ပွဲ ၂၀ ဆက် ရှုံးပွဲမရှိပြီးနောက် ဒီထက်ကောင်းအောင် လုပ်နိုင်တယ်ဆိုပြီး အသင်းသားတွေကို ပြောခဲ့တဲ့ ဂွါဒီယိုလာ


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရပြီးချိန်မှာတော့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လက်ရှိမှာ အသင်းအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲ ၂၀ ဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်တယ်ဆိုပေမယ့် ဒီထက်ပို ကောင်းအောင် စွမ်းဆောင်နိုင်သေးတယ်ဆိုပြီး အသင်းသားတွေကို ပြောဆိုခဲ့တယ်လို့သိရပါတယ်။ မန်စီးတီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။


ဘန်လေကို အနိုင်ရတဲ့ပွဲဟာ မန်စီးတီးအတွက် ပြိုင်ပွဲစုံနောက်ဆုံး ၁၃ ပွဲဆက် အနိုင်ရတဲ့ပွဲဖြစ်တာကြောင့် ဂွါဒီယိုလာက “ ကျွန်တော်တို့အသင်းအနေနဲ့ ဒီထက်ကောင်းအောင် စွမ်းဆောင်နိုင်ပါသေးတယ်။ ဒီနေ့ပွဲမှာဆိုရင် ကျွန်တော်တို့ ဘောလုံး ဆုံးရှုံးခဲ့တာတွေ ရှိပေမယ့် အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် တော့ ကျွန်တော်အနေနဲ့ ကျေနပ်မှုရှိပါတယ်” လို့ ပြောခဲ့ပါတယ်။


လက်ရှိအချိန်မှာတော့ မန်စီးတီးဟာ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ဒုတိယနေရာက ယူနိုက်တက်ကို ၃ မှတ်ဖြတ် ထားနိုင်သလို လက်ကျန်တစ်ပွဲလည်း ကစားဖို့ကျန်ရှိနေတာကြောင့် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ လာ မယ့်တနင်္ဂနွေမှာ ကစားမယ့်လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ မန်စီးတီးအနေနဲ့ ချန်ပီယံဖြစ်ဖို့ အခွင့် အရေးများသွားပြီ ဖြစ်တယ်လို့လည်း သတင်းတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။

zawgyi version

ပြဲ ၂၀ ဆက္ ရႈံးပြဲမရွိၿပီးေနာက္ ဒီထက္ေကာင္းေအာင္ လုပ္ႏိုင္တယ္ဆိုၿပီး အသင္းသားေတြကို ေျပာခဲ့တဲ့ ဂြါဒီယိုလာ
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘန္ေလကို ႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရၿပီးခ်ိန္မွာေတာ့ မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက လက္ရွိမွာ အသင္းအေနနဲ႔ ေနာက္ဆံုးကစားခဲ့တဲ့ပြဲ ၂၀ ဆက္ ရႈံးပြဲမရွိေအာင္ ကစားထားႏိုင္တယ္ဆိုေပမယ့္ ဒီထက္ပို ေကာင္းေအာင္ စြမ္းေဆာင္ႏိုင္ေသးတယ္ဆိုၿပီး အသင္းသားေတြကို ေျပာဆိုခဲ့တယ္လို႔သိရပါတယ္။ မန္စီးတီးဟာ လာမယ့္ တနဂၤေႏြေန႔မွာ ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။
ဘန္ေလကို အႏိုင္ရတဲ့ပြဲဟာ မန္စီးတီးအတြက္ ၿပိဳင္ပြဲစံုေနာက္ဆံုး ၁၃ ပြဲဆက္ အႏိုင္ရတဲ့ပြဲျဖစ္တာေၾကာင့္ ဂြါဒီယိုလာက “ ကၽြန္ေတာ္တို႔အသင္းအေနနဲ႔ ဒီထက္ေကာင္းေအာင္ စြမ္းေဆာင္ႏိုင္ပါေသးတယ္။ ဒီေန႔ပြဲမွာဆိုရင္ ကၽြန္ေတာ္တို႔ ေဘာလံုး ဆံုးရႈံးခဲ့တာေတြ ရွိေပမယ့္ အေကာင္းဆံုးထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဒီပြဲရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး ေျပာရမယ္ဆိုရင္ ေတာ့ ကၽြန္ေတာ္အေနနဲ႔ ေက်နပ္မႈရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ မန္စီးတီးဟာ အမွတ္ေပးဇယားကို ဦးေဆာင္ထားၿပီး ဒုတိယေနရာက ယူႏိုက္တက္ကို ၃ မွတ္ျဖတ္ ထားႏိုင္သလို လက္က်န္တစ္ပြဲလည္း ကစားဖို႔က်န္ရွိေနတာေၾကာင့္ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနတာပဲ ျဖစ္ပါတယ္။ လာ မယ့္တနဂၤေႏြမွာ ကစားမယ့္လီဗာပူးအသင္းနဲ႔ ပြဲစဥ္မွာသာ အႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ မန္စီးတီးအေနနဲ႔ ခ်န္ပီယံျဖစ္ဖို႔ အခြင့္ အေရးမ်ားသြားၿပီ ျဖစ္တယ္လို႔လည္း သတင္းေတြက ေရးသားေဖာ္ျပခဲ့ၾကပါတယ္။