လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ၂၅ ယောက်လူစာရင်းမှာ ဒဏ်ရာရနေတဲ့ ဗန်ဒိုက်ခ်နဲ့ ဂိုမက်ဇ် တို့ပြန်လည်ပါဝင်လာခဲ့


ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်တွေအတွက် လူစာရင်းပြန်လည်လျှောက်တင်တဲ့အချိန်မှာတော့ လီဗာပူးအသင်းရဲ့လူစာ ရင်းမှာ ဒဏ်ရာရနေတဲ့ ဗန်ဒိုက်ခ်နဲ့ ဂိုမက်ဇ်တို့ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ ဗန်ဒိုက်ခ်အနေနဲ့ ဒဏ်ရာကသက်သာလာ ပြီး တစ်ဦးတည်းလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပေမယ့် ဂိုမက်ဇ်ကတော့ ဒဏ်ရာကနေ ပြန် လည်သက်သာလာခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။


ဗန်ဒိုက်ခ်ဟာ အဲဗာတန်အသင်းနဲ့ကစားခဲ့တဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား ပစ်ဖို့ဒ်နဲ့ ထိခိုက်မိပြီး ကာလရှည်အနားယူရဖို့ ရှိနေတယ်လို့ သတင်းတွေကဖော်ပြခဲ့တာဖြစ်ပါတယ်။ ဂိုမက်ဇ်ကတော့ အင်္ဂလန်အသင်းနဲ့ အတူ လေ့ကျင့်ခန်းပြုလုပ်ရင်း ဒူးမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ရာသီကုန်အထိအနားယူရဖို့ ရှိနေတယ်ဆိုလို့ သတင်းတွေထွက်ခဲ့ တာပဲ ဖြစ်ပါတယ်။ ဗန်ဒိုက်ခ်၊ဂိုမက်ဇ်တို့အပြင် မာတစ်ပါ ဒဏ်ရာရသွားတာကြောင့် လီဗာပူးအသင်းဟာ ဘန်ဒေးဗီးစ်နဲ့ ကာ ဘတ်တို့လို နောက်ခံလူတွေကို ခေါ်ယူခဲ့ပါတယ်။


ဒဏ်ရာရနေတဲ့ နောက်ခံလူတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကိုတော့ ကလော့ပ်က “ အသင်းဆရာဝန်က ဗန်ဒိုက်ခ်အနေနဲ့ ဒီရာသီမှ ပြန်ကစားနိုင်မယ်လို့ ကျွန်တော်ကို မပြောခဲ့ပါဘူး။ သူအနေနဲ့ ဒီရာသီမှ ပြန်မကစား နိုင်ဘူးလို့လည်း ကျွန်တော်အ နေနဲ့ မပြောချင်ပါဘူး။ အချိန်တစ်ခုရနေသေးတာကြောင့် ဗန်ဒိုက်ခ်နဲ့ ဂိုမက်ဇ်တို့ကို ချန်ပီယံလိဂ်ကစားမယ်လူစာရင်းမှာ ထည့်သွင်းခဲ့တာပဲ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version