ချဲလ်ဆီးကို နည်းပြရတာမခက်သလို ကိုင်တွယ်တဲ့နည်းပြတိုင်းအနေနဲ့လည်း ချန်ပီယံဆု ရနိုင်တယ်လို့ ပြောခဲ့တဲ့ မော်ရင်ဟို


ချဲလ်ဆီးအသင်းကို နှစ်ကြိမ်တိုင် ကိုင်တွယ်ခဲ့ပြီး လက်ရှိမှာစပါးအသင်းနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ မော်ရင် ဟိုက ချဲလ်ဆီးလိုအသင်းမျိုးကို နည်းပြရတာ အခက်အခဲမရှိသလို ကိုင်တွယ်ခွင့်ရတဲ့ နည်းပြတွေအနေနဲ့လည်း ချန်ပီယံဆု ကို ရရှိအောင် စွမ်းဆောင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိချဲလ်ဆီးအသင်းနည်းပြ တူချယ်အနေနဲ့ သူရဲ့ပထမဆုံး လန် ဒန်ဒါဘီကို နည်းပြဟောင်း မော်ရင်ဟိုကိုင်တွယ်နေတဲ့ စပါးအသင်းနဲ့ ရင်ဆိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းကို နှစ်ကြိမ်တိုင်ကိုင်တွယ်ခဲ့ရာမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၃ ကြိမ်အထိ ရယူနိုင် ခဲ့သူလည်း ဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့တုန်းက ငွေကြေးများစွာ အကုန်အကျခံပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားခဲ့ပေမယ့် ရလဒ်မကောင်းမှုတွေကြောင့် နည်းပြဟောင်းလမ်းပတ်ကို ထုတ်ပယ်ခဲ့ပြီး အဓိကရည်မှန်းချက်ဖြစ် တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းနည်းပြဟောင်း တူချယ်ကို နည်းပြသစ်အဖြစ် အသင်းပိုင်ရှင် အေဘရာမိုဗစ်က ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။


မော်ရင်ဟိုက “ ချဲလ်ဆီးအသင်းကို ကိုင်တွယ်ခွင့်ရတဲ့နည်းပြတစ်ယောက်အနေနဲ့ ချန်ပီယံဆုရယူနိုင်ဖို့ ဆိုတာ မခက်ပါ ဘူး။ ကျွန်တော်ဆို သုံးကြိမ် ရခဲ့ပါတယ်။ အန်ဆယ်လော့တီနဲ့ ကွန်တီ တို့လည်း ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။ အကောင်း ဆုံးလိဂ်တစ်ခုမှာ ချန်ပီယံဆု ရရှိဖို့ဆိုတာ နည်းပြတစ်ယောက်အတွက် စိန်ခေါ်မှုတစ်ခုဆိုပေမယ့် ချဲလ်ဆီးနည်းပြတစ် ယောက်အတွက်တော့ မခက်ခဲတဲ့ကိစ္စရပ်တစ်ခုပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ခ်ဲလ္ဆီးကို နည္းျပရတာမခက္သလို ကိုင္တြယ္တဲ့နည္းျပတိုင္းအေနနဲ႔လည္း ခ်န္ပီယံဆု ရႏိုင္တယ္လို႔ ေျပာခဲ့တဲ့ ေမာ္ရင္ ဟို
ခ်ဲလ္ဆီးအသင္းကို ႏွစ္ႀကိမ္တိုင္ ကိုင္တြယ္ခဲ့ၿပီး လက္ရွိမွာစပါးအသင္းနည္းျပအျဖစ္ တာဝန္ယူေဆာင္ရြက္ေနတဲ့ ေမာ္ရင္ ဟိုက ခ်ဲလ္ဆီးလိုအသင္းမ်ိဳးကို နည္းျပရတာ အခက္အခဲမရွိသလို ကိုင္တြယ္ခြင့္ရတဲ့ နည္းျပေတြအေနနဲ႔လည္း ခ်န္ပီယံဆု ကို ရရွိေအာင္ စြမ္းေဆာင္ႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ လက္ရွိခ်ဲလ္ဆီးအသင္းနည္းျပ တူခ်ယ္အေနနဲ႔ သူရဲ႕ပထမဆံုး လန္ ဒန္ဒါဘီကို နည္းျပေဟာင္း ေမာ္ရင္ဟိုကိုင္တြယ္ေနတဲ့ စပါးအသင္းနဲ႔ ရင္ဆိုင္ကစားရမွာပဲ ျဖစ္ပါတယ္။
ေမာ္ရင္ဟိုဟာ ခ်ဲလ္ဆီးအသင္းကို ႏွစ္ႀကိမ္တိုင္ကိုင္တြယ္ခဲ့ရာမွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ၃ ႀကိမ္အထိ ရယူႏိုင္ ခဲ့သူလည္း ျဖစ္ပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေငြေၾကးမ်ားစြာ အကုန္အက်ခံၿပီး ကစားသမားေကာင္းေတြကို ေခၚယူထားခဲ့ေပမယ့္ ရလဒ္မေကာင္းမႈေတြေၾကာင့္ နည္းျပေဟာင္းလမ္းပတ္ကို ထုတ္ပယ္ခဲ့ၿပီး အဓိကရည္မွန္းခ်က္ျဖစ္ တဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူႏိုင္ဖို႔အတြက္ ပီအက္စ္ဂ်ီအသင္းနည္းျပေဟာင္း တူခ်ယ္ကို နည္းျပသစ္အျဖစ္ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္က ခန္႔အပ္ခဲ့တာပဲ ျဖစ္ပါတယ္။
ေမာ္ရင္ဟိုက “ ခ်ဲလ္ဆီးအသင္းကို ကိုင္တြယ္ခြင့္ရတဲ့နည္းျပတစ္ေယာက္အေနနဲ႔ ခ်န္ပီယံဆုရယူႏိုင္ဖို႔ ဆိုတာ မခက္ပါ ဘူး။ ကၽြန္ေတာ္ဆို သံုးႀကိမ္ ရခဲ့ပါတယ္။ အန္ဆယ္ေလာ့တီနဲ႔ ကြန္တီ တို႔လည္း ခ်န္ပီယံဆု ရယူႏိုင္ခဲ့ပါတယ္။ အေကာင္း ဆံုးလိဂ္တစ္ခုမွာ ခ်န္ပီယံဆု ရရွိဖို႔ဆိုတာ နည္းျပတစ္ေယာက္အတြက္ စိန္ေခၚမႈတစ္ခုဆိုေပမယ့္ ခ်ဲလ္ဆီးနည္းျပတစ္ ေယာက္အတြက္ေတာ့ မခက္ခဲတဲ့ကိစၥရပ္တစ္ခုပါ” လို႔ ေျပာခဲ့ပါတယ္။