အဲဗာတန်နဲ့ ပွဲမှာ လူငယ်တိုက်စစ်ကစားသမား ဒီယယ်လို ပါဝင်ကစားနိုင်တယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဒီတစ်ပတ် အဲဗာတန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ လူငယ်ကစားသမား ဒီယယ်လို ပါဝင်ကစားနိုင်တယ်လို့ အတည်ပြုပြောသွားခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက စီးရီးအေ ကလပ် အတ္တလန္တာအသင်းဆီကနေ ပေါင် ၃၇ သန်း နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ယူနိုက်တက် ယူ ၂၃ နှစ်အောက်အသင်းမှာ ပထမဆုံးကစားခဲ့တဲ့ပွဲမှာလည်း ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်က ဆောက်သမ်တန်အသင်းကို (၉-ဝ) နဲ့ အနိုင်ရခဲ့သော်လည်း အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာသိပ်မရှိလို့ ယခုတစ်ပတ် စနေနေ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ အိုင်ဗရီကိုစ့်ကစားသမားကို အသင်းမှာ ထည့်သွင်းကစားရရန် စဉ်းစားနေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အနေနဲ့ အာမက်ဒ် ကစားခဲ့တဲ့ပွဲတုန်းက စွမ်းဆောင်ရည်တွေကြောင့် ဒီတစ်ပတ်မှာ သူ့ကို ခေါ်ရမလားဆိုတာ ဆုံးဖြတ်ရပါမယ်။ ဒါတွေကို အချက်အလက်အများကြီးပေါ် မူတည်နေပါတယ်။ ကျွန်တော်တို့မှာ ကိုဗစ်ရောဂါ နဲ့ ဒဏ်ရာရ ကစားသမားတွေ ရှိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ သောကြာနေ့ ယူ၂၃ ပွဲမှာလည်းကစားသွားရနိုင်ပါတယ်။ ကျွန်တော် ကြာသပတေးနေ့ ဆုံးဖြတ်ချက်ချပါမယ်” လို့ ဆိုးလ်ရှားက သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။ ဒီယယ်လိုဟာ အတ္တလန္တာအသင်းမှာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ (၂၇) ပွဲကစားထားပြီး (၈) ဂိုးသွင်း (၁၁) ဂိုးဖန်တီးပေးထားခဲ့ပြီးမှ ယူနိုက်တက်ကို ရောက်ရှိလာသူဖြစ်ပါတယ်။

အဲဗာတန္နဲ႔ ပြဲမွာ လူငယ္တိုက္စစ္ကစားသမား ဒီယယ္လို ပါ၀င္ကစားႏိုင္တယ္လို႔ ဆိုလုိုက္တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ဒီတစ္ပတ္ အဲဗာတန္အသင္းနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲမွာ လူငယ္ကစားသမား ဒီယယ္လို ပါ၀င္ကစားႏိုင္တယ္လို႔ အတည္ျပဳေျပာသြားခဲ့ပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ကစားသမားဟာ ဇန္နဝါရီအေျပာင္းအေရႊ႕တုနး္က စီးရီးေအ ကလပ္ အတၱလႏာၱအသင္းဆီကေန ေပါင္ ၃၇ သန္း နဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ယူႏိုက္တက္ ယူ ၂၃ ႏွစ္ေအာက္အသင္းမွာ ပထမဆံုးကစားခဲ့တဲ့ပြဲမွာလည္း ေျခစြမ္းျပခဲ့သူျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရက္က ေဆာက္သမ္တန္အသင္းကို (၉-၀) နဲ႔ အႏိုင္ရခဲ့ေသာ္လည္း အသင္းရဲ႕ တိုက္စစ္ပိုင္းမွာ ေရြးခ်ယ္စရာသိပ္မရွိလို႔ ယခုတစ္ပတ္ စေနေန႔ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲမွာ အိုင္ဗရီကိုစ့္ကစားသမားကို အသင္းမွာ ထည့္သြင္းကစားရရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။

“ကၽြန္ေတာ္တို႔အေနနဲ႔ အာမက္ဒ္ ကစားခဲ့တဲ့ပြဲတုန္းက စြမ္းေဆာင္ရည္ေတြေၾကာင့္ ဒီတစ္ပတ္မွာ သူ႔ကို ေခၚရမလားဆိုတာ ဆံုးျဖတ္ရပါမယ္။ ဒါေတြကို အခ်က္အလက္အမ်ားႀကီးေပၚ မူတည္ေနပါတယ္။ ကၽြန္ေတာ္တို႔မွာ ကိုဗစ္ေရာဂါ နဲ႔ ဒဏ္ရာရ ကစားသမားေတြ ရွိပါတယ္။ ဒါေပမယ့္ သူ႔အေနနဲ႔ ေသာၾကာေန႔ ယူ၂၃ ပြဲမွာလည္းကစားသြားရႏိုင္ပါတယ္။ ကၽြန္ေတာ္ ၾကာသပေတးေန႔ ဆံုးျဖတ္ခ်က္ခ်ပါမယ္” လို႔ ဆိုးလ္ရွားက သတင္းေထာက္မ်ားကို ေျပာသြားခဲ့ပါတယ္။ ဒီယယ္လိုဟာ အတၱလႏာၱအသင္းမွာ ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစံု (၂၇) ပြဲကစားထားၿပီး (၈) ဂိုးသြင္း (၁၁) ဂိုးဖန္တီးေပးထားခဲ့ၿပီးမွ ယူႏိုက္တက္ကို ေရာက္ရွိလာသူျဖစ္ပါတယ္။