ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ဘာစီလိုနာတိုက်စစ်မှူး ဘရိတ်ဝိတ်ကို ခေါ်ယူရန် ကြိုးစားခဲ့သေးတဲ့ ဝက်စ်ဘရွန်းအသင်း

ဝက်စ်ဘရွန်းအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ဘာစီလိုနာ တိုက်စစ်မှူး ဘရိတ်ဝိတ်ကို ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘူးလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ နည်းပြ ဆမ်အလာဒိုက်ဟာ တန်းဆင်းဇုန်ကနေ ရုန်းထွက်ချင်လို့ ပြီးခဲ့တဲ့လကတည်းက အသင်းရဲ့ တိုက်စစ်အင်အားကို ဖြည့်တင်းချင်နေခဲ့တာဖြစ်ပါတယ်။

Mundo Deportivo သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝက်စ်ဘရွန်းအသင်းဟာ ဘရိတ်ဝိတ်ကို အငှားနဲ့ ခေါ်ယူပြီးမှာ အပြီးသတ်ဝယ်ယူခွင့် ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် သဘောတူညီမှု မရခဲ့ပါဘူး။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ၂၀၂၀ ဖေဖော်ဝါရီက ကာတလန်ဘီလူးအသင်းဆီကို ရောက်ရှိခဲ့တာဖြစ်ပေမယ့် လက်ရှိမှာ ပွဲကစားခွင့်ရရန် ရုန်းကန်နေရသူဖြစ်ပါတယ်။

သို့သော်လည်း သူဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအောက်ဆုံးမှာ ရှိနေတဲ့ ဝက်စ်ဘရွန်းအသင်းဆီ မပြောင်းချင်နေတာဖြစ်ပြီး ဘာစီလိုနာအသင်းမှာပဲ ပွဲကစားခွင့်ရရန် ရုန်းကန်သွားမယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် ဝက်စ်ဘရွန်းအသင်းဟာ ရာသီကုန်အထိ ဂါလာတာစာရေးအသင်းက ဆီနီဂေါတိုက်စစ်မှူး ဒီယက်ဂ်နီကိုပဲ အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဘရိတ်ဝိတ်ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ဇန်နဝါရီလအထိ မစ်ဒယ်ဘရော့အသင်းမှာ (၁၈) လကြာ ကစားခဲ့သူဖြစ်ပြီး သူဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၂၆) ပွဲကစားထားပြီး (၆) ဂိုးသွင်း (၂) ဂိုးဖန်တီးပေးထားပါတယ်။

ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ဘာစီလိုနာတိုက္စစ္မွဴး ဘရိတ္ဝိတ္ကို ေခၚယူရန္ ႀကိဳးစားခဲ့ေသးတဲ့ ၀က္စ္ဘရြန္းအသင္း

၀က္စ္ဘရြန္းအသင္းဟာ  ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ဘာစီလိုနာ တိုက္စစ္မွဴး ဘရိတ္ဝိတ္ကို ေခၚယူရန္ ႀကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ဘူးလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ နည္းျပ ဆမ္အလာဒိုက္ဟာ တန္းဆင္းဇုန္ကေန ႐ုန္းထြက္ခ်င္လို႔ ၿပီးခဲ့တဲ့လကတည္းက အသင္းရဲ႕ တိုက္စစ္အင္အားကို ျဖည့္တင္းခ်င္ေနခဲ့တာျဖစ္ပါတယ္။

Mundo Deportivo သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ၀က္စ္ဘရြန္းအသင္းဟာ ဘရိတ္ဝိတ္ကို အငွားနဲ႔ ေခၚယူၿပီးမွာ အၿပီးသတ္၀ယ္ယူခြင့္ ေပါင္ ၁၅ သန္းနဲ႔ ကမး္လွမ္းခဲ့တာျဖစ္ေပမယ့္ သေဘာတူညီမႈ မရခဲ့ပါဘူး။ အသက္ ၂၉ ႏွစ္အရြယ္ကစားသမားဟာ ၂၀၂၀ ေဖေဖာ္ဝါရီက ကာတလန္ဘီလူးအသင္းဆီကို ေရာက္ရွိခဲ့တာျဖစ္ေပမယ့္ လက္ရွိမွာ ပြဲကစားခြင့္ရရန္ ႐ုန္းကန္ေနရသူျဖစ္ပါတယ္။

သို႔ေသာ္လည္း သူဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားေအာက္ဆံုးမွာ ရွိေနတဲ့ ၀က္စ္ဘရြန္းအသင္းဆီ မေျပာင္းခ်င္ေနတာျဖစ္ၿပီး ဘာစီလိုနာအသင္းမွာပဲ ပြဲကစားခြင့္ရရန္ ႐ုန္းကန္သြားမယ္လို႔ သိရပါတယ္။ အဲ့ဒါေၾကာင့္ ၀က္စ္ဘရြန္းအသင္းဟာ ရာသီကုန္အထိ ဂါလာတာစာေရးအသင္းက ဆီနီေဂါတိုက္စစ္မွဴး ဒီယက္ဂ္နီကိုပဲ အငွားနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ ဘရိတ္ဝိတ္ဟာ ၂၀၁၇ ခုႏွစ္ကေန ၂၀၁၉ ဇန္နဝါရီလအထိ မစ္ဒယ္ဘေရာ့အသင္းမွာ (၁၈) လၾကာ ကစားခဲ့သူျဖစ္ၿပီး သူဟာ ဒီရာသီမွာ ဘာစီလိုနာအသင္းအတြက္ ၿပိဳင္ပြဲစံု (၂၆) ပြဲကစားထားၿပီး (၆) ဂိုးသြင္း (၂) ဂိုးဖန္တီးေပးထားပါတယ္။