ချဲလ်ဆီးက စိတ်ဝင်စားနေတဲ့ ဆူလီကို လက်လွှတ်သွားမှာ မဟုတ်ဘူးလို့ဆိုလိုက်တဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်

ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်က ဂျာမနီနောက်ခံလူ ဆူလီကို ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ကစားသမားဟာ သူ့အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်နေတယ်လို့ ပြောသွားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာတော့ ဘိုင်ယန်မြူးနစ်အသင်းမှာ ပုံမှန်ပွဲကစားခွင့်ရရန်ရုန်းကန်နေရပြီး ဘိုတန်း၊ ဒေးဗစ်အလာဘာ နဲ့ ပါဗက်တို့ နောက်မှသာ ပွဲကစားခွင့်ရနေသူ ဖြစ်ပါတယ်။

သတင်းများအရ လက်ရှိမှာ နည်းပြ တူချယ်ကိုင်တွယ်နေတဲ့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းဟာ ဆူလီကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သို့သော်လည်း နည်းပြ ဟန်ဆီဖလစ်ခ်ကတော့ နောက်ခံလူဟာ အသင်းရဲ့ ရှေ့လာမယ့် အနာဂတ်မှာ အရေးပါနေဆဲဖြစ်တဲ့ ကစားသမားဖြစ်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“နစ်ကလပ်စ် ဟာ လုံး၀ လက်လွှတ်ခံလို့မရတဲ့ အသင်းရဲ့ အရန်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဗဟိုနောက်ခံလူနေရာ ရော နောက်ခံအစွန်လူနေရာမှာပါ ကစားနိုင်စွမ်းရှိသူပါ။ သူဟာ ပြီးခဲ့တဲ့ လက ရှော်လ်ကေးအသင်းကို ဘိုင်ယန်မြူးနစ်အသင်းက (၄-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ညာနောက်ခံလူနေရာကနေ အကောင်းဆုံးကစားသွားခဲ့ပါတယ်။ သူဟာ ကာလရှည် ဒဏ်ရာလည်း ရခဲ့တာကို မမေ့ပါနဲ့။ သူရဲ့ ကြံ့ခိုင်မှုပိုင်းကလည်း ကျွန်တော်အားရပြီး သူ့ကို အသင်းမှာ ပိုင်ဆိုင်ထားရတာ ကျွန်တော်တစ်ကယ်ကို ဝမ်းသာပါတယ်။

သူနောက်ထပ် ဘယ်လိုတွေ တိုးတက်လာဦးမလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့။ သူ့ရဲ့ တိုးတက်မှုတွေအပေါ် ကျွန်တော် အားရပါတယ်။ သူ့ကို အားကိုးလို့ရပါပြီ” လို့ နည်းပြ ဟန်ဆီဖလစ်ခ်က ပြောသွားခဲ့ပါတယ်။

ဆူလီဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဆီကို ၂၀၁၇ ခုနှစ်တုန်းက ဟော့ဖန်ဟိမ်းအသင်းဆီကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဒီရာသီမှာ (၁၂) ပွဲကစားထားပြီး အဲ့ဒီထဲက (၅) ပွဲပဲ ပွဲထွက်ကစားထားသူဖြစ်ပါတယ်။

ဆူလီကို ခ်ဲလ္ဆီးက စိတ္၀င္စားေနေပမယ့္ လက္လႊတ္သြားမွာ မဟုတ္တဲ့ ဘိုင္ယန္ျမဴးနစ္

ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီဖလစ္ခ္က ဂ်ာမနီေနာက္ခံလူ ဆူလီကို ခ်ဲလ္ဆီးအသင္းက စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း ကစားသမားဟာ သူ႔အသင္းရဲ႕ အေရးပါတဲ့ ကစားသမားတစ္ေယာက္ျဖစ္ေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ပံုမွန္ပြဲကစားခြင့္ရရန္႐ုန္းကန္ေနရၿပီး ဘိုတန္း၊ ေဒးဗစ္အလာဘာ နဲ႔ ပါဗက္တို႔ ေနာက္မွသာ ပြဲကစားခြင့္ရေနသူ ျဖစ္ပါတယ္။

သတင္းမ်ားအရ လက္ရွိမွာ နည္းျပ တူခ်ယ္ကိုင္တြယ္ေနတဲ့ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအသင္းဟာ ဆူလီကို စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ သို႔ေသာ္လည္း နည္းျပ ဟန္ဆီဖလစ္ခ္ကေတာ့ ေနာက္ခံလူဟာ အသင္းရဲ႕ ေရွ႕လာမယ့္ အနာဂတ္မွာ အေရးပါေနဆဲျဖစ္တဲ့ ကစားသမားျဖစ္တယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“နစ္ကလပ္စ္ ဟာ လံုး၀ လက္လႊတ္ခံလို႔မရတဲ့ အသင္းရဲ႕ အရန္ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ဗဟိုေနာက္ခံလူေနရာ ေရာ ေနာက္ခံအစြန္လူေနရာမွာပါ ကစားႏိုင္စြမ္းရွိသူပါ။ သူဟာ ၿပီးခဲ့တဲ့ လက ေရွာ္လ္ေကးအသင္းကို ဘိုင္ယန္ျမဴးနစ္အသင္းက (၄-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ညာေနာက္ခံလူေနရာကေန အေကာင္းဆံုးကစားသြားခဲ့ပါတယ္။ သူဟာ ကာလရွည္ ဒဏ္ရာလည္း ရခဲ့တာကို မေမ့ပါနဲ႔။ သူရဲ႕ ၾက႕ံခိုင္မႈပိုင္းကလည္း ကၽြန္ေတာ္အားရၿပီး သူ႔ကို အသင္းမွာ ပိုင္ဆိုင္ထားရတာ ကၽြန္ေတာ္တစ္ကယ္ကို ၀မ္းသာပါတယ္။

သူေနာက္ထပ္ ဘယ္လိုေတြ တိုးတက္လာဦးမလဲဆိုတာကို ေစာင့္ၾကည့္ၾကတာေပါ့။ သူ႔ရဲ႕ တိုးတက္မႈေတြအေပၚ ကၽြန္ေတာ္ အားရပါတယ္။ သူ႔ကို အားကိုးလို႔ရပါၿပီ” လို႔ နည္းျပ ဟန္ဆီဖလစ္ခ္က ေျပာသြားခဲ့ပါတယ္။

ဆူလီဟာ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းဆီကို ၂၀၁၇ ခုႏွစ္တုန္းက ေဟာ့ဖန္ဟိမ္းအသင္းဆီကေန ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ဒီရာသီမွာ (၁၂) ပြဲကစားထားၿပီး အဲ့ဒီထဲက (၅) ပြဲပဲ ပြဲထြက္ကစားထားသူျဖစ္ပါတယ္။