမားဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ အသင်းသစ်မှာ ကစားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ တစ်ချိန်တုန်းက မန်စီးတီးအသင်းတွက် ပြိုင်ပွဲစုံ (၃၇၉) ပွဲကစားပြီးချိန်မှာ (၂၅၆) ဂိုးသွင်းထားတဲ့ တောင်အမေရိကကစားသမားကို ဆက်သွယ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ကာတလန်ဘီလူးအသင်းဟာ အဂူရိုကို နဂိုကတည်းက စိတ်ဝင်စားနေတာဖြစ်ပြီး တစ်ကယ်လို့ နူးကမ့်ကို ရောက်လာမယ်ဆိုပါက ပိုပြီး နှစ်သက်သဘောကျမှာပဲ ဖြစ်ပါတယ်။

သူ့ကို ခေါ်ယူနိုင်တာကလည်း အသင်းခေါင်းဆောင် မက်ဆီကို အသင်းမှာ ဆက်နေချင်အောင် လုပ်လိုက်သလိုပဲ ဖြစ်မှာပါ။ အဂူရိုဟာ ဒီရာသီမှာတော့ နည်းပြ ဂွါဒီယိုလာအသင်းအတွက် (၉) ပွဲကစားထားပြီး (၂) ဂိုးပဲ သွင်းယူပေးထားပါတယ်။

ဒီေႏြရာသီမွာ ဘာစီလိုနာအသင္းဆီ ေျပာင္းေရႊ႕ခ်င္ေနတဲ့ အဂူ႐ို

မန္စီးတီးတိုက္စစ္မွဴး အဂူ႐ိုဟာ ဒီေႏြရာသီမွာ ဘာစီလိုနာအသင္းဆီ ေျပာင္းေရႊ႕ကစားခ်င္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ကစားသမားရဲ႕ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ဇြန္လမွာ ကုန္ဆံုးမွာျဖစ္ၿပီး အာဂ်င္တီးနား လက္ေရြးစင္ကစားသမားဟာ ၂၀၂၁-၂၂ ေဘာလံုးရာသီမွာ အသင္းသစ္မွာ ကစားဖြယ္ရွိေနတာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ တစ္ခ်ိန္တုန္းက မန္စီးတီးအသင္းတြက္ ၿပိဳင္ပြဲစံု (၃၇၉) ပြဲကစားၿပီးခ်ိန္မွာ (၂၅၆) ဂိုးသြင္းထားတဲ့  ေတာင္အေမရိကကစားသမားကို ဆက္သြယ္ခဲ့ဖူးတယ္လို႔ သိရပါတယ္။ကာတလန္ဘီလူးအသင္းဟာ အဂူ႐ိုကို နဂိုကတည္းက စိတ္၀င္စားေနတာျဖစ္ၿပီး တစ္ကယ္လို႔ ႏူးကမ့္ကို ေရာက္လာမယ္ဆိုပါက ပိုၿပီး ႏွစ္သက္သေဘာက်မွာပဲ ျဖစ္ပါတယ္။

သူ႔ကို ေခၚယူႏိုင္တာကလည္း အသင္းေခါင္းေဆာင္ မက္ဆီကို အသင္းမွာ ဆက္ေနခ်င္ေအာင္ လုပ္လိုက္သလိုပဲ ျဖစ္မွာပါ။ အဂူ႐ိုဟာ ဒီရာသီမွာေတာ့ နည္းျပ ဂြါဒီယိုလာအသင္းအတြက္ (၉) ပြဲကစားထားၿပီး (၂) ဂိုးပဲ သြငး္ယူေပးထားပါတယ္။